နိုင်ငံရေး

ဆားလင်းကြီးနယ်က ဗိုလ်ချုပ်မွေးနေ့ တော်လှန်သံချပ်

ဒီကနေ့ ကျရောက်တဲ့ (၁၀၈)နှစ်မြောက် ဗိုလ်ချုပ်မွေးနေ့အထိမ်းအမှတ်အဖြစ် စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့ နယ်အတွင်းမှာ ဗိုလ်ချုပ်မွေးနေ့အထိမ်းအမှတ် ဂုဏ်ပြုသံချပ်နဲ့ စစ်အာဏာာရှင်ဆန့်ကျင်ရေးသပိတ်ပြုလုပ်ခဲ့ တယ်လို့သိရပါတယ်။ အဲ့ဒီသံချပ်နဲ့သပိတ် လှုပ်ရှားမှုကို မုံရွာတက္ကသိုလ်ကျောင်းသားများ သမဂ္ဂနဲ့လက်ပံတောင်းတောင်ပင် မသပိတ် တို့ပူးပေါင်းပြုလုပ်ခဲ့ကြတာဖြစ်ပြီး ဆားလင်းကြီးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေက ကူညီစီစဉ်လုံခြုံရေးယူပေးခဲ့ကြတယ်လို့ သိရပါတယ်။

နိုင်ငံရေး

ဆားလင်းကြီး ၊ ပုလဲနယ် အစပ်မှာတိုက်ပွဲဖြစ်ပွား PDFရဲဘော်ခြောက်ဦးနဲ့ပကဖအဖွဲ့ဝင် တဦးကျဆုံး

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် နဲ့ ပုလဲမြို့နယ် အစပ်မှာ ဒီကနေ့ ဖေဖော်ဝါရီ၁၂ရက်မနက် ၁၁နာရီက စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ပုလဲမြို့နယ်အခြေစိုက် ဒေါင်းနက်ပြောက်ကြားတပ်ဖွဲ့ ၊ ရေစကြိုတော်လှန်ရေးတပ်ဖွဲ့ ၊ ဆားလင်းကြီးတော်လှန်ရေးတပ်ဖွဲ့ ၊ M7တပ်ဖွဲ့ ၊ပုလဲပကဖတပ်ဖွဲ့၊ ယင်းမာပင်ခရိုင်တပ်ရင်း [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တိုက်ပွဲတွေကြားက လူထုသပိတ်စစ်ကြောင်းများ

အာဏာသိမ်းစစ်ကောင်စီကို လက်နက်စွဲကိုင် တော်လှန်တိုက်ခိုက်မှုတွေ နိုင်ငံတဝှမ်းမှာ မြင့်တက်နေသလို တချိန်တည်းမှာပဲ အာဏာသိမ်းမှုကို လက်မခံဆန့်ကျင်ကြောင်း ထုတ်ဖော်ပြသတဲ့ လူထုသပိတ်လှုပ်ရှားမှုတွေလည်း နိုင်ငံအနှံ့မှာ ဆက်ရှိနေပါတယ်။ လက်ရှိအချိန်အထိ အဆက်မပြတ် သပိတ်စစ်ကြောင်း လှုပ်ရှားမှုရှိနေတဲ့ ဒေသတွေထဲက အများစုဟာ စစ်ကိုင်းတိုင်းက ဖြစ်ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဆားလင်းကြီးမှာ “လူထုတိုက်ပွဲအရှိန်မြှင့်ကြဘုံရန်သူကိုချေမှုန်းကြ”စာသားကိုင်ဆောင်သပိတ်မှောက်

ဒီနေ့ ဇွန်လ ၁၆ ရက်နေ့ ဆားလင်းကြီးမြို့ပေါ်မှာ လူထုတိုက်ပွဲအရှိန်မြှင့်ကြဘုံရန်သူကိုချေမှုန်းကြ”စာသား ကိုင်ဆောင်ပြီး အကြမ်းဖက်စစ်အုပ်စု ဖြုတ်ချရေး ချီတက် သပိတ်မှောက်ခဲ့ကြပါတယ်။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ ဆားလင်းကြီး ရွာပေါင်းစုံသပိတ် ဦးဆောင် သူတွေနဲ့ ဆားလင်းကြီးမြို့နယ်အတွင်းမှ စျေးသူစျေးသားတွေ စု [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဆားလင်းကြီးမြို့ပေါ်က စစ်အုပ်စုပစ်မှတ် လက်နက်ကြီးနဲ့ အချက်၁၀၀ကျော် PDFတပ်ပေါင်းစုတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်က စစ်အုပ်စုပစ်မှတ်တွေကို PDF တပ်ပေါင်းစုက လက်နက်ကြီးနဲ့အချက်၁၂၀ကျော် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ဗိုလ်အဆင့်၂ဦးအပါအဝင် ၅ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ ဆားလင်းကြီးမြို့ရဲစခန်း၊ ကြံ့ဖွံ့ရုံးနဲ့ လုံခြုံရေးဘန်ကာတွေအပါအဝင် မြို့ပေါ် စစ်တပ်၊တပ်စွဲထားတဲ့နေရာများကို PDFတပ်ပေါင်းစုက ဇွန်၅ရက်နေ့ည၁၀နာရီ ၁၅မိနစ်လောက်က စတင် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဆားလင်းကြီး၊ ဝါးတန်းရွာကို စစ်တပ် မီးရှို့နေ

