ဒေသအလိုက် သတင်းကဏ္ဍ

မုံရွာမှာ စစ်ကောင်စီတပ်က အမျိုးသားတဦးကို ပစ်သတ်သွား

အောက်တိုဘာ ၊ ၁၈ စစ်ကိုင်းတိုင်း၊မုံရွာမြို့နယ်၊ကြေးမုံကျေးရွာက ဒေသခံ အမျိုးသားတဦးကို စစ်ကောင်စီ တပ်တွေက အောက်တိုဘာ ၁၇ ရက်၊ မနေ့က  ညနေ ၄ နာရီခန့်မှာ ပစ်သတ်ခဲ့တယ်လို့ တော်လှန်ရေး အင်အားစု တွေထံက သိရပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ခင်ဦးမှာ တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်က ဒေသခံနှစ်ဦးကို သတ်ဖြတ်

အောက်တိုဘာ၊ ၁၁ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်အတွင်း ဒေသကာကွယ်ရေးတပ်တွေရဲ့တိုက်ခိုက်မှုနဲ့ရင်ဆိုင်ခံရတဲ့ စစ်ကောင်စီတပ်က အမျိုးသမီးတဦးအပါအဝင်ဒေသခံနှစ်ဦးကိုသတ်ဖြတ်သွားတယ်လို့ ခင်ဦးအခြေစိုက် Royal Tiger Guerrilla Force တာဝန်ရှိသူတဦးကပြောပါတယ်။ သတ်ဖြတ်ခံရသူတွေဟာ ခင်ဦးမြို့အနောက်ဘက် သုံးမိုင်ကျော်အကွာ ကံသာယာရွာက အသက် ၃၀ ဝန်းကျင် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကလေးမြို့နယ်မှာ လူငယ်အမျိုးသမီးတဦး လုယက်သတ်ဖြတ်ခံရ

စက်တင်ဘာ၊ ၁၃ စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ အသက်နှစ်ဆယ်လူငယ် အမျိုးသမီးတဦး အလုပ်သွားဖို့ဆိုင်ကယ်နဲ့အိမ်က ထွက် သွားရာက လုယက်သတ်ဖြတ်ခံလိုက်ရတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက DNA ကိုပြောပါတယ်။ ကလေးမြို့တောင်ဘက် သာစည်ရွာမှာနေထိုင်တဲ့ အသက်နှစ်ဆယ်အရွယ် မကျော့ကျော့ဝင်းဆိုသူဟာ စက်တင် ဘာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပုလဲမှာ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်တွေကို အခြေခံအမှုစစ်သင်တန်းပေး

  စက်တင်ဘာ ၊ ၁၀ စစ်ကိုင်းတိုင်း၊ယင်းမာပင်ခရိုင်၊ပုလဲမြို့နယ်မှာ ရှိတဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) ရဲ့အဖွဲ့ဝင်တွေကို ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်ကနေ စက်တင်ဘာလ ၉ ရက် မနေ့ကအထိ ၁၆ ရက်ကြာ အခြေခံအမှုစစ် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အင်းတော် ဒေသခံအရပ်သား သုံးဆယ်ကျော်ကို စစ်ကောင်စီကဖမ်းခေါ်သွား

စက်တင်ဘာ ၊ ၂ စစ်ကိုင်းတိုင်း အင်းတော်မြို့တောင်ဘက် ကျေးရွာတွေမှာ လယ်ယာလုပ်ငန်းလုပ်ကိုင်နေတဲ့ ဒေသခံ အရပ်သား သုံးဆယ်ကျော်လောက်ကို မနေ့က မနက်ပိုင်းမှာ  စစ်ကောင်စီတပ်တွေက သူတို့ရဲ့ အသုံးအဆောင် ပစ္စည်းတွေကို သယ်ပေးဖို့ ဖမ်းခေါ်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဝန်းသိုတပ်က [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကန့်ဘလူမှာ စစ်ကောင်စီတပ်က စိတ်ကျန်းမာရေးချို့တဲ့သူအပါအဝင် သုံးဦးကိုသတ်ဖြတ်

