နိုင်ငံရေး

မီဒီယာတွေနဲ့ ပုံနှိပ်၊ ထုတ်ဝေသူတွေကို အရေးယူနိုင်မယ့် နည်းလမ်းထပ်တိုးထားတဲ့ဥပဒေ စစ်ကောင်စီထုတ်ပြန်

မတ်၊ ၈ ပုံနှိပ်၊ ထုတ်ဝေမှုတွေနဲ့ပတ်သက်လို့ အရေးယူနိုင်တဲ့နည်းလမ်းတွေထပ်တိုးထားတဲ့ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း လုပ်ငန်းဥပဒေကို ပြင်ဆင်တဲ့ ဥပဒေ ကိုစစ်ကောင်စီက မတ်လ ၇ရက်မှာ ထုတ်ပြန်ပါတယ်။  ပြည်ထောင်စုလွှတ်တော်က (၂၀၁၄)ခုနှစ်မှာ အတည်ပြုခဲ့တဲ့ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းဥပဒေကို စစ်ကောင်စီက ပြင်ဆင်ပြဌာန်းလိုက်တာဖြစ်ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မောင်တောမှာ နယ်ခြားစောင့်တပ်ဖွဲ့ဝင် လေးဦး လက်နက်နဲ့ထွက်ပြေးလို့ စစ်တပ်က အပူတပြင်းလိုက်ရှာနေ

မတ်၊ ၇ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း မြင်းလွှတ်နယ်ခြားစောင့်စခန်းက သင်တန်းဆင်းကာစ တပ်ဖွဲ့ဝင် လေးဦးဟာ လက်နက်တွေနဲ့ ထွက်ပြေးသွားလို့စစ်တပ်က အပူတပြင်းလိုက်ရှာနေတယ်လို့ မောင်တောမြို့ နယ်အတွင်းက နယ်ခြားစောင့်ရဲနဲ့ နီးစပ်သူတွေက ပြောကြပါတယ်။ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ဝင်လေးဦးဟာ မနေ့က မတ်လ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ထီးလင်းနယ် ထလင်းရွာကို စစ်ကောင်စီတပ်က စီးနင်းပြီး ရိက္ခာတွေလုယူ၊ နေအိမ်တချို့မီးရှို့

မတ်၊ ၇ မကွေးတိုင်းဒေသကြီး၊ ယောဒေသ ထီးလင်းမြို့နယ်၊ ထလင်းရွာကို ဒီကနေ့ မတ်လ ၇ ရက် မနက် ၆ နာရီဝန်းကျင်မှာ အင်အားလေးဆယ်ကျော်ပါ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ပြီး ရိက္ခာတွေ လုယက်ယူဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

KBC ဥက္ကဌဟောင်းကို စစ်ကောင်စီ တရားရုံးက ပုဒ်မ နှစ်ခုအတွက် စတင်စစ်ဆေး

မတ်၊ ၇ ကချင်ဘာသာရေးခေါင်းဆောင်တဦးဖြစ်တဲ့ ကချင်နှစ်ခြင်း ခရစ္စယာန်အဖွဲ့ချုပ် (KBC)ဥက္ကဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီ တရားရုံးက စွဲချက်တင်ထားတဲ့ မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇ (၁) ၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅ -ကအမှုတွေကို ဒီကနေ့ မြစ်ကြီးနားတရားရုံးမှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ခင်ဦးမြို့နယ်မှာစစ်ရှောင်ရင်းအသက်ကိုးဆယ်အရွယ်အဖွားတဦးအအေးမိပြီးကွယ်လွန်

မတ်၊ ၇ စစ်အုပ်ချုပ်ရေးကြေငြာထားတဲ့ခင်ဦးမြို့နယ်မှာ စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးနေတာကြောင့်စစ်ရှောင်ရင်းအသက်၉၀အရွယ်အဖွားအိုတဦးအအေးမိပြီးဒီကနေ မတ်လ ၇ရက်၊ မနက်မှာကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။ “သေဆုံးသူကသရက်ကုန်းကျေးရွာက  အသက်၉၁နှစ်ဒေါ်ခင်တုပ် တဲ့။ဒီမနက်ပိုင်းကစစ်‌ရှောင်ရင်းတောထဲမှာအအေးပတ်ပြီးဆုံးတာ”လို့ခင်ဦးသတင်းမှန်ပြန်ကြားရေးက ကိုသာစစ်လင်းက DNAကိုပြောပါတယ် ။ ကွယ်လွန်သူနဲ့ပတ်သက်တဲ့မိသားစုအကြောင်းအရာကိုတော့ မသိရသေးဘူးလို့လည်းပြောပါတယ်။ မနေ့ကစစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးဝင်ရောက်ခဲ့တာကြောင့် ဒေသခံပြည်သူတသောင်းကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့သိရပါတယ်။  “စစ်ရှောင်တွေထဲမှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ဝင်တွေက မြေနဲ့အိမ်နဲ့လက်ဝယ်ပိုင်ဆိုင်သူတွေကို ခြိမ်းခြောက်ငွေညှစ်မှုတွေ လုပ်နေ

