နိုင်ငံရေး

KNU တပ်မဟာ(၅)နယ်မြေထဲ စစ်တပ်က လေယာဉ်နဲ့ဗုံးကျဲလို့ စာသင်ကျောင်းနဲ့နေအိမ်တွေပျက်စီး

စစ်ကောင်စီက ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၅) နယ်မြေအတွင်း နှစ်ရက်ဆက် လေကြောင်းက ဗုံးကျဲတိုက်ခိုက်လို့ စာသင်ကျောင်းတကျောင်းနဲ့ လူနေအိမ် (၁၂)လုံး ထိခိုက်ပျက် စီးသွားတယ်လို့ KNU ဗဟိုက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီက တပ်မဟာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဆိပ်ဖြူမှာ PDF စခန်းကို စီးနင်းပြီး ရွာတွေကိုစစ်ကြောင်းထိုးတာကြောင့် ဒေသခံ နှစ်သောင်းကျော်ထွက်ပြေးနေရ

မကွေးတိုင်း ၊ဆိတ်ဖြူမြို့နယ် မြောက်ပိုင်းက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်ကစပြီး စစ်ကြောင်းထိုးဝင်ရောက်လာပြီး ကာကွယ်ရေးတပ်စခန်းတွေကို စီးနင်းခဲ့သလို ကျေးရွာတွေကိုပါ ပစ်ခတ်ခဲ့တာကြောင့် သောင်းနဲ့ချီတဲ့ ဒေသခံတွေဟာ ဒီကနေ့အထိ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ ဖေဖော်ဝါရီ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တိုက်ပွဲကာလမှာ နှုတ်ထွက်ခဲ့တဲ့ ရခိုင်က အုပ်ချုပ်ရေးမှူးတွေ စစ်ကောင်စီလက်အောက်တာဝန်ပြန်ထမ်းနေ

ရခိုင့်တပ်တော် AA နဲ့ စစ်ကောင်စီတို့ နှစ်ဘက် တိုက်ပွဲပြင်းထန်ခဲ့တဲ့ကာလအတွင်း ရာထူးကနှုတ်ထွက်ခဲ့ကြတဲ့ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင်မြို့နယ်တွေက ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးတွေဟာ AA ရဲ့ တိုက်တွန်းချက်ကြောင့် စစ်ကောင်စီလက်အောက်မှာ ပြန်လည်တာဝန်ထမ်းနေကြပြီဖြစ်တယ်လို့ ပြောကြပါတယ်။  ရခိုင့်တပ်တော်(AA)နဲ့ စစ်ကောင်စီတပ်တို့ကြား ကြားညှပ်တာ၊ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရေတာရှည်တိုက်ပွဲအတွင်း လက်နက်ကြီးထိမှန်လို့ ကလေးတဦးသေဆုံး၊နှစ်ဦးဒဏ်ရာရ

ပဲခူးတိုင်း ရေတာရှည်မြို့နယ်ဒိုးတန်းနဲ့ ပင့်သီလာကျေးရွာကြားမှာ ဖေဖော်ဝါရီလ ၁၄ ရက်က ဒေသကာကွယ် ရေးတပ်နဲ့ စစ်အုပ်စုတိုက်ပွဲဖြစ်ရာက စစ်တပ်က ပစ်ခတ်တဲ့လက်နက်ကြီးကျည်ထိမှန်လို့ လေးနှစ်အရွယ်ကလေး တ ဦးသေဆုံးပြီးသုံးဦးပြင်းထန်ဒဏ်ရာတွေရခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။  ရေတာရှည်မြို့နယ်၊ ဒိုးတန်းကျေးရွာအုပ်စု၊ ‌ဒိုးတန်းနဲ့ ပင့်သီလာကျေးရွာကြားက စစ်တောင်းမြစ်ကူး [ဆက်လက်ဖတ်ရှုရန်]

