နိုင်ငံရေး

ကနီမြို့မှာကလေးသူငယ်အခွင့်အရေးဆိုင်ရာဟောပြောပွဲလုပ်

စစ်ကိုင်းတိုင်း၊ ကနီမြို့မှာ ဒီကနေ့ မတ်လ ၆ရက်နေ့က ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဟောပြောပွဲတခုကို ကလေးသူငယ်အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေနဲ့ CRPH အဖွဲ့ဝင်တွေ၊ ကနီမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့တွေနဲ့ တော်လှန်ရေးအင်အားစုတွေက ပြုလုပ်ခဲ့ကြတဲ့မြင်ကွင်းတွေပဲဖြစ်ပါတယ်။ အဲဒီပွဲမှာတော့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာတွေနဲ့ပတ်သက်တဲ့ ဟောပြောမှုတွေပြုလုပ်ခဲ့ကြသလို ကလေးငယ်အခွင့်အရေးတွေနဲ့ပတ်သက်လို့ မိဘဆရာတွေပူးပေါင်းပါဝင်ဖို့၊ ဖက်ဒရယ်ပညာရေးရရှိဖို့တောင်းဆိုမှုတွေလုပ်ခဲ့ပြီး ကလေးသူငယ်တွေရဲ့ ဖျော်ဖြေမှုတွေလည်းလုပ်ခဲ့ကြတယ်လို့ ပွဲစီစဉ်သူတွေကဆိုပါတယ်။ ကနီမြို့နယ်ဟာဆိုရင် အမျိုးသားညီညွတ်ရေးအစိုးရရဲ့ [ဆက်လက်ဖတ်ရှုရန်]

ဆောင်းပါး

ပြာပုံဖြစ်သွားတဲ့ စစ်ကိုင်းက လက်ခတ်သံတွေ

မတ်၊ ၅ “ ကျွန်တော်တို့ကတော့ လူထုကိုတမင်သက်သက်ညှင်းပန်းနှိပ်စက်နေတယ်လို့ ထင်တာပဲဗျာ။ လူထုလည်းလုပ်ကိုင်မစားနိုင်အောင် အကုန်လှည့်ပြီးဖျက်ဆီးနေတာပဲ။ ကျွန်တော်တို့ရွာတင်မကပါဘူး။ ဒီနားပတ်လည် ၇ ရွာ ၈ရွာရှိတယ်။ PDF တွေကိုထောက်ပံ့တယ်ဆိုပြီး အခုလိုမီးရှို့တာပါ”  ပြီးခဲ့တဲ့ဖေဖော်ဝါရီလထဲမှာ မီးရှို့ခံလိုက်ရလို့ ပိုင်ဆိုင်တဲ့ ရက်ကန်းစင်တွေ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကန့်ဘလူက ချပ်ကြီးပျူရွာစခန်းကို ပီဒီအက်ဖ် သိမ်းပိုက်ပြီးပြန်လည်ဆုတ်ခွါခဲ့

မတ်၊ ၂ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ချပ်သင်းတိုက်နယ်က ချပ်သင်းပျူရွာက စစ်ကောင်စီစခန်းကို ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ပြီးပြန်လည်ဆုတ်ခွါခဲ့တယ်လို့ ဒေသခံတွေက DNAကို ပြောကြားပါတယ်။ စစ်ကောင်စီတပ်သား ၈ယောက်၊ ရဲနှစ်ယောက်နဲ့ ပျူစောထီ ၃၆ယောက် စုစုပေါင်း ၄၆ယောက် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တိုက်ပွဲတွေကြားက လူထုသပိတ်စစ်ကြောင်းများ

အာဏာသိမ်းစစ်ကောင်စီကို လက်နက်စွဲကိုင် တော်လှန်တိုက်ခိုက်မှုတွေ နိုင်ငံတဝှမ်းမှာ မြင့်တက်နေသလို တချိန်တည်းမှာပဲ အာဏာသိမ်းမှုကို လက်မခံဆန့်ကျင်ကြောင်း ထုတ်ဖော်ပြသတဲ့ လူထုသပိတ်လှုပ်ရှားမှု တွေလည်း နိုင်ငံအနှံ့မှာ ဆက်ရှိနေပါတယ်။ ဒီကနေ့ မကွေးတိုင်း မြိုင်၊ပုလဲ၊ ထားဝယ်လောင်း လုံးဒေသနဲ့မန္တလေးပြည်ကြီးတံခွန်တို့မှာသပိတ်လှုပ် ရှားမှုတွေပြုလုပ်ခဲ့ကြပါတယ်။ လက်ရှိအချိန်အထိ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ယင်းမာပင်မြို့နယ် ပြည်သူတရားရုံးက တနှစ်နီးပါးအတွင်း အမှုပေါင်း ခုနစ်ဆယ်ကျော် စီရင်ခဲ့

