နိုင်ငံရေး

ကချင်အခြေစိုက်ပါတီသုံးခု စစ်ကောင်စီရွေးကောက်ပွဲအတွက် မှတ်ပုံပြန်တင်

မတ်၊ ၁၁ အင်အားကြီး ကချင်လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ KIA/KIO က စစ်ကောင်စီရွေးကောက် ပွဲမှာ မပူးပေါင်းကြဖို့ ပြောထားပေမယ့်ကချင်ပြည် နယ်အခြေစိုက်ပါတီငါးခုထဲက သုံးခုကမှတ်ပုံပြန်တင်လိုက် ပါတယ်။ ကချင်ပြည်နယ် အခြေစိုက် ပါတီတွေဖြစ်တဲ့ ဒီမိုကရေစီပါတီသစ် (ကချင်) ၊ ကချင်ပြည်နယ် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်ကောင်စီက ချင်းပြည်နယ်မှာ စစ်အင်အားဖြည့်တင်းနေ

မတ်၊ ၁၀ စစ်ကောင်စီက ချင်းပြည်နယ်ကိုသူတို့ကြေငြာထားတဲ့ စစ်အုပ်ချုပ်ရေးနယ်မြေအဖို့ လက်တွေ့ကောင်အထည်ဖော်ဖို့နှင့် ရွှေးကောက်ပွဲကျင်းပနိုင်ဖို့အတွက် စစ်အင်အားဖြည့်တင်းနေတာဖြစ်တယ်လို့ ချင်းပြည်နယ်တော်လှန်ရေးအင်အားစု တာဝန်ရှိသူတွေက DNA ကိုပြောပါတယ်။ စစ်ကောင်စီဟာ ချင်းပြည်နယ်ကို လေကြောင်းတိုက်ခိုက်မူတွေဆက်တိုက်ပြုလုပ်ပြီးနောက်မှာ မြေပြင်စစ်အင်အားတွေ ချင်းပြည်နယ်ကိုပို့ဆောင်နေတာဖြစ်ပါတယ်။ မတ်လ ၉ ရက်နေ့က [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တနင်္သာရီမှာ စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ပစ်လို့ ကလေးငယ်တဦးသေဆုံး၊ ရှစ်ဦးဒဏ်ရာရ

မတ်၊ ၁၀ တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့တွေက လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့တာ ကြောင့် ကလေးတစ်ဦး သေဆုံးကာ ၈ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။ ဒီကနေ့ နံနက် ၇ နာရီကျော်ခန့်မှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

နေရပ်အတင်းပြန်ပို့ခံရတဲ့ ရခိုင်စစ်ရှောင်တွေ စားဝတ်နေရေးအခက်ကြုံနေ

မတ်၊ ၁၀ စစ်ကောင်စီက ဖိအားပေးပြီးနေရပ်အတင်းပြန်ပို့ခဲ့တဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေဟာ သူတို့ရဲ့ နေရပ်မှာ အိမ်တွေ မရှိတော့တာ၊ အလုပ်တွေပြန်လုပ်ဖို့ အဆင်မပြေသေးတာကြောင့် စားဝတ်နေရေးအ ခက်အခဲနဲ့ ရင်ဆိုင်နေ ကြရတယ်လို့ ပြောပါတယ်။ အာဏာသိမ်းစစ်ကောင်စီဟာ ရခိုင်ပြည်နယ် ပုဏ္ဏာကျွန်းမြို့နယ်နဲ့ မြောက်ဦးမြို့နယ်တို့ကစစ်ဘေးရှောင် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဘုတ်ပြင်းမြို့နယ်မှာ တအိမ်တယောက် စစ်သင်တန်းတက်ရမယ်လို့ စစ်ကောင်စီ ဖိအားပေးနေ

မတ်၊ ၉   တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်မှာ အိမ်ထောင်စုတခုကို တဦးနှုန်းနဲ့ စစ်သင်တန်းတက်ရောက်ဖို့ စစ်ကောင်စီအုပ်ချုပ်ရေးအပိုင်းက အတင်းအကြပ်ဖိအားပေးနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် တာဝန်ယူထားတဲ့ တပ်ရင်းမှူးရဲ့ ညွှန်ကြားချက်နဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကနေတဆင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စမ်းချောင်းမှာ ကွယ်လွန်သူတဦးပိုင် တိုက်ခန်းကို ရောင်းစားတဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး အတိုင်ခံရ