မတ်၊ ၆ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်မှာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တချို့က မြေနဲ့အိမ်ပိုင်ဆိုင်မှုမိတ္တူ စာရွက်တွေနဲ့ အမှန်တကယ်ဝယ်ယူ၊ပိုင်ဆိုင်ထားသူတွေအပါ် အဓမ္မလိမ်လည်ခြိမ်းခြောက်တာတွေလုပ်နေတယ်လို့ ကိုယ်တိုင် ကြုံတွေ့ခဲ့သူတွေက DNAကိုပြောပါတယ်။  “ကျွန်တော်တို့အမေက သူ့ယောက်ခမဆီကနေ အမွေပါအပြီးဆိုပြီး အိမ်ကိုဝယ်ခဲ့တယ်၊ ဝယ်ထားတာ လည်း ကြာပြီ၊အခုအိမ်ပြန်ရောင်းမယ်လည်းဆိုရော သူတို့(အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ)ဆီမှာ အိမ်ဂရံမိတ္တူကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဒေသခံတွေ အစုလိုက်အပြုံလိုက် အသတ်ခံခဲ့ရတဲ့ တာတိုင်ကျေးရွာ

” ကျွန်တော်တို့မိသားစုလို အဖြစ်တွေ ထပ်မဖြစ်အောင် နိုင်ငံတကာက ကူညီကြပါလို့ တောင်းဆိုချင်ပါတယ် ” – ကိုနိုင်သူအောင် (မိသားစုဝင်လေးယောက်အသတ်ခံခဲ့ရသူ) မတ်၊ ၆ ဒေသခံတွေ အစုလိုက်အပြုံလိုက် အသတ်ခံခဲ့ရတဲ့ တာတိုင်ကျေးရွာ တာတိုင်ရွာမှာ ဒေသခံတွေ အစုလိုက်အပြုံလိုက် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကလေးမြို့မှာ စစ်တပ်လက်ချက်နဲ့ ကြံ့ခိုင် ရေးပါတီဝင်တဦး သေဆုံး

မတ်၊ ၆ ကလေးမြို့၊ ဒေသကွပ်ကွဲမှုစစ်ဌာနချုပ် (ဒကစ) အနီးက အောင်သစ္စာရပ်ကွက်ထဲမှာ မတ်လ (၅) ရက် နေ့လယ်ပိုင်းက ကြံ့ခိုင်ရေးပါတီဝင်တဦး ပစ်သတ်ခံလိုက်ရပြီး စစ်သားတွေက ပစ်ခတ်တာဖြစ်တယ်လို့ ဖြစ်စဉ်အနီးဝန်းကျင်မှာနေထိုင်တဲ့ ကလေးမြို့ခံတွေက ပြောပါတယ်။ ဘာကြောင့် ပစ်ခတ်တယ်ဆိုတာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ယင်းမာပင် PDF စခန်းတခု စီးနင်းဖျက်ဆီးခံရ

မတ်၊ ၆ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အခြေစိုက် PDF တပ်ခွဲတခုဖြစ်တဲ့ အမိမြေတော်လှန်ရေးတပ်ဖွဲ့ စခန်းကို စစ်ကောင်စီက မတ်လ (၄)ရက်နေ့က စီးနင်းဖျက်ဆီးခဲ့တယ်လို့ အဲ့ဒီတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ စခန်းစီးနင်းခံရမှုအတွင်း တပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိသလို လက်နက်ခဲယမ်းတွေလည်း [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အင်းတော်မှာ PDF ထောက်ပံ့တယ်ဆိုပြီး CDM ဆရာမ သုံးဦးအပါအဝင်၁၅ ဦးကို စစ်တပ်က ဖမ်းဆီးထား

မတ်၊​ ၅ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ပေါ်မှာ PDF ကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ CDM ကျောင်းဆရာမသုံးဦး အပါအဝင် ပြည်သူ ၁၅ဦးကို မတ်လ ၃ရက်က စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက DNA ကို [ဆက်လက်ဖတ်ရှုရန်]