No Picture
နိုင်ငံရေး

အာဏာသိမ်းပြီး နှစ်နှစ်ကျော်အတွင်း ရေဦးက အိမ်ပေါင်း သုံးထောင်ကျော် မီးရှို့ခံခဲ့ရ

ဖေဖော်ဝါရီ ၊ ၁၆ စစ်တပ်ကအာဏာသိမ်းပြီး၂၀၂၁ ကစလို့ အခုနှစ် အစပိုင်းအထိ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ထဲက ရွာပေါင်း ၅၀ ကအိမ်ခြေပေါင်း ၃၁၇၁ အိမ် ကိုစစ်ကောင်စီတပ်တွေရဲ့ မီးရှိူ့မှုကြောင့် ပျက်စီးဆုံးရှူံးခဲ့ရပြီလို့ ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။ အဲဒီကျေးရွာ ၅၀မှာအိမ်ခြေပေါင်း [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပုလဲနယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်က ပြည်သူပိုင်ပစ္စည်းတွေကိုလှည်းအစီး ရေဆယ်ချီ အသုံးပြု သိမ်းယူနေ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တောင်ခြမ်းကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီး တွေဟာ ဒီကနေ့မနက်ပိုင်းမှာ ကိုင်းတွင်းရွာနဲ့ မင်းတိုင်ပင်ရွာတွေက ပြည်သူပိုင်ပစ္စည်းတွေကို လှည်းအစီး နှစ်ဆယ်ဝန်းကျင်နဲ့ တိုက်ယူသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေကပြောပါတယ်။ ပုလဲမြို့နယ်အတွင်း စစ်အုပ်စုက စစ်ကြောင်းထိုးနေလို့လို့ ကျေးရွာ (၁၄) ရွာက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဝေါမြို့နယ်က စစ်တောင်းမြစ်ကမ်းနံဘေးရှိအိမ်ထောင်စု သုံးဆယ်ခန့်ကို စစ်တပ်ကအတင်းအကျပ်ဖယ်ရှားခိုင်း

ဖေဖော်ဝါရီ ၁၆   ပဲခူးတိုင်း ၊ဝေါမြို့နယ် ၊ကျွန်းရွှေဝါသောင်ကျေးရွာက စစ်တောင်းမြစ်ကမ်းနံဘေးရှိ အိမ်ထောင်စု ၂၇ စုကို ယခုဖေဖော်ဝါရီလကုန်အပြီး ဖယ်ရှားဖို့ စစ်တပ်က အတင်းအကျပ်ညွှန်ကြားထားတယ်လို့ ဒေသခံတွေကပြောပါတယ်။ အဆိုပါ ကျွန်းရွှေဝါသောင်ကျေးရွာဟာ စစ်တောင်းမြစ်လက်တက်ဆုံရာ ဒေသဖြစ်တဲ့အပြင် မွန်ပြည်နယ် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပုလောမှာ စစ်ကြောင်းထိုးလို့ဒေသခံ တသောင်းကျော် တိမ်းရှောင်၊ တိုက်ပွဲအချိန်မရွေးဖြစ်နိုင်တယ်လို့ PDF သတိပေး

ဖေဖော်ဝါရီ၊ (၁၆) တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်မှာ ကဒဲကျေးရွာထဲကို အင်းအာ ၂၀၀ ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ စစ်ကြောင်းထိုး ဝင်ရောက်တပ်စွဲနေတာကြောင့် ကျေးရွာ ၅ ရွာက အရပ်သားတစ်သောင်းကျော်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။ စစ်ကောင်စီဟာ အခုလဆန်းက ပုလောမြို့နယ်အပါအဝင် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဋိပက္ခတွေကြား နေရပ်စွန့်ခွာပြေးရသူတွေအတွက် ဒေါ်လာသန်းငါးဆယ် ကိုထပ်ပြီးထောက်ပံ့မယ်လို့ အမေရိကန်ပြည်ထောင်စုထုတ်ပြန်

လက်ရှိနိုင်ငံတဝန်းမငြိမ်မသက်မှုတွေကြား မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာထွက်ပြေးရသူတွေနဲ့  လက်နက်ကိုင်ပဋိပက္ခတွေကြားလိုအပ်နေတဲ့ မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာအကူအညီ ဒေါ်လာသန်း ၅၀ အသစ်ထပ်မံထောက်ပံ့သွားမယ်လို့  ဒီကနေ့ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စုကထုတ်ပြန်လာပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂက လတ်တလောထုတ်ပြန်ခဲ့တဲ့ လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်တွေကို သုံးသပ်မှုအရ မြန်မာနိုင်ငံက လူဦးရေ ၁၇ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

နောင်ချိုမှာ PDF နဲ့ စစ်ကောင်စီ စစ်ရေးဆက်လက်တင်းမာနေ၊ဒေသခံတချို့ နေရပ်မပြန်နိုင်သေး

ရှမ်းပြည်နယ် နောင်ချိုမြို့အတွင်းက လုံခံရွာအနီးမှာ ပြည်သူကာကွယ်ရေး တပ်မတော် (မန္တလေး) နဲ့ စစ်ကောင်စီတပ်တွေကြား စစ်ရေးဆက်လက်တင်းမာနေဆဲဖြစ်ပြီး စစ်ရှောင်နေရတဲ့ ဒေသခံ တချို့လည်း နေရပ်မပြန်ရဲ ဖြစ် နေသေးတယ်လို့ ဒေသခံတွေကပြောပါတယ်။ MDYPDF နဲ့ စစ်အုပ်စုတို့ လုံခံရွာအနီးမှာအခုလဖေဖော်ဝါရီလ [ဆက်လက်ဖတ်ရှုရန်]