သြဂုတ်၊ ၃၁ စစ်ကိုင်းတိုင်း၊ကန့်ဘလူခရိုင်၊ဇီးကုန်းတိုက်နယ်အတွင်းမှာရှိတဲ့ကျေးရွာတွေကို   စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီးနောက် စိတ်ကျန်းမာရေးချို့တဲ့နေသူတဦးအပါအဝင် ဒေသခံအမျိုးသား သုံးဦးကိုသတ်ဖြတ်ခဲ့ပါတယ်။ “ လေးရက်ဆက်တိုက်တပ်စွဲခဲ့တာ ဒေသခံသုံးဦးကိုလည်းသူတို့သတ်ဖြတ်ခဲ့တာ အတည်ပြုလို့ရပါတယ်။ သူတို့စစ်ကြောင်းထွက်တော့မှ အလောင်းတွေ တွေ့တာပါ “ လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူတဦးက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်ကိုင်းပေါက်မရွာတိုက်ပွဲမှာ စစ်ကောင်စီနဲ့PDF နှစ်ဖက်ထိခိုက်သေဆုံးမှုရှိ

သြဂုတ်၊ ၂၃  စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် ၊ ပေါက်မရွာမှာ စစ်ကောင်စီတပ်တွေနဲ့ ကာကွယ်ရေးတပ်တွေကြား မ နေ့က တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိသလို ကာကွယ်ရေးတပ်ဘက်ကလည်း သုံးဦးကျဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေကပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာညောင်ရှည်ရွာကနေ ပေါက်မရွာဘက်ကို အင်အား [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဒီပဲယင်းမှာ PDF နဲ့တိုက်ပွဲအပြီး စစ်ကောင်စီတပ်မီးရှို့လို့ ဒေသခံသောင်းချီထွက်ပြေးရ

သြဂုတ် ၊ ၃ စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့နယ်၊မရကန်ရွာအနီးမှာပြည်သူ့ကာကွယ်ရေးတပ်(PDF)နဲ့တိုက်ပွဲအပြီး စစ်ကောင်စီတပ်က  သြဂုတ်လ ၂ရက် မနေ့ကညနေပိုင်းကနေဒီကနေ့မနက်အစောပိုင်းထိစစ်ကြောင်းထိုး မီးရှို့နေတာကြောင့် ဒေသခံသောင်းချီထွက်ပြေးနေရပါတယ်။ “ညနေ ၄နာရီလောက်ကစလို့ မရကန်ရွာကို လေးနေရာ ငါးနေရာခွဲပီး မီးရှို့တယ်။ လက်နက်ကြီးနဲ့လဲ တညနေလုံး အနီးဝန်းကျင်ကို ဆက်တိုက်ထုနေတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဘုတလင်ဗကသရုံးခန်း စီးနင်းခဲ့တဲ့ စစ်ကြောင်းလက်ချက်နဲ့ သေဆုံးသူခုနစ်ဦးအထိရှိလာ

ဇူလိုင် ၊ ၂၉ စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် ညောင်ကန်ရွာရှိ မြို့နယ် ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချူပ်) ရုံးခန်းကို စီးနင်းခဲ့တဲ့ စစ်ကြောင်းလက်ချက်နဲ့သေဆုံးသူအရေအတွက် ခုနစ်ဦးအထိရှိလာတယ်လို့ ဒေသခံတဦးက DNA ကို ပြောပါတယ်။ “ကျောင်းသားသုံးဦးအပြင် ညောင်ကန်၊ ရွာသာ၊ ဖျောက်ဆိပ်ကုန်းပေါ့နော် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ကိုင်းတိုင်းက စစ်ရှောင်တွေ ရာသီတုပ်ကွေးဒဏ်ကြောင့် အခက်တိုး

ဇူလိုင်၊ ၂၁   စစ်ကိုင်းတိုင်းအတွင်း မြို့နယ်တချို့က စစ်ဘေးရှောင်ပြည်သူတွေဟာ ရာသီတုပ်ကွေးရောဂါ ဖြစ်သူ များပြားနေပြီး ဆေးဝါးမလုံလောက်တာနဲ့ ကုသမှုခံယူဖို့ ခက်ခဲတဲ့ အခြေအနေတွေနဲ့ ကြုံနေရတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။   လက်ရှိမိုးရာသီကာလမှာ အဖြစ်များတဲ့ [ဆက်လက်ဖတ်ရှုရန်]