ဒီပဲယင်း၊ စိုင်ပြင်ရဲစခန်း အတိုက်ခံရ
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် မြို့မှာရှိတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ရဲစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းသတင်းအရင်းမြစ်တွေထံက သိရပါတယ်။ ဒီကနေ့ မတ်လ ၅ ရက်နေ့ မနက် ၉ နာရီလောက်မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး နှစ်ဖက်ထိခိုက်သူရှိမရှိကိုတော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။ [ဆက်လက်ဖတ်ရှုရန်]