ဒေသအလိုက် သတင်းကဏ္ဍ

ကလေးမြို့နယ်တောင်ပိုင်းတိုက်ပွဲမှာ စစ်အုပ်စုအများအပြားသေဆုံး ၊ လက်နက်တွေ သိမ်းဆည်းရမိ

စစ်ကိုင်းတိုင်း ကလေးမြို့နယ် တောင်ပိုင်းဒေသတွေမှာ မေလ ၂ရက်နေ့ကနေ မေလ ၃ရက်နေ့ ညပိုင်းအထိ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်အုပ်စုက အများအပြားသေဆုံးကာ လက်နက်တွေပါ သိမ်းဆည်းရမိခဲ့တယ်လို့ PDFကလေးက သတင်းထုတ်ပြန်လာခဲ့ပါတယ်။ မေလ ၂ရက်နေ့ မနက်ပိုင်းက စတင်ပြီး ကလေးမြို့နယ်တောင်ပိုင်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ထောင်နဲ့ချီတဲ့ မလဲသာရွာသားတွေ ပြန်စရာအိမ်မရှိတော့လို့ တောထဲဖြစ်သလိုပုန်းခိုနေရ

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်အတွင်း ထောင်နဲ့ချီတဲ့ မလဲသာရွာသားတို့ဟာ ပြန်စရာအိမ်မရှိတော့လို့ တောထဲမှာ ဖြစ်သလိုပုန်းခို နေကြရကြောင်း သိရပါတယ်။ မေလ (၂) ရက်နေ့က အရာတော်တောင်နယ်၊ မလဲသာကျေးရွာကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့တာကြေင့် အိမ်ခြေ (၅၀၀) ကျော် မီးလောင်ပျက်စီးခဲ့သလို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လက်နက်မရှိတော့လို့ Mission တွေ ယာယီရပ်နားမယ်လို့ KSO ပြော

စစ်ကိုင်းတိုင်းအတွင်းမှာ အကြမ်းဖက်စစ်အုပ်စုကို ခုခံတိုက်ခိုက်နေတဲ့ ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ KhinU Support Organization မှာ ဆက်လက်တိုက်ခိုက်ဖို့ လက်နက်နဲ့ဆက်စပ်ပစ္စည်းတွေ မရှိတော့တာကြောင့် Mission တွေကို ယာယီရပ်နားသွားမယ်လို့ ဆိုပါတယ်။ မနေ့က မေလ ၃ ရက်နေ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဆိပ်ခွန် ဘုန်းကြီးကျောင်းမှာ ခိုလှုံနေတဲ့ စစ်ရှောင်တွေကို လူသားတံတိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ရွာဘုန်းကြီးကျောင်းမှာ ခိုလှုံနေတဲ့ စစ်ရှောင်အမျိုးသားတွေကို အကြမ်းဖက်စစ်တပ်က လူသားတံတိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်နေတယ်လို့ သိရပါတယ်။ ဖေဖေါ်ဝါရီ ၈ ရက်နေ့ကစပြီး အကြမ်းဖက်စစ်တပ်က ဆိပ်ခွန်ရွာထဲကို ဝင်ရောက်စီးနင်းပြီးနောက် တစ်ရွာလုံး အိုးအိမ်စွန့်ထွက်ပြေးခဲ့ကြကာ တချို့မှာ ဆိပ်ခွန်ရွာ ဘုန်းကြီးကျောင်းမှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရွှေဘိုနယ်မြေရှင်း အကြမ်းဖက်စစ်ကြောင်း တိုက်ခိုက်ခံရ၊စစ်သား ၃၀ ထက်မနည်းသေ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းနယ်မြေရှင်းလင်းရေးလုပ်နေတဲ့ အကြမ်းဖက်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစုက တိုက်ခိုက်ခဲ့ရာ စစ်သား ၃၀ ထက်မနည်းသေဆုံးခဲ့ကြောင်း သိရပါတယ်။ ရွှေဘိုမြို့နယ်၊ တပင်ခေါင်းရွာနဲ့ ကျားရွာကိုမီးရှို့ဖျက်ဆီးခဲ့တဲ့ အင်အား ၁၅၀ ဝန်းကျင်ရှိတဲ့ စစ်ကြောင်းကို ဇီးဖြူကုန်းရွာနဲ့ ဆိပ်ခွန်ရွာကြားအရောက် မဟာမိတ်တပ်ပေါင်းစုတွေက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဆားလင်းကြီးမှာ စစ်ကားတစ်စီး မိုင်းထိ

