နိုင်ငံရေး

ကသာနယ် မိုးတားလေးရွာကို လေယာဉ်နဲ့ ဗုံးကျဲလို့ ဒေသခံ ခုနစ်ဦးထက်နည်းသေဆုံးပြီး အများအ ပြားဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ မိုးတားလေးကျေးရွာထဲကို စစ်ကောင်စီက ဒီကနေ့ ဇန်နဝါရီ(၁၈)ရက် ညပိုင်းမှာ ဂျက်ဖိုက်တာ သုံးစီးနဲ့ ပေါင်ငါးရာ မီးလောင်ဗုံးတွေကျဲချတာကြောင့် ခုနစ်ဦးထက် မနည်းသေဆုံးပြီး အများအပြားဒဏ်ရာရ ထားတယ်လို့ Nothern ABSDF ကထုတ်ပြန်ပါတယ်။ မြစ်ကြီးနားကလာတဲ့ ဂျက်လေယာဉ်သုံးစီးက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

Non CDM ဝန်ထမ်းတွေကို အရေးယူမယ်လို့ ဆားလင်းကြီးပြည်သူ့ကာကွယ်ရေး အဖွဲ့ ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းက ဌာနဆိုင်ရာရုံးတွေမှာ စစ်ကောင်စီထောက်တိုင်အဖြစ်ရပ်တည် နေတဲ့ Non-CDM ဝန်ထမ်းကိုထိထိရောက်ရောက်အရေးယူမယ်လို့ အဲ့ဒီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဇန်နဝါရီ ၁၁ ရက်မှာ ထုတ်ပြန်ပါတယ်။  Non CDM ဝန်ထမ်းတွေဟာ ပြည်သူ့လစာကို ခံစားနေပေမယ့် ပြည်သူကိုမျက်နှာမမူဘဲ ပြည်သူတွေကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ကောင်စီလုပ်မယ်ရွေးကောက်ပွဲနဲ့ ပြည်သူတွေဝေးဝေးနေဖို့ပခုက္ကူ နဲ့ ထီးချိုင့်(ပအဖ) စာထုတ်

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နဲ့ မကွေးတိုင်း ပခုက္ကူမြို့မှာစစ်ကောင်စီကပြုလုပ်ဖို့ ပြင်ဆင်နေတဲ့ တရားမဝင် ရွေးကောက်ပွဲနဲ့ ပြည်သူတွေဝေးဝေးနေကြဖို့ နဲ့ မပူးပေါင်းကြဖို့ အမျိုးသားညီညွတ်ရေး အစိုးရရဲ့ ပြည်သူအုပ်ချူပ်ရေးအဖွဲ့ (ထီးချိုင့်) နဲ့ (ပခုက္ကူ) ကအခုရက်ထဲမှာ အသိပေးစာတွေထုတ်ပြန်ထားပါတယ်။ အဲဒီ အသိပေးချက်ကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်တပ်စစ်ကြောင်းထိုးနေတဲ့ဆားလင်းကြီးမှာ ဒေသခံတသောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကျေးရွာတွေကို စစ်ကောင်စီတပ်က မွှေနှောက်မီးရှို့နေတာကြောင့် ကျေးရွာ ဆယ်ရွာက စစ်ရှောင် တသောင်းကျော် နေရပ်စွန့်ခွာထွက်ပြေးနေရပြီး အစားအစာနဲ့ နေရာထိုင်ခင်းအခက်အခဲတွေကြုံတွေ့နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်တွေဟာ ဇန် နဝါရီ ၁၂ ရက်ကနေ လက်ရှိအချိန်ထိ ပိုင်းတောင်ကြီး၊ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အရာတော်မှာစစ်တပ်ဂိတ်ဒရုန်းနဲ့တိုက်ခိုက်ခံရပြီးနောက် ဖြတ်သွားဖြတ်လာတွေကိုဖမ်းဆီး

စစ်ကိုင်းတိုင်း ၊ အရာတော်မြို့နယ် ကျွန်းဖိုပင်ကျေးရွာလမ်းတလျှောက်မှာ အကြမ်းဖက်ပိုက်ဆံကောက် ခံနေတဲ့ စစ်ကောင်စီတပ်တွေကို ဒေသကာကွယ်ရေးတပ်တွေက ဇန်နဝါရီ(၁၂)ရက် မနက်ပိုင်းက ဒရုန်းနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ် လို့ Danger Force LPDF ကထုတ်ပြန်ပါတယ်။ “အင်အားအယောက် သုံးဆယ်လောက်နဲ့ လက် ဖက်ရည်ဖိုးဆိုပြီး​ကောက်နေတာပါ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အင်းတော်မှာ စစ်တပ်က ရမ်းသန်းပစ်ခတ်လို့ ပဲခင်းပေါင်းထိုးနေတဲ့ လင်မယားကျည်ထိပြီး တဦး သေဆုံး

