စက်တင်ဘာ ၊ ၁၇ မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်မြောက်ပိုင်း၊ မြောက်ခင်ရန်းကျေးရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကမြစ်သာမြစ်အရှေ့ဘက် မြင်သားရွာကို စက်တင်ဘာ ၁၆ ရက်၊ညနေပိုင်းမှာ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် စစ်ရှောင်အရပ်သားနှစ်ဦးသေဆုံးပြီး ခုနစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ” ညနေထမင်စားနေတုန်းကြီးအပစ်ခံရတာ။ အိမ်ပေါ်ကိုတည့်တည့်ကျတာ။သေတဲ့နှစ်ယောက်ကလင်မယားတွေ။ နှစ်ဆယ်ကျော်အရွယ်ရကာစရှိသေးတာ” လို့ ဒေသခံတဦးကပြောပါတယ်။ စစ်ကောင်စီတပ်က လက်နက်ကြီးကျည်နှစ်လုံးပစ်ခတ်ခဲ့ရာမှာ ကျည်တလုံးက မြင်သားရွာအနောက်မြောက်ပိုင်းက နေအိမ်ပေါ်ကျရောက်ပေါက်ကွဲခဲ့ပြီး လင်မယားနှစ်ဦး သေဆုံးကာ အမျိုးသမီးနှစ်ဦး၊အမျိုးသားလေးဦးနဲ့ ကလေးတဦးစုစုပေါင်း ခုနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။ ” သူတို့ကမြင်သားရွာကဟာတွေမဟုတ်ဘူး။ ရွာသစ်ကုန်းကနေစစ်လာရှောင်တဲ့ စစ်ရှောင်တွေ။ ဒဏ်ရာရတဲ့ထဲမှာ…
Read Moreစက်တင်ဘာ၊ ၁၃ မွန်ပြည်နယ်၊ ရေးမြို့နယ် ကျောင်းရွာကျေးရွာမှာ စက်တင်ဘာလ ၁၂ ရက်၊ နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ် ပစ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား လေးဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ “ ထိသွားတာက လက်နက်ကြီးစ ထိမှန်တာပေါ့နော်။ ရွာကလူတွေပဲ လေးဦး၊ ငါးဦးလောက်ပေါ့။ တဦးက ဘာမှမဖြစ်ဘူး၊ နည်းနည်းပဲပြောတယ်၊ လူကြီးပိုင်းနဲ့ လူလတ်ပိုင်းတွေပေါ့ ” လို့…
Read Moreစက်တင်ဘာ၊ ၁၂ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ မြဒေါင်ကျေးရွာမှာ စက်တင်ဘာလ ၁၁ ရက်၊ မနေ့က ညနေ ၆ နာရီခွဲလောက်က စစ်ကောင်စီတပ်ဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ထိမှန်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်စိတ်မှူးတဦး ကျဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာရခဲ့ပါတယ်။ ” ရဲဘော်တွေနေတဲ့ အိမ်ပေါ်တည့်တည့်ကျပြီး တပ်စိတ်မှူး ပွဲချင်းပြီး ဆုံးပါတယ်။ ရဲဘော်တချို့ ဒဏ်ရာရတယ် ” လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ်…
Read Moreစက်တင်ဘာ၊ ၁၁ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ စက်တင်ဘာ ၁၀ ရက်၊ မနေ့က မနက် ၆ နာရီခန့်မှာ စစ်ကောင်စီ စစ်ရေယာဉ်ပေါ်က လက်နက်ကြီးနဲ့ ပစ်လို့ ဖောင်းကတာကျေးရွာက အမျိုးသမီးတဦး သေဆုံးခဲ့သလို နောက်ထပ်နှစ်ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့လို့ ကာကွယ်ရေးတပ်တွေဆီက သိရပါတယ်။ “ တိုက်ပွဲမဖြစ်ဘူး။ အဲ့လိုပစ်တာက ထုံးစံပဲဗျ “ လို့ ဆားလင်းကြီး သတင်းမှန်ပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။ အဲဒီလိုစစ်ကောင်စီတပ်က ပစ်ခတ်လို့ အသက်…
Read Moreစက်တင်ဘာ၊ ၁၁ မြန်မာနိုင်ငံ တောင်ဘက်စွန်း တနင်္သာရီတိုင်းမှာ ၂၀၂၃ ခုနှစ်၊ သြဂုတ်လကုန်အထိ စာရင်းတွေအရ နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးရှောင်ဦးရေ နှစ်သောင်းခြောက်ထောင်ဝန်းကျင် ဆက်ရှိနေသေးတယ်လို့ ဒေါန-တနင်္သာရီ စစ်ဘေးရှောင်များအထောက်အကူပြုရေးအဖွဲ့ထံကနေ သိရပါတယ်။ ” စစ်ကြောင်းထိုးတာတွေ၊ အိမ်မီးရှို့ခံရတာတွေ၊ လက်နက်ကြီးနဲ့ အပစ်ခံရတာတွေကြောင့် ထွက်ပြေးတိမ်းရှောင်ရခြင်း ဖြစ်ပါတယ်။ ဒါကြောင့် တိုက်ပွဲတွေ နည်းလာလည်း စစ်ရှောင်တွေ နေရပ်မပြန်နိုင်ကြသေးတာပါ ” လို့ ဒေါန-တနင်္သာရီ တာဝန်ရှိသူတဦးက DNA…