မတ်၊ ၉   ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ဗဟိုလမ်းမပေါ်က အိမ်အမှတ် ၁၇၀/၅ လွှာမှာ တိုက်ခန်းအတွင်း ရုတ်တရက်သေဆုံးခဲ့သူ ဦးဘုန်းကျော်သူရဲ့တိုက်ခန်းကို စစ်တပ်ဗျူဟာမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘဝင်း နဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်သူရိန်တို့ ပေါင်းပြီးသိမ်းဆည်းရောင်းစားခဲ့ကြတာလို့ ရပ်ကွက်နေပြည်သူတွေက ဆိုပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်ကောင်စီက ချင်းပြည်နယ်ကို စစ်အင်အားဖြည့်ဖို့အတွက် အရပ်သားကားအစီးနှစ်ဆယ်ကျော်ချောဆွဲ

မတ်၊ ၉ စစ်ကောင်စီက ချင်းပြည်နယ်မှာ စစ်အင်အားဖြည့်ဖို့အတွက် အရပ်သားကား အစီးနှစ်ဆယ်ကျော်ကို ချောဆွဲ သွားပြီး စုစုပေါင်း ကားအစီးသုံးဆယ်ပါယာဉ်တန်းနဲ့ ဒီကနေ့မနက်ပိုင်းကစလို့ ကလေးမြို့ကနေ ချင်းတောင် ဘက်ထွက်ခွာသွား တယ်လို့ ကလေးမြို့ခံတွေကပြောပါတယ်။  အဲ့ဒီယာဉ်တန်းမှာ သံချပ်ကာကား နှစ်စီးအပါအဝင် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေခြောက်လအတွင်း နယ်မြေကနေထွက်ခွာဖို့ TNLA အသိပေး

မတ်၊ ၈ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)ထိန်းချုပ်နယ်မြေတွေထဲက စစ်ကောင်စီ လက် အောက်ခံ ဝန်ထမ်းတွေအနေနဲ့ ခြောက်လအတွင်း CDM ဝင်ဖို့နဲ့ CDMမဝင်ရင် နယ်မြေထဲကနေ ထွက်ခွာဖို့ TNLA က ပထမ ဆုံးအကြိမ်အဖြစ် သတိပေးထုတ်ပြန်လိုက်ပါတယ်။ အခုရက်ပိုင်းအတွင် ထုတ်ပြန်လိုက်တဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ကောင်စီ ပြည်ထဲရေး ဒုဝန်ကြီးနဲ့ စစ်ဘက်ရေးရာလုံခြုံရေး အရာရှိချုပ်ရုံးတို့ကို အီးယူပိတ်ဆို့အရေးယူ

မတ်၊ ၈ စစ်ကောင်စီရဲ့ ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်ချုပ်တိုးရီနဲ့ စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံး(စရဖရုံးချုပ်)တို့ကို ပိတ်ဆို့အရေးယူတဲ့စာရင်းထဲ ထည့်သွင်းလိုက်တယ်လို့ ဥရောပသမဂ္ဂ(EU)က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။ ပြင်းထန်ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊အထူးသဖြင့် လိင်ပိုင်းဆိုင်ရာနဲ့ကျား-မအခြေပြု အကြမ်း ဖက် မှုတွေမှာ ပါဝင်ပတ်သက်နေတဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကိုဇေယျာသော်ရဲ့ အောင်နိုင်ရေး ကိုယ်စားလှယ်ဟောင်း လုံလောက်တဲ့ဆေးကုသမှုမရလို့ ထောင်တွင်းမှာ ကွယ်လွန်

မတ်၊ ၈ စစ်ကောင်စီက သေဒဏ်စီရင်ခဲ့တဲ့ ကိုဇေယျာသော်ရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေး ကိုယ်စားလှယ်အဖြစ် တာဝန်ယူခဲ့ဖူးတဲ့ နေပြည်တော်က အင်န်အယ်လ်ဒီ ပါတီဝင်တဦးဟာ ရမည်းသင်းထောင်မှာ လုံလောက်တဲ့ ဆေးကုသမှုမရလို့ မတ်လ ၇ရက်၊ မနေ့က ကွယ်လွန်ခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက [ဆက်လက်ဖတ်ရှုရန်]