ဒေသအလိုက် သတင်းကဏ္ဍ

ဒီပဲယင်းမှာ PDF နဲ့တိုက်ပွဲအပြီး စစ်ကောင်စီတပ်မီးရှို့လို့ ဒေသခံသောင်းချီထွက်ပြေးရ

သြဂုတ် ၊ ၃ စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့နယ်၊မရကန်ရွာအနီးမှာပြည်သူ့ကာကွယ်ရေးတပ်(PDF)နဲ့တိုက်ပွဲအပြီး စစ်ကောင်စီတပ်က  သြဂုတ်လ ၂ရက် မနေ့ကညနေပိုင်းကနေဒီကနေ့မနက်အစောပိုင်းထိစစ်ကြောင်းထိုး မီးရှို့နေတာကြောင့် ဒေသခံသောင်းချီထွက်ပြေးနေရပါတယ်။ “ညနေ ၄နာရီလောက်ကစလို့ မရကန်ရွာကို လေးနေရာ ငါးနေရာခွဲပီး မီးရှို့တယ်။ လက်နက်ကြီးနဲ့လဲ တညနေလုံး အနီးဝန်းကျင်ကို ဆက်တိုက်ထုနေတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဒီပဲယင်းမှာ စစ်တပ်ကလူသားဒိုင်းအဖြစ်ဖမ်းသွားတဲ့ ဒေသခံဆယ်ဦးရဲ့အသက်အန္တာရာယ်ကို စိုးရိမ်နေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ထဲမှာ အခုဇန်နဝါရီ ပထမပတ်ထဲမှာစစ်ကောင်စီရဲ့ စစ်ကြောင်းထိုးမှုအတွင်း လူသားဒိုင်းအဖြစ်စစ်ကောင်စီကဖမ်းဆီးသွားတဲ့ ဒေသခံ ၁၀ ဦးဟာတပတ်ကျော်ကြာတဲ့အထိ ပြန်မလွတ်လာတဲ့အတွက် အသက်အန္တာရယ် စိုးရိမ်နေတဲ့အကြောင်း ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်နေ့ကစပြီး ဒီပဲယင်းမြို့နယ်ဆပ်ပြာကျင်း၊ ဝန်းရံ၊ ကုန်းရိုးရွာ၊ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဒီပဲယင်းတောင်ခြမ်းရွာတွေကို စစ်တပ်က အကြိမ်ကြိမ်စစ်ကြောင်းထိုးမီးရှို့နေ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းနဲ့အ နောက်ခြမ်းကျေးရွာတွေက နေအိမ်ထောင်ချီ မီးရှို့ထားတဲ့ စစ်တပ်ဟာ အခုလကုန်ပိုင်းအတွင်း မြို့တောင်ဘက်ခြမ်းရွာတွေကို စစ်ကြောင်းထိုးပြီး အကြိမ်ကြိမ် မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ စစ်ကောင်စီစစ်ကြောင်းဟာ စစ်ကြောင်းထိုး ဝင် ရောက်မီးရှို့ခဲ့ပြီးသားရွာတွေကို နောက်ထပ် စစ် ကြောင်းထိုးကာအရင်ကမီးမသင့်ခဲ့တဲ့အိမ်တွေကိုပါ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဒီပဲယင်းက ရွာသုံးရွာကို စစ်တပ်ကမီးထပ်ရှို့လို့ နေအိမ်ခုနစ်ရာကျော်မီးလောင်ပြီး ရုပ်အလောင်း တလောင်း တွေ့

ဒီပဲယင်းမြို့နယ် ကြည်ရွာ၊ ဘုရားထွက်ရွာနဲ့ မန်ကျည်းစောက်ကျေးရွာတွေကို စစ်ကောင်စီက ဒီဇင်ဘာ ၂၆ရက်နဲ့ ၂၇ ရက် နှစ်ရက်ဆက်တိုက် မီးရှို့ခဲ့တာကြောင့် နေအိမ်ခုနစ်ရာကျော် မီးသင့်ဆုံးရှုံးခဲ့သလို မီးလောင်ပြင်ထဲမှာ ရုပ်အလောင်းတလောင်းလည်း တွေ့ရတယ်လို့ ဒီပဲယင်း‌ ညီနောင်များအဖွဲ့ကပြောပါတယ်။ ကြည်ရွာနဲ့ ဘုရားထွက်ရွာတွေကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဒီပဲယင်းပျံကျ ကျေးရွာကို စစ်တပ်ကသုံးကြိမ်မီးရှို့လို့ တရွာလုံးနီးပါးပြာကျ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်(ပျံကျ) ကျေးရွာကို စစ်ကောင်စီတပ်တွေက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ရက်ကတကြိမ်မီးရှို့ခဲ့သလို ၂၃ရက်နဲ့ ၂၄ ရက်မှာလည်း မီးထပ်ရှို့ခဲ့တာကြောင့် တရွာလုံးနီးပါးအိမ်ခြေတွေပြာကျခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။   ” နှစ်ရက်ဆက်တိုက်ရှို့တာဗျ။ ရွာကလူတွေကတော့ တခြားရွာတွေမှာနေတဲ့သူတွေလည်းရှိသလို တချို့လည်းရွာကိုပြန်ဝင်ကြတယ်” လို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဒီပဲယင်းမှာ စစ်တပ်ကလက်နက်ကြီးနဲ့ပစ်လို့ ကလေးသုံးဦးထိခိုက်ဒဏ်ရာရပြီး တဦးစိုးရိမ်ရ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲက ကြည်ရွာမှာ ဒီကနေ့ ဒီဇင်ဘာ ၂၃ ရက်နေ့နေ့လယ်ပိုင်းက စစ်ကောင်စီတပ်တွေဘက်ကပစ်ခတ်တဲ့လက်နက်ကြီးကြောင့် ကလေးငယ် ၃ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး ကလေးတဦးကတော့ စိုးရိမ်ရတဲ့အခြေအနေဖြစ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီကနေ့ နေ့လယ်ပိုင်းက ပျံကျရွာကိုရောက်ရှိနေတဲ့စစ်ကောင်စီစစ်ကြောင်းဟာ အဲဒီရွာကမီးရှို့နေသလို ရွာထဲကနေ လက်နက်ကြီးနဲ့လှမ်းပစ်တာမှာ အခုလိုထိမှန်ခဲ့တာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဒီပဲယင်း အရှေ့ခြမ်းမှာ နေအိမ်နှစ်ထောင်နီးပါး မီးရှို့ခဲ့ပြီး ဆယ်ရက်အကြာ စစ်တပ်က မြို့တောင်ခြမ်းရွာတွေကို စစ်ကြောင်းထိုးနေပြန်