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ အမျိုးသားညီညွတ်ရေး အစိုးရလက်အောက်ခံ ပြည်သူ့တရားစီရင်ရေးအဖွဲ့က တနှစ်နီးပါးအတွင်း အမှုပေါင်း ၇၀ ကျော်လောက်ကို စီရင်နိုင်ခဲ့တယ်လို့ ယင်းမာပင် ပအဖတာဝန်ခံ ကိုဇော် ထူးအောင်က DNA ကိုပြောပါတယ်။ အဲဒီနယ်မှာ အုပ်ချူပ်ရေးအဖွဲ့အစည်းနဲ့ မသက်ဆိုင်ဘဲ အမှီအခိုကင်းတဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စခန်းသိမ်းတိုက်ပွဲပြန် PDF တွေကို အောင်သပြေနဲ့ကြို

စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ်တွေကြားက ကျောက်မျက်တောင်မှာ ယာယီတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတခုကို ဒေသကာကွယ်ရေးတပ်တွေက ဖေဖော်ဝါရီ (၁၉)ရက် ညပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ကြပါတယ်။   အခုပုံတွေကတော့ အဲ့ဒီတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ပြီး ပြန်လာတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို ပြည်သူတွေက ကြိုဆိုနေကြတဲ့ ပုံရိပ်တွေဖြစ်တယ်လို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကျောက်မျက်တောင်ပေါ်က စစ်တပ်ယာယီစခန်း တိုက်ခိုက်သိမ်းပိုက်ခံရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီး နဲ့ယင်းမာပင်မြို့နယ်ကြား ကျောက်မျက်တောင်ပေါ်မှာ ယာယီတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို ဖေဖော်ဝါရီ ၁၉ရက်ညပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်တွေက သတင်းထုတ်ပြန်ကြပါတယ်။ “ညမှောင်ခါနီးမှာ အလစ်အငိုက်ဝင်တိုက်တာ စစ်ကောင်စီတပ်သားတွေ ၂၀ ထက်မနည်းသေဆုံးပြီး ထိခိုက်မှုအများအပြားရှိပြီး ထွက်ပြေးကုန်ကြတာတွေရှိတယ် အရှင်ဖမ်းမိတာတော့မရှိဘူး” လို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တိုက်ပွဲတွေကြားက လူထုသပိတ်စစ်ကြောင်းများ

  အာဏာသိမ်းစစ်ကောင်စီကို လက်နက်စွဲကိုင် တော်လှန်တိုက်ခိုက်မှုတွေ နိုင်ငံတဝှမ်းမှာ မြင့်တက်နေသလို တချိန်တည်းမှာပဲ အာဏာသိမ်းမှုကို လက်မခံဆန့်ကျင်ကြောင်း ထုတ်ဖော်ပြသတဲ့ လူထုသပိတ်လှုပ်ရှားမှု တွေလည်း နိုင်ငံအနှံ့မှာ ဆက်ရှိနေပါတယ်။ လက်ရှိအချိန်အထိ အဆက်မပြတ် သပိတ်စစ်ကြောင်း လှုပ်ရှားမှုရှိနေတဲ့ ဒေသတွေထဲက အများစုဟာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ အင်းတော်နဲ့ ကောလင်းကြား တိုက်ပွဲဆက်လက်ပြင်းထန်လို့ ဒေသခံတွေတိမ်းရှောင်

စစ်ကိုင်းတိုင်း၊ ကောလင်းနဲ့ အင်းတော်ကြားက တောင်မော်နဲ့ ပဒုမ္မာရွာကြားမှာ မနေ့ဖေဖော်ဝါရီ ၄ရက်ကစပြီး နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေလို့ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။ တိုက်ပွဲတွေဟာ ထီးချိုင့်၊ ဝန်းသို၊ အင်းတော်၊ ဗန်းမောက်၊ ကောလင်းထိစပ်တဲ့နေရာမှာ ဖြစ်ပွားနေတာဖြစ်ပြီး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကလေးမြို့ ဆည်မြောင်းရုံးတိုက်ခိုက်ခံရပြီး ဘတ်ဖိုးယာဉ်တစီးမီးလောင်

စစ်ကိုင်းတိုင်း၊ ကလေးမြို့အနောက်ပိုင်းမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ဆည်မြောင်းရုံးမှာ ဖေဖေါ်ဝါရီလ ၃ ရက်နေ့ညဦးပိုင်းနဲ့ ဒီကနေ့ မနက်အစောပိုင်းတို့မှာ ဗုံးပေါက်ကွဲမူနဲ့ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ဆည်မြောင်းရုံးအနီးဝန်းကျင် မြို့ခံတွေကပြောပါတယ်။  “ရှစ်နာရီလောက်မှာတကြိမ်ဖြစ်တာ၊မနက်ပိုင်းဖြစ်တဲ့ဟာကတော့ အသံပိုကျယ်တယ်၊မီးလည်းလောင်တယ်၊ တ အားကြီးလောင်နေတာမျိုးတော့မဟုတ်ဘူး။ လောင်တဲ့အချိန်လည်းအကြာကြီးမဟုတ်ဘူး” လို့ မြို့ခံတဦးက [ဆက်လက်ဖတ်ရှုရန်]