စစ်ကိုင်းတိုင်းအထက်ပိုင်း၊အင်းတော်မြို့မှာ ဇန်န ဝါရီ (၁၂)ရက် မနက် ဆယ်နာရီဝန်းကျင်မှာ စစ်ကောင်စီက ရမ်းသန်းပစ်ခတ်လို့ ပဲခင်းထဲပေါင်းထိုးနေတဲ့ လင်မယားနှစ်ဦးကိုထိမှန်ခဲ့ပြီး အမျိုးသားဖြစ်သူသေဆုံးသွားတယ်လို့ ဒေသခံတွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဆီကသိရပါတယ်။ ” အင်းပတ်သွားတဲ့လမ်းဘက်ကနေရမ်းပစ်တာ၊ ယောက်ျားကိုက ပေါင်ကိုမှန်တာ၊သွေးထွက်လွန်ပြီးဆုံးတာပေါ့” လို့ Indaw Revolution [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တိုက်ပွဲပြန် PDF တွေကို ပြည်သူတွေကကြို

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ချင်းတွင်းမြစ်ကြောင်းတလျှောက် စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ် တပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေ တလနီးပါးကြာရက်ရှည်တိုက်ပွဲ ဖြစ်ခဲ့ပြီးနောက် တိုက်ပွဲက ပြန်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို ပြည်သူတွေက အခုလိုကြိုဆိုခဲ့ကြပါတယ်။ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့ ခြောက်ခုက တပ်ဖွဲ့ဝင် တရာလောက် အဲ့ဒီကြိုဆိုပွဲတက်ရောက်ခဲ့ကြပြီး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကလေးမြို့၊ တာဟန်းရပ်ကွက်မှာ ဆိုင်ကယ်စီးလူငယ်တဦးကို စစ်ကောင်စီက ပစ်သတ်

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တာဟန်းရပ်ကွက်မှာ ဆိုင်ကယ်စီးလာတဲ့လူငယ်တဦးကို ဇန်နဝါရီ ၉ ရက် ညနေ ၆ နာရီ ဝန်းကျင်မှာ တာဟန်းကင်းစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်သတ်ခဲ့တယ်လို့ အဲ့ဒီရပ်ကွက်မှာ နေထိုင်သူ တွေကပြောပါတယ်။ “ဆိုင်ကယ်စီးလာတာကိုပစ်တော့ ပုခုံးကိုမှန်သွားတာ၊မှန်ပြီးတော့နည်းနည်းဆက်စီးသေးတယ်၊ပြီးတော့ ဆိုင် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တမူး၊မလူရွာတိုက်ပွဲမှာပျူခေါင်းဆောင်နှစ်ဦး သေဆုံးပြီးနောက် ရွာခံ NLD ပါတီဝင်တွေ ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း တမူးမြို့နယ်၊မလူကျေးရွာမှာ ရွာခံ ပျူစောထီးအုပ်စုနဲ့ တမူး PDF တပ်ရင်း(၃)တို့ တိုက်ပွဲဖြစ်ကာ ပျူစောထီးခေါင်းဆောင်နှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။  အဲ့ဒီလို တိုက်ပွဲ ဖြစ်ကာ ပျူခေါင်းဆောင်တွေသေဆုံးပြီးနောက် ပျူစောထီးအဖွဲ့ဝင်တွေက မလူကျေးရွာက NLD [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မြောင်နယ် ပန်းညိုရွာကို မီးရှို့နေတဲ့စစ်တပ်ကို ကာ ကွယ်ရေးတပ်တွေ တိုက်ခိုက်လို့ရွာလုံး ကျွတ် ပြာကျမယ့်ဘေးကလွတ်

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဧရာဝတီ မြစ်ကမ်း က ပန်းညိုရွာကို စစ်ကောင်စီက အင်အား တရာဝန်းကျင်နဲ့ စစ်ကြောင်းထိုးကာ ဇန်နဝါရီ ၉ ရက် ညနေပိုင်းမှာမီးရှို့ဖျက်ဆီးချိန်ဒေသခံကာကွယ်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ပြီး တရွာလုံး မီးလောင်ပြာကျမယ့်ဘေးကနေ ကာကွယ်နိုင်ခဲ့တယ်လို့ ကာကွယ်ရေးအင်အားစုတွေကပြောပါ တယ်။ [ဆက်လက်ဖတ်ရှုရန်]