စစ်ကိုင်တိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဝါးတန်းကျေးရွာကို ဒီနေ့မနက် ၈ နာရီကျော်လောက်မှာ အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဆားလင်းကြီးမြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။ အကြမ်းဖက်စစ်အင်အား ၁၀၀ ကျော်လောက်နဲ့ မီးရှို့နေခြင်းဖြစ်ပြီး အိမ်ခြေဘယ်လောက် မီးလောင်ကျွမ်းခဲ့သလဲဆိုတာကို မသိရသေးပါဘူး။ မေလ ၂၅ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကြေးနီစီမံကိန်းလုံခြုံရေးယူဖို့ရောက်လာတဲ့စစ်တပ်ကြောင့် ရွာ၁၂ရွာကပြည်သူတွေ ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို လုံခြုံရေးယူဖို့ အကြမ်းဖက်စစ်သား၁၀၀လောက် ရောက်ရှိလာတာကြောင့် အနီးဝန်းကျင်ရှိရွာ၁၂ရွာကပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ ကြေးနီစီမံကိန်းလုံခြုံရေးအတွက် ဆားလင်းကြီးမြို့နယ်၊ဝါးတန်းရွာကို မနေ့က ရောက်ရှိလာပြီး အိမ်မွေးတိရစ္ဆာန်တွေကို သတ်ဖြတ်စား သောက်ကာ ပြည်သူတွေရဲ့အိမ်တွေကို ဖောက်ထွင်းမွှေနှောက်ခိုးယူခြင်းတွေပြုလုပ်နေကြောင်း ချင်းတွင်းရိုးမမဟာမိတ်တပ်ပေါင်းစုက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဆားလင်းကြီးမှာ စစ်ကားတစ်စီး မိုင်းထိ

ဒီနေ့မနက်၅နာရီလောက်မှာ စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်ထဲဝင်လာတဲ့ အကြမ်းဖက်စစ်ကားတစ်စီး မိုင်းဆွဲခံရပြီး ပျက်စီးသွားခဲ့ပါတယ်။ ဒီနေ့မနက်ပိုင်းမှာ မုံရွာမြို့ကွန်ပျူတာကျောင်းကနေ ထွက်လာတဲ့စစ်ကားကြီး၃စီးဟာ ဆားလင်းကြီးမြို့နယ် စမ္မာယ်အိမ်ယာအနီးအရောက် ချင်းတွင်းရိုးမနဲ့ မဟာမိတ်တပ်ဖွဲ့တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကား တစ်စီးတည့်တည့်မိုင်းထိမှန်ခဲ့ကာ သေဆုံးထိခိုက်အခြေအနေကို မသိရသေးဘူးလို့ ချင်းတွင်းရိုးမမဟာမိတ် တပ်ပေါင်းစုကထုတ်ပြန်ပါတယ်။ ‘မနက်စောစောစီးစီးဆိုတော့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကျားတက်ရွာက လူမနေတဲ့အိမ်တွေကို အကြမ်းဖက်စစ်တပ် ဖောက်ထွင်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲက ကျားတက်ရွာကို မီးရှို့ဖျက်ဆီးမယ်လို့ စစ်တပ်ကခြိမ်းခြောက်နေသ လို လူမနေတဲ့အိမ်တွေက ပစ္စည်းတွေကို ဖောက်ထွင်းယူဆောင်နေကြောင်းသိရပါတယ်။ ဧပြီ ၂၈ ရက်နေ့က ကျားတက်ရဲစခန်း တိုက်ခိုက်ခံရပြီးနောက် နောက်ထပ်စစ်သားအင်အား ၃၀ ကျော်ထပ်မံ‌ ရောက်ရှိလာကာ ရဲစခန်းနဲ့ကပ်လျက် ကျားတက်အထကကျောင်းမှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဆားလင်းကြီး၊ ကျားတက်ရဲစခန်းကို ဒေသခံ PDF တွေပူးပေါင်းပြီး အင်အားအသာနဲ့ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် အတွင်းရှိ ကျားတက်ရဲစခန်းကို ဒေသခံ PDF တွေက အင်အားအသာနဲ့ တိုက်ခိုက်နေတယ်လို့ သိရပါတယ်။ ဒီနေ့မွန်းလွဲ ၁ နာရီကျော်ကစပြီး ကျားတက်ရွာရှိ ကျားတက်ရဲစခန်းကို ဆားလင်းကြီး၊ ပုလဲနဲ့မြိုင် PDF စုစုပေါင်း ၅ [ဆက်လက်ဖတ်ရှုရန်]