ဒေသအလိုက် သတင်းကဏ္ဍ

ကလေးမြို့မှာစစ်ကောင်စီတပ်လက်ချက်နဲ့ သားအမိနှစ်ယောက် သေဆုံး

သြဂုတ် ၊ ၁၃ စစ်ကိုင်းတိုင်း၊ ကလေးမြို့အနောက်ပိုင်း အင်ဒိုင်းကုန်းရပ်ကွက်နဲ့ စက္ကန့်ကျေးရွာကြား ကျောက်ခွဲစက်အနီး  ဩဂုတ်လ ၁၂ ရက် မနေ့က ညနေပိုင်းမှာ စစ်ကောင်စီစစ်ကြောင်းက  သားအမိကိုနှစ်ယောက်ကိုသတ်ပြီး အလောင်းကိုမီးရှို့ထားခဲ့တယ်လို့ဒေသခံတွေဆီကသိရပါတယ်။ ” ဘယ်လိုအကြောင်းကြောင့်အသတ်ခံရတယ်ဆိုတာမသိဘူး။ မြို့လှက ဓားစာခံဖမ်းထားတဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကလေးမှာ စစ်ဆေးရေးဂိတ် ရပ်မပေးလို့ဆိုပြီး ပစ်ခတ်လို့ တဦးသေ၊ တဦးဒဏ်ရာရ

သြဂုတ်၊ ၁၁   စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တောင်ဖီလာ ရပ်ကွက် စစ်ဆေးရေးဂိတ်မှာ အလုပ်ကနေ ထမင်းစားပြန်လာတဲ့ အမျိုးသား နှစ်ဦးကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့လို့ တစ်ဦးသေဆုံးပြီး တဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။   “ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကလေးမြို့မှာ နင်းမိုင်းကြောင့် အရပ်သားတဦးသေဆုံး၊နှစ်ဦးဒဏ်ရာရ

သြဂုတ်၊ ၉  ကလေးမြို့နယ်မြောက်ပိုင်း လက်ပန်ချောင်းရွာအနီး ကျောက်ခွဲစက်နားမှာ မနေ့က နေ့လယ် တနာရီဝန်းကျင်က နင်းမိုင်းပေါက်ကွဲလို့  အရပ်သားတဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။  “သေတာကဒိုးဝိုင်းချောင်းရွာသားလေးဗျ၊နင်းမိတာက နွားကနင်းမိတာ၊နွားလည်းသေတယ်၊ဒီလမ်းဟာ အများ ပြည်သူသွားနေကြတဲ့လမ်းပဲဗျ၊ ခုမှဒီအဖြစ်ဖြစ်တာ” လို့ဒေသခံတဦးကပြောပါတယ်။ ပေါက်ကွဲမှုကြောင့် မိုင်းစမှန်ပြီးသေဆုံးသူဟာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကလေးမြို့မှာ စစ်ကောင်စီထောင်ထားတဲ့ မိုင်းနင်းမိပြီး ပလုံကောက်သူတဦး ဒဏ်ရာရ

ဇူလိုင်၊ ၃၁   စစ်ကိုင်းတိုင်း၊ ကလေးမြို့အနောက်ပိုင်း၊ တောင်ဇလပ်ရပ်ကွက်၊ ဆည်မြောင်းရုံးနားမှာ ပလုံကောက်သူ လူငယ်တဦး ဇူလိုင် ၂၉ ရက်၊ ညနေ ၅ နာရီခွဲ ဝန်းကျင်မှာ စစ်ကောင်စီက ထောင်ထားတဲ့ မြေမြှုပ်မိုင်း နင်းမိပြီး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကလေးမြို့ အနောက်ပိုင်းမှာ လက်နက်ကြီးမှန်လို့ အမျိုးသမီးတစ်ဦး သေဆုံးပြီး တဦးဒဏ်ရာရ

