နိုင်ငံရေး

တိုက်ပွဲတွေကြားက လူထုသပိတ်စစ်ကြောင်းများ

အာဏာသိမ်းစစ်ကောင်စီကို လက်နက်စွဲကိုင် တော်လှန်တိုက်ခိုက်မှုတွေ နိုင်ငံတဝှမ်းမှာ မြင့်တက်နေသလို တချိန်တည်းမှာပဲ အာဏာသိမ်းမှုကို လက်မခံဆန့်ကျင်ကြောင်း ထုတ်ဖော်ပြသတဲ့ လူထုသပိတ်လှုပ်ရှားမှုတွေလည်း နိုင်ငံအနှံ့မှာ ဆက်ရှိနေပါတယ်။ လက်ရှိအချိန်အထိ အဆက်မပြတ် သပိတ်စစ်ကြောင်း လှုပ်ရှားမှုရှိနေတဲ့ ဒေသတွေထဲက အများစုဟာ စစ်ကိုင်းတိုင်းက ဖြစ်ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကလေးမြို့မှာ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ

ကလေးမြို့တောင်ဘက် ဇင်းကလင်းကျေးရွာနဲ့ ထိုမာကျေးရွာကြားမှာ အင်အားရှစ်ဆယ်ဝန်းကျင်ပါ စစ်ကောင်စီစစ်ကြောင်း ဒီဇင်ဘာ ၂၁ ရက် ဒီကနေ့ မနက်ပိုင်း ဆယ်နာရီဝန်းကျင်မှာ မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ ကာကွယ်ရေး အင်အားစုတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။ “မိုင်းပေါက်ကွဲသံနဲ့ သေနတ်ပစ်သံတွေ ကြားလိုက်တယ်၊ လူထိမထိတော့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကလေးမြို့က စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်

စစ်ကောင်စီက မြို့အနီးဝန်းကျင် ကျေးရွာတွေကို စစ်ကြောင်းဖြန်နေတဲ့ကြားကပဲ ကလေးမြို့ ပင်မသပိတ်အင်အားစုနဲ့ ပြည်သူတချို့ဟာ ဒီက​နေ့ ဒီဇင်ဘာ (၂၁) ရက်မှာ စစ်အာဏာရှင်ကို သပိတ် မှောက်ခဲ့ကြပါတယ်။ နွေဦးတော်လှန်ရေး ကာလအတွင်း ဒေသတွင်းမှာ ကျဆုံးခဲ့တဲ့ တော်လှန်ရေး အင်အားစုတွေရဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကလေးမြို့က စစ်အာဏာရှင် ဆန့်ကျင်ရေး ညသပိတ်

ကလေးမြို့ ပင်မသပိတ်အင်အားစုနဲ့ ဒေသခံပြည်သူတွေဟာ ဒီကနေ့ ဒီဇင်ဘာ (၂၀) ရက်ညပိုင်းက ကလေးမြို့မှာ ဆီမီးတွေထွန်းညှိပြီး “ဗိုလ်အောင်ကျော်စိတ်ဓာတ် ကိုင်စွဲတိုက်ပွဲဝင်ကြ” စာတန်းနဲ့အတူ ချီတက်ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။ ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော် ကျဆုံးခြင်း (၈၄) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကလေးမြို့ အနောက်ပိုင်းမှာ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ

ကလေးမြို့ အနောက်ပိုင်း၊ စက္ကန့်ရွာဘက်ကနေ သုံးအိမ်စုကျေးရွာဘက်ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒီဇင်ဘာ (၁၉) ရက် ဒီကနေ့ နေ့လယ်ပိုင်းမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ PDF Kalay က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီစစ်ကြောင်းဟာ မနေ့က စက္ကန့်ရွာမှာ ညအိပ်ခဲ့ပြီးနောက် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

