နိုင်ငံရေး

ရွှေဘိုနဲ့စစ်ကိုင်းမှာ ပီဒီအက်ဖ်နှစ်ဦးအပါအဝင် ခြောက်ဦးအသတ်ခံရ

ဇွန်၊ ၁၈   စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်နဲ့ စစ်ကိုင်းမြို့တွေမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF)နှစ်ဦး အပါအဝင် ခြောက်ဦးကို စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက DNA သတင်းဌာနကို ပြောပါတယ်။   စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့မှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကလေးမြို့မှာ လက်နက်ကြီးနဲ့ပစ်ခတ်လို့ အရပ်သားတဦးသေဆုံး

ဇွန်၊ ၁၈   စစ်ကိုင်းတိုင်း၊ ကလေးမြို့ ပေါ် မှာ စစ်ကောင်စီတပ်က ဒီကနေ့ ဇွန်လ ၁၈ ရက်ညက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးမြို့ တောင်ဘက် လေးမိုင်အကွာ ထိုမာကျေးရွာ က အမျိုးသားတဦး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

သံဖြူဇရပ်-ရေး လမ်းပိုင်းမှာ အရပ်ဝတ်နဲ့ စစ်ကောင်စီတပ်သား လေးဦးကို ဖမ်းဆီးရမိ

ဇွန်၊ ၁၈   မွန်ပြည်နယ်၊ သံဖြူဇရပ်-ရေး ကားလမ်းပိုင်းမှာ ဇွန်လ ၁၈ ရက် ဒီကနေ့ မနက်ပိုင်းက တော်လှန်ရေး ပူးပေါင်းအဖွဲ့တွေ လမ်းသွားလမ်းလာတွေကို ရှောင်တခင်စစ်ဆေးရာမှာ အရပ်ဝတ်နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ စုံစမ်းသိရပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

သာယာဝတီနဲ့ နတ်တလင်းမှာ စစ်ကောင်စီ လုံခြုံရေးဂိတ်တချို့ ဖျက်သိမ်းပြီး ကင်းပုန်းဆက်ထားနေ

ဇွန်၊ ၁၈   ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီမြို့နဲ့ နတ်တလင်းမြို့တည်ရှိရာ ရန်ကုန်-ပြည်လမ်းမကြီး ပေါ်မှာ ရှိနေတဲ့ စစ်ကောင်စီ လုံခြုံရေးဂိတ်စခန်း တချို့ကို မနေ့ဇွန်လ ၁၇ နေ့ကစပြီး ဖျက်သိမ်းနေတယ်လို့ အဲဒီလမ်းမှာ သွားလာနေတဲ့ ယာဉ်မောင်းတွေက ပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ထိုင်းမှာကျင်းပမယ့် မြန်မာ့အရေးဆွေးနွေးပွဲ ကမ္ဘောဒီယားနိုင်ငံသာ တက်ရောက်မယ့်စာရင်းပေး

ဇွန်၊ ၁၈   ထိုင်းအိမ်စောင့်အစိုးရက ကမကထ ပြုလုပ်ကျင်းပမယ့် ဒုတိယအကြိမ် မြန်မာ့အရေး ဆွေးနွေးပွဲကို အရေးပါတဲ့ အာဆီယံနိုင်ငံတွေ မတက်ရောက်ကြဘဲ ကမ္ဘောဒီးယားနိုင်ငံသာ တက်ရောက်ဖို့ အတည်ပြုထားတယ်လို့ ဒီကနေ့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။   ဇွန်လ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တိုက်ခိုက်ဖျက်ဆီးခံခဲ့ရတဲ့ ညောင်ပင်ကြီးရဲစခန်းကို တိုးချဲ့ပြီး အခိုင်အမာဆောက်လုပ်ဖို့ စစ်ကောင်စီ ကြိုးစားနေ

  ဇွန် ၊ ၁၇ တော်လှန်ရေး အင်အားစုတွေက ဝိုင်းဝန်းတိုက်ခိုက်ပြီး စီးနင်းဖျက်ဆီးခဲ့တဲ့ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးရွာရဲစခန်းကို စစ်ကောင်စီက မူလထက်တိုးချဲ့ပြီး အခိုင်အမာ ပြန်လည်တည်ဆောက်ဖို့ ကြိုးစား နေတယ်လို့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တွေကပြောပါတယ်။ “ကားတွေနဲ့လက်ခံသယ်ယူနေတာ၊ဘိလပ်မြေ၊အုတ်၊သဲကျောက်နဲ့တိုင်အကြီးစားတွေပါတော့အခိုင်အမာ ဆောက် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

သာဇင်ရွာက လူသားဒိုင်းအဖြစ် ဖမ်းထားသူတွေကို သတ်ပစ်မယ်လို့ စစ်ကောင်စီတပ် ခြိမ်းခြောက်တယ်လို့ဆို

ဇွန်၊ ၁၆   စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် ရှိ သာဇင်ရွာက ဖမ်းဆီးခံထားရတဲ့ အရပ်သား၂၅ ယောက်ကို သတ်ဖြတ်ပစ်မယ်လို့ စစ်ကောင်စီတပ်က ခြိမ်းခြောက်တယ်လို့ Zero Army ပျောက်ကြားတပ်ဖွဲ့မှ တာဝန်ရှိသူတဦးက DNA ကိုပြောပါတယ်။   [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မယ်စဲ့မြို့မှာ စစ်ကောင်စီ အုပ်ချုပ်ရေးယန္တယား ရပ်ဆိုင်းသွားပြီလား

ဇွန်၊ ၁၆   ထိုင်း-မြန်မာ နယ်စပ်၊ ကရင်နီပြည်နယ် ထဲက မယ်စဲ့မြို့ကို ကရင်နီပူးပေါင်းတပ်တွေက ထိန်းချုပ်နိုင်ပြီး စစ်ကောင်စီရဲ့ အရပ်ဖက်ဝန်ထမ်းတွေလည်း ထွက်ပြေးကုန်ကြတယ်လို့ ကရင်နီပြည်နယ် စစ်ဘက်ရေးရာတွေနဲ့ ဒေသခံတွေဆီ စုံစမ်းသိရပါတယ်။   ” ကျွန်တော်တို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ထီးလင်းမှာ တိုက်ပွဲဖြစ်ရာက PDF နှစ်ဦးကျဆုံး၊ တဦးဖမ်းဆီးခံရ

ဇွန်၊ ၁၆   မကွေးတိုင်း၊ ထီးလင်းမြို့နယ်မြောက်ပိုင်းက အုန်းတွဲရွာ မှာ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေ မနေ့က နေ့လယ်ပိုင်းမှာ ထိတွေ့တိုက်ပွဲဖြစ်ရာက PDF နှစ်ဦး ကျဆုံးပြီး တဦး ဖမ်းဆီးခံရသလို နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ အဲ့ဒီမြို့နယ်အခြေစိုက် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ခင်ဦးမြို့နယ်၊ ကျေးရွာနှစ်ရွာက နေအိမ်လေးဆယ်ခန့်ကို စစ်ကောင်စီတပ် မီးရှို့ဖျက်စီး

ဇွန်၊ ၁၅   စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ သာဂရရွာ နဲ့ ကံသစ်ရွာရှိ နေအိမ် ၃၉ လုံးကို စစ်ကောင်စီတပ်က ဇွန်လ ၁၄ ရက်နဲ့ ၁၅ ရက် နှစ်ရက်အတွင်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးအဖွဲ့ [ဆက်လက်ဖတ်ရှုရန်]