ဇူလိုင်၊ ၁၁   စစ်ကိုင်းတိုင်း၊ ကလေးမြို့အနောက်ပိုင်း တောင်ဖီလာရပ်ကွက်၊ အမှတ် ၁၄ ကျောင်းအနီးကို ဒီကနေ့ မနက်ပိုင်းမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ အမျိုးတဦး သေဆုံးကာ အမျိုးသားတဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။   [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကလေးမြို့မှာ ဇွန်လအတွင်း စစ်ကောင်စီရဲ့ပစ်ခတ်မှုနဲ့ ယာဉ်မတော်တဆမှုကြောင့် အရပ်သားနှစ်ဆယ်နီးပါး သေဆုံး

ဇွန်၊ ၃၀   စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ ခုဇွန်လအတွင်း စစ်ကောင်စီရဲ့လက်နက်ကြီး ပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုနဲ့ ကားမတော်တဆမှု တခုကြောင့် အရပ်သားအနည်းဆုံး ဆယ့်ခုနစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ ဒေသတွင်းသတင်းအချက်အလက်တွေအရ သိရပါတယ်။   ” စစ်တပ်က [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကလေးမြို့၊သာစည်ရွာကိုစစ်ကောင်စီတပ်ဝင်စီးလို့ အရပ်သားတဦးဒဏ်ရာရ၊ ဒေသခံတွေထွက်ပြေးနေရ

ဇွန် ၊ ၂၅ စစ်ကိုင်းတိုင်း၊ကလေးမြို့အနီးသာစည်ကျေးရွာကိုဇွန်လ ၂၅ ရက် ဒီကနေ့မနက်ပိုင်း ၉ နာရီလောက်မှာပဲ စစ်ကောင်စီတပ်တွေဟာလက်နက်ကြီး၊လက်နက်ငယ်တွေနဲ့တောက်လျောက်ပစ်ခတ်ဝင်ရောက်စီးနင်းခဲ့တဲ့အတွက်အရပ်သားတဦးဒဏ်ရာရသလိုရွာလုံးကျွတ်နီးပါးချက်ခြင်းဆိုသလိုတိမ်းရှောင်ထွက်ပြေးခဲ့ရပါတယ်လို့ ဒေသခံတွေကပြောပါတယ်။ “ပထမဇင်းကလင်းရွာမှာအထိုင်ချထဲကအဲ့ရွာကတဝက်ကျော်ကျော်လောက်ပြောင်းပြေးနေကြတာ၊ခုကတော့ရွာလုံးကျွတ်အားခြင်းပြေးကြရတာပါ၊ထိတဲ့သူကတော့သူတို့ပစ်ဝင်တဲ့အချိန်မှာပဲလက်ထိတာ၊လွတ်တော့လွတ်လာပြီသူက၊ခုလဲရွာထဲမှာမီးတွေရှို့နေတယ်၊မီးခိုးလုံးတွေထပ်တက်လာတာတွေ့နေရတယ်၊ဘာတွေရှို့နေလဲတော့မသိဘူး”လို့ သာစည်ရွာခံတဦးက DNA ကိုပြောပါတယ်။ အင်အားငါးဆယ်နီးပါးရှိတဲ့စစ်ကောင်စီစစ်ကြောင်းဟာဒီကနေ့မနက်ပိုင်းမှာပဲဇင်းကလင်းအထိုင်တပ်ရင်းကထွက်လာပြီးသာစည်ရွာကိုအခုလိုစစ်ကြောင်းထိုးခဲ့တာဖြစ်သလိုစစ်ကြောင်းထိုးနေတဲ့အချိန်မှာတော့ကလေးကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ထိတွေ့ပစ်ခတ်မှု့အနည်းငယ်ဖြစ်ပွားခဲ့သေးတယ်လို့လဲသိရပါတယ်။ “သူတို့ကကလေးမြို့နဲ့၊နည်းပညာတက္ကသိုလ်အထိလမ်းကြောင်းယူချင်တာ၊ဒီနေ့ကိုစစ်ကြောင်းထွက်တော့ဇင်းကလင်းနဲ့သာစည်ကြားကဂိတ်ဖွင့်ပွဲသွားမယ်ပဲမှတ်လိုက်တာ၊ပြီးတော့စစ်ကြောင်းဝင်ထိုးတော့၊ရွာထဲစီးပြီးမှထိတွေ့မှု့ဖြစ်တာ၊နှစ်ဖက်အကျအဆုံးအခြေအနေတော့မသိရသေးဘူး၊သူတို့ဖက်ကတော့လက်နက်ကြီးတောက်လျောက်ပစ်ကူအနေနဲ့ပစ်နေတာ၁၂ဝမမတွေနဲ့၊ရွာခံတွေကတော့ကျန်သမျှအကုန်ပြေးကြပြီ”လို့ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကထပ်ပြောပါတယ်။ အခုလိုစစ်ကောင်စီတပ်တွေအင်အားထိုးတာကြောင့်ကလေးမြို့အနီး ဆက်လက်တိုက်ပွဲတွေပြင်းထန်လာနိုင်သလို၊လက်နက်ကြီးနဲ့ရမ်းသန်းပစ်ခေတ်တာတွေကြောင့်အရပ်သားထိခိုက်သေဆုံးမှုတွေတောက်လျောက်ဆိုသလိုဖြစ်လာနေတာပါ။ ဒါ့အပြင်ပစ်ခတ်မှုတွေကြောင့် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကလေးမြို့ပေါ် ရှိ ဘီယာဆိုင်လေးဆိုင်က စစ်တပ်ထုတ်ကုန်ဘီယာဖာတွေကို NUG ရဲတပ်ဖွဲ့သိမ်းဆည်း