Read Moreစက်တင်ဘာ ၊ ၁၀ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ လက္ကူးကျေးရွာထဲကို စစ်ကောင်စီတပ်က စက်တင်ဘာလ ၉ ရက်၊ မနက် ၉ နာရီခွဲလောက်မှာ လက်နက်ကြီးနဲ့ပစ်ခတ်လို့ အသက် နှစ်ဆယ်ကျော်အရွယ် လူငယ်အမျိုးသားတဦးသေဆုံးပြီး တခြား သားအမိနှစ်ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ “ဘာတိုက်ပွဲမှာမရှိဘဲ ပစ်တာ။ ရွာထဲမှာက လူတွေ ရှောင်နေကြတာမျိုးမဟုတ်ဘူး။ ပုံမှန်နေနေကြတာကို ပစ်ထည့်လိုက်တာ” လို့ ဒေသခံတဦးက DNA ကိုပြောပါတယ်။ စစ်ကောင်စီတပ်ရဲ့ အခုလိုပစ်ခတ်မှုကြောင့်…
Read Moreစက်တင်ဘာ၊ ၃ ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ် အတွင်းရှိ စယ်လန့်ကျေးရွာနဲ့ အနီးနားက ရွာတွေမှာ စစ်ကောင်စီတပ်တွေနဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ကြား စစ်ရေးတင်းမာနေတဲ့အတွက် နေရပ်မပြန်ရဲကြသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ “ အဓိကတော့ လက်နက်ကြီး ကြောက်လို့ မပြန်တာပေါ့။ ရွာမှာက လက်နက်ကြီးနဲ့ ခဏခဏပစ်ခံနေရတော့ ဘယ်လိုမှ မနေရဲကြဘူး ” လို့ စယ်လန့် ဒေသခံတဦးက ဆိုပါတယ်။ လက်တလောမှာ…
Read Moreစက်တင်ဘာ ၊ ၂ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာရွာထဲ လက်နက်ကြီးကျည်တွေကျရောက်ပေါက်ကွဲလို့ ဒေသခံအမျိုးသားနှစ်ဦးသေဆုံးကာ နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ နမ့်ဖက်ကာရွာသားတဦးကပြောပါတယ်။ အခုရက်ပိုင်းအတွင်း တအာင်းတပ် TNLA နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဆက်တိုက်ဖြစ်နေတဲ့ နမ့်ဖက်ကာရွာ ဘက်ကို မနေ့က နေ့လယ်ပိုင်းမှာ စစ်ကောင်စီက လက်နက်ကြီးတွေပစ်ခတ်တာကြောင့် ရွာအတွင်းက ပြည် ထောင်စုကားလမ်းပေါ်ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ “အမျိုးသားတယောက်က ပွဲချင်းပြီးဆုံးတယ်၊တယောက်ကဆေးရုံပို့ရင်လမ်းမှာဆုံးသွားတာပေါ့၊ အမျိုးသမီး တဦးကတော့ဒဏ်ရာမပြင်းထန်တော့အိမ်မှာပဲ၊ တယောက်ကတော့ လားရှိုးဆေးရုံပို့ထားတယ်၊ သူကစိုးရိမ်ရတဲ့ အနေအထားတော့မဟုတ်ဘူး၊ ဒူးခေါင်းမှာ…
Read Moreစက်တင်ဘာ၊ ၁ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ ပြီးခဲ့တဲ့ သြဂုတ်လအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှု၊ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် အရပ်သား ကိုးဦး သေဆုံးခဲ့ပြီး ရှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ ဒေသတွင်းသတင်းအချက်တွေအရ သိရပါတယ်။ ” ရွာသုံးရွာလုံး ကထိခိုက်သေဆုံးသူတွေဟာ နေရင်းထိုင်ရင်း သေရတာပါ။ ကိုယ်နေတဲ့ ရွာထဲကို ကျလို့ သေရတာပါ။ သူတို့ပစ်တဲ့အချိန်မှာ ဘာတိုက်ပွဲမှ မရှိပါဘူး ” လို့ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း…
Read Moreသြဂုတ်၊ ၃၀ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင် ကေအဲန်ယူ- တပ်မဟာ (၃) ထိန်းချုပ်နယ်မြေက ကျေးရွာနှစ်ရွာမှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့လက်နက်ကြီးကြောင့် အသက် ခုနှစ်နှစ်အရွယ် သမီးနဲ့ မိခင်ဖြစ်သူ သေဆုံးကာ လေးဦးဒဏ်ရာရတယ်လို့ ကေအဲန်ယူဗဟိုရဲ့ သတင်းထုတ်ပြန်ချက်နဲ့ ဒေသခံတွေ ပြောပြချက်အရ သိရပါတယ်။ “ မနေ့က လက်နက်ကြီးကျလို့ ထိခိုက်သေဆုံးသွားတဲ့ အရပ်သား သားမိနှစ်ယောက်က ကလေးက ဗုံးခိုကျင်းထဲမှာ ရှိနေရင်းနဲ့ နောက်စေ့ကို လက်နက်ကြီးစ မှန်ရင်းနဲ့…
Read More