နိုင်ငံရေး

ချင်းပြည်နယ်မှာ လေကြောင်းကတိုက်လို့ အရပ်သား ၃၅ ဦးသေ၊ ရှစ်ဆယ်နီးပါးဒဏ်ရာရ

စက်တင်ဘာ၊ ၈   ချင်းပြည်နယ်က မြို့နယ်ပေါင်း ကိုးခုအနက် ခုနှစ်မြို့နယ်မှာ အခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာလအထိ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု ၁၈၅ ကြိမ်ရှိခဲ့ပြီး အရပ်သား ၃၅ ဦး သေဆုံးခဲ့တယ်လို့ ချင်းလူအခွင့်အရေးအဖွဲ့က ပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဆားလင်းကြီးမှာ စစ်ကောင်စီပစ်ခတ်လို့ ဆိုင်ကယ်စီး အမျိုးသားတဦးသေဆုံး၊ တဦးဒဏ်ရာရ

စက်တင်ဘာ၊ ၅ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ ဆိုင်ကယ်စီးလာတဲ့ အမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ်က ဆိုင် ကယ် မရပ်ပေးလို့ပစ်ခတ်တာကြောင့် တဦးသေဆုံးပြီး တဦးဒဏ်ရာရသွားတယ်လို့ ဆားလင်းကြီးမြို့နယ် ပြည်သူ့ အုပ် ချုပ်ရေးအဖွဲ့ကကိုစစ်ငြိမ်းက ပြောပါတယ်။ “လမ်းသွားလမ်းလာတွေပဲ၊(စစ်တပ်က)အက်စစ်စက်ရုံရှေ့မှာ စစ်နေတာ၊စစ်နေတာ ကိုမရပ်လို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

လုပ်ခတိုးတောင်းမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံရတဲ့ အလုပ်သမားတွေနဲ့ ကူညီပေးသူတွေ ပြန်လွတ်လာ

စက်တင်ဘာ၊ ၅   အနည်းဆုံးအခကြေးငွေ တိုးမြှင့်ပေးဖို့နဲ့ အလုပ်သမားအခွင့်အရေး ရပိုင်ခွင့်တွေနဲ့ပတ်သက်လို့ တောင်းဆိုတာကြောင့် ဖမ်းဆီးထိန်းသိမ်းခံရတဲ့ အလုပ်သမားတွေနဲ့ ကူညီဆောင်ရွက်ပေးနေသူတွေကို စက်တင်ဘာ ၄ ရက်မှာ စစ်ကောင်စီက ပြန်လွှတ်ပေးလိုက်တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။ အလုပ်သမားအခွင့်အရေး တောင်းဆိုခဲ့ကြတဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ကောင်စီက ရိုဟင်ဂျာတွေကို မူလနေရပ်ပြန်နေခွင့်နဲ့ လွတ်လပ်စွာ သွားလာခွင့်ပေးဖို့ ကတိမပေး

စက်တင်ဘာ ၊ ၃ ရန်ကုန်အခြေစိုက် သံရုံးအကြီးအကဲတွေနဲ့ စစ်ကောင်စီတာဝန်ရှိသူတွေ ရခိုင်က ရိုဟင်ဂျာကျေးရွာနဲ့ဒုက္ခသည် စ ခန်းတချို့ဆီလာခဲ့ကြပေမယ့် ဒုက္ခသည်တွေတောင်းဆိုနေကြတဲ့အချက်တွေကိုလိုက်လျောပေးဖို့ ကတိပေးခဲ့တာတော့မရှိဘူးလို့ စစ်ကောင်စီဝန်ကြီးတွေနဲ့ တွေ့ခွင့်ရခဲ့တဲ့ ရိုဟင်ဂျာတချို့က DNAကိုပြောပါတယ်။ “သေချာတော့ အများကြီး တင်ပြလို့မရလိုက်ဘူး။သူတို့က ခဏလေးပဲ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

TNLAတပ်မဟာ နှစ်ခုကို စစ်ကောင်စီက တပ်ရင်းခြောက်ခု၊ ပြည်သူ့စစ်ငါးဖွဲ့နဲ့ထိုးစစ်ဆင်နေ

စက်တင်ဘာ ၊ ၂ တရုတ်-မြန်မာနယ်စပ် ရှမ်းပြည်နယ်မြောက်ပိုင်းက TNLA တပ်မဟာနှစ်ခုရဲ့တပ်စခန်းတွေကိုစစ်ကောင်စက တပ်ရင်း ခြောက်ခု၊ ပြည်သူစစ်ငါးဖွဲ့နဲ့ပေါင်းပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့တအာင်းအမျိုး သားလွတ်မြောက်ရေး တပ်မတော်( TNLA ) သ တင်းနဲ့ ပြန်ကြားရေး တာ၀န်ခံ ဒုဗိုလ်မှူးကြီး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ကောင်စီရဲ့ အွန်လိုင်းထီအလုပ်မဖြစ်လို့ စောင်ရေလျှော့ထုတ်ရ