ဒီနေ့မနက်၅နာရီလောက်မှာ စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်ထဲဝင်လာတဲ့ အကြမ်းဖက်စစ်ကားတစ်စီး မိုင်းဆွဲခံရပြီး ပျက်စီးသွားခဲ့ပါတယ်။ ဒီနေ့မနက်ပိုင်းမှာ မုံရွာမြို့ကွန်ပျူတာကျောင်းကနေ ထွက်လာတဲ့စစ်ကားကြီး၃စီးဟာ ဆားလင်းကြီးမြို့နယ် စမ္မာယ်အိမ်ယာအနီးအရောက် ချင်းတွင်းရိုးမနဲ့ မဟာမိတ်တပ်ဖွဲ့တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကား တစ်စီးတည့်တည့်မိုင်းထိမှန်ခဲ့ကာ သေဆုံးထိခိုက်အခြေအနေကို မသိရသေးဘူးလို့ ချင်းတွင်းရိုးမမဟာမိတ် တပ်ပေါင်းစုကထုတ်ပြန်ပါတယ်။ ‘မနက်စောစောစီးစီးဆိုတော့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တစ်ပတ်အတွင်း ၂ ကြိမ် မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး စစ်အုပ်စု ၁၂ ဦး သေဆုံးကြောင်း ချောင်းဦး PDF ထုတ်ပြန်

စစ်ကိုင်းတိုင်း ၊ ချောင်းဦးမြို့နယ် ကင်မွန်းတော်ရွာမှ ပျူစောထီးများနှင့် အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့ကို ချောင်းဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဧပြီလ ၂၉ ရက်နဲ့ မေလ ၁ ရက်နေ့တွေမှာ မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုနဲ့ ပျူစောထီး စုစုပေါင်း၁၂ ဦး သေဆုံးခဲ့တယ်လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကလေး၊ ရှားဖိုရွာကို လေကြောင်းပစ်ကူနဲ့ဝင်စီးပြီးနောက် မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ကလေးနယ်တောင်ပိုင်းက ရှားဖိုရွာလူနေအိမ်တွေကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ ပါတယ်။ မေ၃ရက်နေ့၊ မြေပြင်တိုက်ပွဲမှာ အကျအဆုံးများလာတဲ့ အကြမ်းဖက်တပ်ဟာ ဗုံးတပ်ဆင်ထားတဲ့ ဒရုန်းနဲ့ ထပ်မံတိုက်ခိုက်မှုကို တော်လှန်ရေးအင်အားစုတွေက ပစ်ချနိုင်ခဲ့ပါတယ်။ အဲဒီနောက်ညနေ (၃) နာရီလောက် မှာ တိုက်ခိုက်ရေးရဟတ်ယာဉ်နှစ်စင်းနဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကလေး၊ ရှားဖိုရွာဝန်းကျင်ကို ရဟတ်ယာဉ်နှစ်စီးနဲ့ မနားတမ်း ပစ်ခတ်ခဲ့

အကြမ်းဖက်စစ်တပ်က အထိနာနေတဲ့ စစ်ကိုင်းတိုင်း၊ကလေးနယ်တောင်ပိုင်းက ရှားဖိုရွာဝန်းကျင်ကို စစ်သုံး ရဟတ်ယာဉ် ၂ စီးနဲ့ မနားတမ်းပစ်ခတ်ခဲ့တယ်လို့ CDF-KKG က ထုတ်ပြန်ပါတယ်။ အကြမ်းဖက်စစ်တပ်ရဲ့ ဗုံးတပ်ဆင်ထားတဲ့ ဒရုန်းနဲ့ လာရောက်တိုက်ခိုက်မှုကို တော်လှန်ရေးအင်အားစုတွေက ပစ်ချနိုင်ခဲ့ပြီးနောက် ရဟတ်ယာဉ်နဲ့ လာရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ညောင်ပင်သာကျေးရွာမှာ ပြည်သူ ၅ ဦးရဲ့ အလောင်းတွေကို စစ်အုပ်စုက လမ်းပေါ်မှာ စွန့်ပစ်

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ညောင်ပင်သာကျေးရွာမှာ အကြမ်းဖက်စစ်အုပ်စုက ပြည်သူ ၅ ဦးကို သတ်ဖြတ်ပြီး လမ်းမပေါ်မှာ အလောင်းတွေကို စွန့်ပစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ မေလ ၃ ရက်နေ့ မနက်ပိုင်း ညောင်ပင်သာကျေးရွာကနေ အကြမ်းဖက်စစ်အုပ်စုက [ဆက်လက်ဖတ်ရှုရန်]