နိုင်ငံရေး

ခင်ဦးမှာ စစ်ကြောင်းနှစ်ကြောင်း ပစ်ခတ်ဝင်ရောက်နေလို့ ဒေသခံ ၈၀၀၀ ကျော် ထွက်ပြေးနေရပြန်

သြဂုတ်၊ ၉   စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် အတွင်းမှာ စစ်ကောင်စီ ခြေလျင်စစ်ကြောင်း နှစ်ကြောင်းက ဒီကနေ့ သြဂုတ် ၉ ရက် မနက်ပိုင်းမှာ ပစ်ခတ်ဝင်ရောက်လာတာကြောင့် ခင်ဦး ရွာသန်းရွာ နဲ့ အနီးအနားက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရေဦးနယ်မှာ စစ်ကောင်စီ စစ်ကြောင်းထိုးလို့ ဒေသခံ ရှစ်ထောင်ကျော် စစ်ဘေးရှောင်နေရ

သြဂုတ်၊ ၆   စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်၊ တင်းတိမ်ရံရွာကို စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ ပစ်ခတ်ပြီး စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ဒေသခံ ရှစ်ထောင်ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။   [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရေဖြူမှာ လူသားဒိုင်းအဖြစ် အဖမ်းခံထားရသူ လေးဆယ်ကျော်ထဲက နှစ်ဦးကို ဆက်ဖမ်းထား

သြဂုတ်၊ ၁   တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ဇာဒီကျေးရွာအုပ်စု ထဲကနေ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လူသားဒိုင်းအနေနဲ့ ဖမ်းဆီးသွားတဲ့ ဒေသခံ လေးဆယ်ကျော်ထဲက အများစု ပြန်လွတ်လာပြီး ဇူလိုင်လ ၃၁ ရက်မှာ နေအိမ်ပြန်လည်ရောက်ရှိလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဘုတလင်မှာ စစ်ကောင်စီသတင်းပေးတွေကြောင့် ဗကသအဖွဲ့ဝင်သုံးဦးအပါအဝင် ရှစ်ဦး သေဆုံး

ဇူလိုင်၊ ၃၀   စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ညောင်ကန်ရွာမှာ စစ်ကောင်စီသတင်းပေးတွေကြောင့် ဇူလိုင်လ၂၈ ရက်မှာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ရုံးခန်း စီးနင်းခံရပြီး ဗကသ ကျောင်းသား သုံးဦးအပါအဝင် ရှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ခင်ဦးမှာ လက်နက်ကြီးနဲ့ပစ်လို့ ကလေးတဦးအပါအဝင် သုံးဦးဒဏ်ရာရ၊ ဒေသခံငါးထောင်ကျော် စစ်ရှောင်ရပြန်

ဇူလိုင်၊ ၂၃   စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်တာကြောင့် ‌ရွှေယမင်းရွာက ကလေးတဦး အပါအဝင် သုံးဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ဒေသခံ ငါးထောင်ကျော် တိမ်းရှောင်နေရတယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ယင်းမာပင်၊ စုန်းချောင်းရွာမှာ အရပ်သား ဆယ့်တဦးနဲ့ PDF သုံးဦး သတ်ဖြတ်ခံရ

ဇူလိုင်၊ ၂၁   စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် စုန်းချောင်းရွာကို စစ်အုပ်စုက ဒီကနေ့ မနက်အစောပိုင်းမှာ ရုတ်တရတ်ဝင်ရောက်စီးနင်းခဲ့ပြီးနောက် ရွာခံအရပ်သား ၁၁ ဦးနဲ့ ကာကွယ်ရေးအဖွဲ့ဝင် သုံးဦးကို သတ်ဖြတ်သွားတယ်လို့ အမည်မဖော်လိုတဲ့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက DNA ကိုပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ခင်ဦးနယ်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်လို့ အရပ်သားတဦးသေဆုံးပြီး တဦးဒဏ်ရာရ

ဇူလိုင်၊ ၁၆   စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေက ဇူလိုင်လ ၁၆ ရက် ဒီကနေ့ နေ့လယ်က စစ်ဘေးရှောင်တွေရှိနေတဲ့ စာသင်ကျောင်းထဲကို လက်နက်ကြီးနဲ့ ပတ်ခတ်ခဲ့တာကြောင့် အသက်ငါးဆယ်အရွယ် အမျိုးသားတဦး သေဆုံးပြီး တဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဝက်လက်မြို့ ကျေးရွာနှစ်ရွာက အိမ်ခြေနှစ်ရာနီးပါးမီးရှို့ ခံရပြီး အငြိမ်းစား ကျောင်းဆရာတဦး သေဆုံး

ဇူလိုင်၊ ၁၄   စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တောင်ဘက်ရှိ သုံးဆင့်ကန်ရွာ နဲ့ ပေါက်ကန်ရွာ ကို စစ်ကောင်စီတပ်က မီးရှို့ပြီး သုံးဆင့်ကန်ရွာမှ အမျိုးသားတဦးကို မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ Wetlet Information Network တာဝန်ရှိသူတဦးက ဆိုပါတယ်။   [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အရာတော်မှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးမီးရှို့လို့ ဒေသခံတသောင်းနီးပါး ထွက်ပြေးနေရ

ဇူလိုင်၊ ၁၁   စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် တောင်ဘက်က ကျေးရွာသုံးရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ဇူလိုင်လ ၁၁ ရက် ဒီကနေ့မနက်မှာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတာကြောင့် အရပ်သားတသောင်းနီးပါး နေအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေထံမှ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဝက်လက်မှာ စစ်တပ်နယ်မြေရှင်းလင်းရေးကြောင့် ဒေသခံနှစ်ထောင်နီးပါး မိုးထဲရေထဲ ထွက်ပြေးနေရ

ဇူလိုင်၊ ၁၁   စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အနောက်ဘက်ခြမ်းရှိ ကျေးရွာတွေကို စစ်တပ်နယ်မြေရှင်းလင်းရေး အတွက် စစ်ကြောင်းထိုး နေတဲ့အတွက် အနီးနားက ကျေးရွာတွေရှိ ဒေသခံ နှစ်ထောင်နီးပါးလောက်ဟာ မိုးရွာထဲ ထွက်ပြေးနေရတယ်လို့ စစ်ရှောင်ကူညီစောင့်ရှောက်နေသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]