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အရှေ့ခြမ်း ကျေးရွာနှစ်ဆယ်ဝန်းကျင်က နေအိမ်နှစ်ထောင်နီးပါးကို စစ်ကြောင်း ထိုးမီးရှို့ခဲ့တာ တလမပြည့်ခင် အခုရက်ပိုင်းအတွင်း စစ်တပ်က ဒီပဲယင်းတောင်ခြမ်းရွာတွေဘက် စစ်ကြောင်းထိုးနေပြန်လို့ လူဦးရေ သုံးထောင်နီးပါး ထွက်ပြေးနေရတယ်လို့ အဲ့ဒီမြို့နယ် စစ်ရှောင်ထောက်ပံ့ရေး အဖွဲ့က ပြောပါတယ်။ ဒီပဲယင်းမြို့ပေါ်ကနေ ထွက်လာတဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဒီပဲယင်းကလာတဲ့ စစ်တပ်က ရေဦးမှာသုံးရက်အတွင်း ငါးရွာ မီးရှို့ခဲ့ပြီး ဆက်ရှို့နေ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲမှာ ဆယ်ရက်အတွင်း ရွာနှစ်ဆယ်ဝန်းကျင်ကို မီးရှို့ခဲ့တဲ့ စစ်ကောင်စီ စစ်ကြောင်း တွေဟာ နယ်မြေချင်းဆက်စပ်နေတဲ့ ရေဦးနယ်ထဲဝင်လာပြီးနောက် သုံးရက်အတွင်း ရွာခြောက်ရွာ မီးရှို့ခဲ့ကာ ဆက်လက်မီးရှို့ဖျက်ဆီးနေဆဲဖြစ်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီကသိရပါတယ်။   ဒီပဲယင်းအရှေ့ခြမ်းရွာတွေကို စစ်ကြောင်းထိုးမီးရှို့ခဲ့တဲ့ စစ်ကြောင်းနှစ်ခုဟာ ဒီဇင်ဘာ(၁၀)ရက်ကစပြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဒီပဲယင်းမှာ ဆယ်ရက်အတွင်း ရွာနှစ်ဆယ်ဝန်းကျင်က နေအိမ်နဲ့အဆောက်အအုံ တထောင့်ခြောက်ရာကျော် မီးရှို့ခံရပြီး ပြည်သူသုံးသောင်းခွဲကျော် ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အရှေ့ခြမ်း ကျေးရွာနှစ်ဆယ်ဝန်းကျင်က ဘာသာရေး အဆောက် အအုံနဲ့ နေအိမ်တွေအပါအဝင် စုစုပေါင်း အဆောက်အုံ (၁၆၀၀) ကျော်ကို စစ်တပ်က ဆယ်ရက်အတွင်း မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံ သုံးသောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ အဲ့ဒီမြို့နယ်က စစ်ဘေးရှောင် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဒီပဲယင်းမှာ လေးရက်အတွင်း ရွာ ၆ ရွာဆက်တိုက်မီးရှို့ခံရပြီး စစ်ရှောင်ပြည်သူသောင်းချီရှိလာ

  စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲမှာ ဒီဇင်ဘာ ၁ ရက်နေ့ကနေ ဒီကနေ့ ဒီဇင်ဘာ ၄ ရက်အထိ ရွာပေါင်း ၆ရွာကို စစ်တပ်ကဆက်တိုက်မီးရှို့ဖျက်ဆီးခဲ့တာကြောင့် သောင်းနဲ့ချီတဲ့ ဒေသခံတွေ ဘေးလွတ်ရာပြေးနေကြရတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။   [ဆက်လက်ဖတ်ရှုရန်]