ကန်ရွာရဲစခန်းကိုတိုက်ခိုက်ခံရပြီးနောက် စစ်တပ်က လေကြောင်းကစစ်ကူချလို့ ဒေသခံတွေရွာထဲမဝင်ရဲ
ဧပြီ၊ ၁ မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်မြောက်ပိုင်းကကန်ရွာရဲစခန်းကိုဒေသကာကွယ်ရေးတပ်တွေက မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် စစ်တပ်ကလေကြောင်းကနေ စစ်သားတွေရွာထဲချထားတာကြောင့် ဒေသခံတသောင်းကျော်ဟာ ရွာထဲကိုပြန်မဝင်ရဲကြသေးဘူးလို့ သိရပါတယ်။ ” ငါးဆယ်ခြောက်ဆယ်လောက်တော့ရှိမယ်။ စခန်းကမရှိတော့ဘူးဆိုတော့ စခန်းနားကအိမ်တွေထဲမှာနေကြတယ်။ မနေ့က ရွာလယ်ထဲထိလာကြသေးတယ်ပြောတယ်။ PDF ဘက်က ဒရုန်းဝဲတော့ စခန်းဘက်ကိုပြန်ပြေးပြီး ကတုတ်ကျင်းတွေထဲဆင်းသွားကြတာ” [ဆက်လက်ဖတ်ရှုရန်]