ဇွန် ၊ ၂၅ စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်ရှိ အရက်ဘီယာဆိုင်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲတပ်ဖွဲ့ကလိုက်လံစစ်ဆေးခဲ့ပြီး ဘီယာဆိုင် လေးဆိုင်မှာ ရောင်းချဖို့ တားမြစ်ထားတဲ့ စစ်တပ်ထုတ်ကုန် ဘီယာဖာတွေကို သိမ်းဆည်းခဲ့တယ်လို့အဲဒီအဖွဲ့ တာဝန်ရှိသူတဦးက DNA ကိုပြောပါတယ်။  “ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကလေးမြို့မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်လို့ ကလေးငယ်တဦးသေဆုံးပြီး မိသားစုဝင်တွေဒဏ်ရာရ

ဇွန် ၊ ၂၂ စစ်ကိုင်းတိုင်း၊ကလေးမြို့နယ်နဲ့ ငါးမိုင်ခန့်အကွာက  အနောက်သာစံရွာကိုစစ်ကောင်စီတပ်က တိုုက်ပွဲမရှိဘဲ ဇွန်လ ၂၁ ရက် မနေ့ညက ၈၀ မမလက်နက်ကြီးနဲ့ပစ်လို့ ကလေးငယ်တဦးသေဆုံးပြီး မိသားစုဝင်တွေဒဏ်ရာရတယ်လို့သိရပါတယ်။ ကလေးနည်းပညာတက္ကသိုလ်အတွင်းမှာ တပ်စွဲထားတဲ့စစ်ကောင်စီတပ်က မနေ့က ညပိုင်း ၉ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကလေးမြို့မှာ ပန်းပန်လို့ ဖမ်းဆီးထား တဲ့အမျိုးသမီးတွေ ပြန်လွတ်လာ

ဇွန်၊ ၂၀   စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မြို့မစျေး ရှေ့မှာ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဇွန် ၁၉ ရက်မနေ့က ဖမ်းဆီးသွားတဲ့ အမျိုးသမီးတွေအားလုံး ဒီကနေ့ ဇွန် ၂၀ ရက်မနက်ပိုင်းမှာ ပြန်လည်လွတ်မြောက်လာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ [ဆက်လက်ဖတ်ရှုရန်]