စက်တင်ဘာ ၊ ၂ ရန်ကုန် စစ်ကောင်စီရဲ့ အွန်လိုင်းထီဟာ အလုပ်မဖြစ်ခဲ့တာကြောင့် ဒီလကစပြီးရိုက်နှိပ်ရောင်းချမယ့် စောင်ရေကို လျှော့ချလိုက်တယ်လို့ ထီလုပ်ငန်းအသိုင်းအဝိုင်းကသိရပါတယ်။ စစ်ကောင်စီလက်အောက်ခံအောင်ဘာလေသိန်းဆုဌာနက အွန်လိုင်းထီစဖွင့်တဲ့ဇွန်လကစပြီး သြဂုတ်လအထိ အွန် လိုင်းထီနဲ့ ပုံနှိပ်ထီနှစ်မျိုးအတွက် စုစုပေါင်း  အက္ခရာ ၁၂လုံးထုတ်ကာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ကောင်စီကို အရေးယူမှုပါတဲ့ ဆုံးဖြတ်ချက်တွေချဖို့ နိုင်ငံတကာကို ဦးကျော်မိုးထွန်း တောင်းဆို

ဩဂုတ်၊ ၂၉ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကမြန်မာအရေးနဲ့ ပက်သက်ပြီး ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်တွေကို လိုက်နာမှုမရှိတဲ့ အာဏာသိမ်းစစ်ကောင်စီကို အရေးယူမှုပါတဲ့ ဆုံးဖြတ်ချက်တွေချဖို့  ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကနိုင်ငံတကာကို တောင်းဆိိုလိုက်ပါတယ်။ “ နောင်လာမယ် ဆုံးဖြတ်ချက်က အရေးယူမှုတွေ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်ကောင်စီ ဒကစမှူးရဲ့ ခဲယမ်း၊စစ်အသုံးအဆောင်တွေနဲ့ ကုန်တင်ကားတစီးကိုပကဖသိမ်းဆည်း

သြဂုတ်၊ ၂၈ စစ်ကောင်စီရဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် ဒကစမှူး တဦးရဲ့ ခဲယမ်း စစ်အသုံးအဆောင်တွေနဲ့ ၁၂ဘီးကား တစီးကို PDF တပ်ဖွဲ့က သိမ်းဆည်းရရှိခဲ့တယ်လို့အမျိုးသားညီညွတ်ရေး အစိုးရ ကာ ကွယ်ရေးဝန်ကြီးဌာနက ဒီက နေ့ ထုတ်ပြန်ပါတယ်။ သိမ်းဆည်းရမိတဲ့ပစ္စည်းတွေဟာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

နိုင်ငံတကာအစိုးရတွေ တီမောနိုင်ငံလို မြန်မာလူထုနဲ့အတူ ရပ်တည်ပေးဖို့ NUG တိုက်တွန်း

သြဂုတ်၊ ၂၈   မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး တီမောနိုင်ငံရဲ့ ရပ်တည်ချက်ကို အထူးလေးစားရသလို နိုင်ငံတကာ အသိုင်းအဝိုင်းက အစိုးရတွေအနေနဲ့ တီမောနိုင်ငံလိုပဲ မြန်မာလူထုနဲ့အတူ ရပ်တည်ပြီး ဒီမိုကရေစီလမ်းကြောင်း ပြန်ရောက်ရေးအတွက် ကူညီပံ့ပိုးပေးကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ပြည်တွင်းရေးနှောင့်ယှက်တယ်ဆိုပြီး တီမောသံရုံးကို စစ်ကောင်စီနှင်ထုတ်

သြဂုတ် ၊ ၂၇ ရန်ကုန်မြို့မှာရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာ တီမောနိုင်ငံ သံရုံးက သံရုံးတာဝန်ခံနဲ့ အဖွဲ့ဝင်တွေအားလုံးလာမယ့် စက်တင်ဘာလ ၁ ရက် နောက်ဆုံးထားပြီး မြန်မာနိုင်ငံကနေ ထွက်ခွာဖို့ စစ်ကောင်စီက သံရုံးဘက်ကို အကြောင်းကြားထားပါတယ်။ စစ်ကောင်စီဘက်ကတော့ တီမောနိုင်ငံအနေနဲ့ [ဆက်လက်ဖတ်ရှုရန်]