သွေးမအေးဖို့ သတိပေးစာတန်းနဲ့ ကလေးမြို့က ပြောက်ကျားသပိတ်

ကလေးမြို့ ပင်မသပိတ်အင်အားစုဝင်တွေဟာ ဒီဇင်ဘာ ၁၉ ရက်ဒီကနေ့မှာ “ထောင်ထဲမှာတော့ သေနေပြီ မင်းတို့တွေက သွေးအေးတုန်းလား” စာတန်းကို ကလေးမြို့ထဲက ဆိပ်ကမ်းသာတံတားမှာချိတ်ဆွဲကာ တော်လှန်ရေးအတွက် သွေးမအေးသွားကြဖို့ သတိပေးတိုက်တွန်းတဲ့ လှုပ်ရှားမှုတခုလုပ်ခဲ့ပါတယ်။ ဆိပ်ကမ်းသာတံတားဟာ ကလေးမြို့ရဲ့ လူသွားလူလာများတဲ့ နေရာထဲကတခုဖြစ်ပြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လူ့အခွင့်အရေးဟောပြောပွဲနဲ့ ကလေးမြို့ပင်မသပိတ်

ကလေးမြို့ပင်မသပိတ်အင်အားစုနဲ့ ဒေသခံပြည်သူတွေဟာ ဒီဇင်ဘာ (၁၇) ရက် ဒီကနေ့မှာ လူ့အခွင့်အရေးဆိုင်ရာ ဟောပြောပွဲသပိတ် ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။ အဲ့ဒီ ဟောပြောပွဲမှာ သပိတ်ဦးဆောင်သူတွေက လူ့အခွင့်အရေးနဲ့ ပတ်သက်တာတွေ ဟောပြောခဲ့တဲ့အပြင် စစ်အာဏာသိမ်းပြီးကတည်းက ဆုံးရူံးခဲ့ရတဲ့ လူ့အခွင့်အရေး အခြေအနေတွေနဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကလေးမြို့ကဆီမီးသပိတ်

ကလေးမြို့ပင်မသပိတ်အင်အားစုတွေနဲ့ ဒေသခံပြည်သူတွေဟာ ဒီဇင်ဘာ (၁၆) ရက်ညပိုင်းမှာ စစ်အာဏာရှင် ဆန့်ကျင်ရေးဆီးမီးသပိတ်ပြုလုပ်ခဲ့ကြပါတယ်။ သပိတ်အခမ်းအနားတက်ရောက်လာသူတွေက နွေဦးတော်လှန်ရေးမှာ ကျဆုံးခဲ့တဲ့ပြည်သူတွေအတွက် ဆီမီးထွန်း ပြီး အလေးပြုဆုတောင်းခဲ့ကြပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံတွေ ကြွေးကြော်ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။ ကလေးမြို့ပင်မသပိတ်ဟာ စစ်အာဏာရှင်ကို ပျက်ရက်မရှိဆန့်ကျင်သပိတ်မှောက်လာတာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဟောပြောပွဲသပိတ်လုပ်ခဲ့တဲ့ ကလေးမြို့ပင်မသပိတ်

ကလေးမြို့ပင်မသပိတ်အင်အားစုနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး ဒီဇင်ဘာ (၁၅) ရက် ဒီကနေ့ ကလေးမြို့ တနေရာမှာ စစ်အာဏာရှင်ကို စည်းစည်းလုံးလုံးနဲ့ အမြစ်ပြတ်တော်လှန်သွားဖို့ ဟောပြောပွဲသပိတ် လုပ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ သပိတ်အခမ်းအနားမှာ အမျိုးသားရေး အစွန်းရောက်မှုတွေကို ရှောင်ကြဥ်ပြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တရားမဝင်တဲ့ ရွေးကောက်ပွဲကို တိုက်ဖျက်ကြဖို့ ချီတက်ဆန္ဒပြခဲ့တဲ့ ကလေးမြို့ပင်မသပိတ်

ကလေးမြို့ ပင်မသပိတ်အင်အားစုနဲ့ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီက ကျင်းပဖို့ပြင်ဆင်နေတဲ့ တရားမဝင်ရွေးကောက်ပွဲကို တိုက်ဖျက်ကြဖို့ လူထုအလံ၊ ကျောင်းသားအလံ၊ ချင်းအမျိုးသားအလံ တွေ ကိုင်ဆောင်ပြီး ဒီဇင်ဘာ (၁၄) ရက်ဒီကနေ့မှာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ အခုရက်ပိုင်းအတွင်း ကလေးမြို့မှာ စစ်ရေးတင်းမာနေပြီး စစ်ကောင်စီက [ဆက်လက်ဖတ်ရှုရန်]