နိုင်ငံရေး

ကမာရွတ်မြို့နယ်စာရင်းစစ်ရုံး လက်ပစ်ဗုံးနဲ့ပစ်ခတ်တိုက်ခိုက်ခံရ

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊အမှတ် ၁ရပ်ကွက်၊ဆီစက်လမ်းမှာရှိတဲ့ မြို့နယ်စာရင်းစစ်ရုံးကို ဒီကနေ့ မွန်းလွဲ ၁၂နာရီ ၄၅မိနစ်အချိန်က လက်ပစ်ဗုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ​Freeland Attack Force (FLA)အဖွဲ့ရဲ့တာဝန်ရှိသူတဦးက DNAကိုပြောပါတယ်။ “လမ်းကြပ်တဲ့ကြားထဲကနေလုပ်ခဲ့ရတာ ကလေးတွေလည်း စိုးရိမ်စိတ်နည်းနည်းတော့ရှိ့ခဲ့တယ်။ခွေးစစ်တပ် လက်အောက်ခံဆိုရင်ဒေါက်တိုင်ပဲ ဒါကြောင့်ဖြိုတာပါ”လို့ Freeland [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဟံသာဝတီစည်ပင်ရဲဝန်းထဲက ဗုံးပေါက်ကွဲမှု မြို့တော်ဝန်နဲ့အဖွဲ့ကိုတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဆို

ကမာရွတ်မြို့နယ်၊ဟံသာဝတီစည်ပင်ရဲဝန်းအတွင်းဗုံးပေါက်ကွဲမှုဟာ စစ်ကောင်စီခန့် ရန်ကုန် မြို့တော်ဝန် ဗိုလ်ဌေးနဲ့အဖွဲ့ကို တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ Special Task Agency (STA)အဖွဲ့ကထုတ်ပြန်ပါတယ်။ တိုက်ခိုက်မှုကြောင့် စစ်တပ်အရာရှိရဲ့ကားနောက်ပိုင်းထိမှန်ပျက်စီးခဲ့ပြီး တခြားထိခိုက်သေဆုံးမှုရှိမရှိကို ဆက် လက်စုံစမ်းနေတယ်လို့လည်း အဲ့ဒီအဖွဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။တိုက်ခိုက်မှုလုပ်ခဲ့တဲ့ တပ်ဖွဲ့ဝင်က တော့ အထိအခိုက်မရှိ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကမာရွတ် စည်ပင်ရဲဝန်းထဲ ဗုံးပေါက်ကွဲပြီး လမ်းသွားလမ်းလာ လေးဦးထိခိုက်ဒဏ်ရာရ

ကမာရွတ်မြို့နယ်၊ နာနတ်တောမီးပွိုင့်အနီးက စည်ပင်ရဲဝန်းအတွင်းမှာ ဒီကနေ့စက်တင်ဘာ (၁၆) ရက် မနက် ၁၀ နာရီလောက်ကဗုံးပေါက်ကွဲပြီး လမ်းသွားလမ်းလာတချို့ထိခိုက်မှုရှိတယ်လို့အနီးဝန်းကျင်မှာနေထိုင်သူတွေက DNA ကိုပြောပါတယ်။   “ကြားတာတော့ လေးဦးပေါ့၊ဆေးရုံကားနဲ့ခေါ်သွားပြီ၊ထိတာနဲနဲတော့များတယ်ထင်တယ်” လို့ စည်ပင်ရဲဝန်းအနီး နေထိုင်သူတစ်ဦးက ပြောပါတယ်။   [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရန်ကုန်၊ လှည်းတန်းမှာ အမျိုးသမီးနှစ်ဦး ပစ်ခတ်ခံရပြီး တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်မှာရှိတဲ့ လှည်းတန်းစျေးအနီးမှာ အမျိုးသမီးနှစ်ဦးပစ်ခတ်ခံရပြီး၊တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့​တယ်လို့ ဒေသခံတွေက ပြောပါတယ်။ “စျေးနားမှာ အပစ်ခံရတာ။ကောင်မလေးတစ်ယောက်ကတော့ သေသွားတယ်။တစ်ယောက်ကတော့ ဒဏ်ရာရတယ်လို့သိရတယ်။ဘယ်သူတွေဆိုတာမသိရသေးဘူး”လို့ ဒေသခံတစ်ဦးကပြောပါတယ်။ အမျိုးသမီးနှစ်ဦးဟာ ဒီကနေ့ ဇူလိုင် ၄ ရက် မနက် ၉ နာရီအချိန်မှာ [ဆက်လက်ဖတ်ရှုရန်]