ဒေသအလိုက် သတင်းကဏ္ဍ

ရက် ၄၀၀ မြောက် ချီတက်လာတဲ့ ကလေးမြို့ ပင်မသပိတ်စစ်ကြောင်း

ဒီကနေ့ မတ်လ ၁၄ ရက်နေ့ အစောပိုင်းမှာ စစ်ကိုင်းတိုင်း ကလေးမြို့မှာ ကလေးမြို့ ပင်မသပိတ်စစ်ကြောင်းဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ကလေးမြို့ ပင်မသပိတ်စစ်ကြောင်းဟာ လုံခြုံရေးတင်းကြပ်မှုကြားက နေ့စဉ်ဆန္ဒပြခဲ့တာ ဒီနေ့ဆိုရင် ရက် ၄၀၀ မြောက်ရှိလာပြီ ဖြစ်ပါတယ်။

ဒေသအလိုက် သတင်းကဏ္ဍ

ပုလဲမြို့နယ်အတွင်းတိုက်ပွဲမှာ PDF ၃ဦးကျဆုံးပြီး ၄ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် တုံးကန်ကျေးရွာအနီး တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ၃ဦးကျဆုံးကာ ၄ဦးဒဏ်ရာရရှိခဲ့တယ်လို့ ပုလဲမြေပြန့်ဒေသကာကွယ်ရေးအင်အားစုက သတင်းထုတ်ပြန်လာခဲ့ပါတယ်။ မနေ့က မတ်လ ၁၂ရက်နေ့ ညနေ ၃နာရီခန့်မှာ တုံးကန်ကျေးရွာမှာ တပ်စွဲထားတဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ယင်းမာပင်မြို့နယ် ထန်းဇင်ကျေးရွာကို စစ်အုပ်စု ဝင်ရောက်ဖျက်ဆီးနေပြီး ပြည်သူတစ်ဦး ကျည်ထိမှန်

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ဘန့်ဘွေးကျေးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ ထန်းဇင်ကျေးရွာကို ဝင်ရောက်စီးနင်းပြီး ဖျက်ဆီးမှုတွေ လုပ်ဆောင်နေတယ်လို့ ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်ထားပါတယ်။ ဒီကနေ့ မတ်လ ၁၃ ရက်နေ့ မနက် ၁၀ နာရီခန့်မှာ ဝင်ရောက် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကသာမှာ ဒီနေ့မနက် အကြမ်းဖက်စစ်တပ်တိုက်ခိုက်ခံရ၊ ထိခိုက်သေဆုံး များနိုင်

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ ချောင်းဝရွာအနီးမှာ ဒီနေ့မနက်ပိုင်းက မြို့လှ PDF ရဲ့ ဆီးကြိုတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်သားတွေ ထိခိုက်သေဆုံးအများအပြား ရှိနိုင်တယ်လို့ သိရပါတယ်။ ဒီနေ့မနက် ၆ နာရီ ၄၅ မိနစ်လောက်က အကြမ်းဖက်စစ်တပ်ရဲ့ ခြေလျင်စစ်ကြောင်းကို ချောင်းဝရွာအနီးမှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်ကိုင်းပြည်သူ့ဆေးရုံမှာ စစ်အုပ်စုဝင်အချင်းချင်း ပစ်ခတ်ရာမှ ၂ဦးသေ

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့ ပြည်သူ့ဆေးရုံကြီးမှာ အစောင့်ကျနေတဲ့ စစ်အုပ်စုဝင်အချင်းချင်း စကားများရန်ဖြစ်ပြီး သေနတ်နဲ့ပစ်ရာမှ ၂ဦးသေဆုံးပြီး ၁ဦးဒဏ်ရာရရှိသွားတယ်လို့ စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးက ဖော်ပြထားပါတယ်။ ဒီကနေ့ မတ်လ ၁၂ရက်နေ့ မနက်ပိုင်းမှာ စစ်ကိုင်းမြို့ ပြည်သူ့ဆေးရုံကြီးမှာ အစောင့်ကျနေတဲ့ စစ်အုပ်စုဝင်အချင်းချင်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တန့်ဆည်မှာ စစ်အုပ်စုရဲ့ စစ်ကြောင်းတစ်ခု ကြားဖြတ်တိုက်ခံရပြီး ၄ဦးသေ

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နဲ့ ရေဦးမြို့အကြားမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ကြောင်းတစ်ခု ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်အုပ်စုက ၄ဦးသေဆုံးကာ အော်တိုသေနတ် ၅လက်နဲ့ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိတယ်လို့ Phoenix Defence Force – Taze ကသတင်းထုတ်ပြန်လာခဲ့ပါတယ်။ ဒီကနေ့ မတ်လ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်အုပ်စုက စစ်ပြေးဓားပြတွေကို ဖမ်းဆီးပြီး PDFတွေကို ဖမ်းမိတယ်လို့ ဝါဒဖြန့်

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် လှတောကျေးရွာမှာ စစ်ပြေးဓားပြ ၇ဦးကို ဖမ်းဆီးပြီး PDFတွေကို ဖမ်းမိတယ်လို့ စစ်အုပ်စုက လိမ်လည်ကာ ဝါဒဖြန့် သတင်းထုတ်ပြန်နေတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။ စစ်အုပ်စုရဲ့ ဝါဒဖြန့်ချီရေး လူမှုကွန်ရက်တွေမှာ လှတောကျေးရွာက PDF [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မနေ့က ဝက်လက်မြို့နယ် တိုက်ပွဲမှာ စစ်အုပ်စု ၆ဦးသေ

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် တောင်ကုန်းကျေးရွာဘက်မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေးစုပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်အုပ်စုက ၆ဦးသေဆုံးကာ ၁၇ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဝက်လက် PDFက သတင်းထုတ်ပြန်လာခဲ့ပါတယ်။ မနေ့က မတ်လ ၁၁ရက်နေ့ မွန်းလွဲ ၂နာရီခန့်မှာ တောင်ကုန်းကျေးရွာဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တန့်ဆည်မြို့ စိမ်းစားကျေးရွာကို စစ်အုပ်စုက ဝင်ရောက်ဖျက်ဆီးပြီး ပြည်သူတွေကို ပစ်ခတ်၊မီးရှို့

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် တန့်ဆည်မြို့နယ် စိမ်းစားကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက ဝင်ရောက် ဖျက်ဆီးပြီး ပြည်သူတွေကို ပစ်ခတ်၊မီးရှို့တာတွေ လုပ်ဆောင်နေတယ်လို့ Shwebo Daily Newsက ဖော်ပြထားပါတယ်။ ဒီကနေ့ မတ်လ ၁၂ရက်နေ့ မနက်ပိုင်းမှာ အကြမ်းဖက်စစ်အုပ်စုက စိမ်းစားကျေးရွာကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြောင်ဒေသ မိုင်းဆွဲတိုက်ခိုက်ခံရမှု အကြမ်းဖက်စစ်သား ၁၀ ဦးသေ

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး အကြမ်းဖက်စစ်သား ၁၀ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ မတ်လ ၁၁ ရက်နေ့၊ ည ၉ နာရီလောက်မှာ မြောင်မြို့ပေါ်ကနေ ဆင်းလာတဲ့ အကြမ်းဖက်တပ်ကို မရိုးကုန်းရွာတံတားအနီးမှာ ဒေသခံပြည်သူ့ကာကွယ်ရေး တပ်တွေက [ဆက်လက်ဖတ်ရှုရန်]