ဒေသအလိုက် သတင်းကဏ္ဍ

ရေစကြိုမြို့ ရုံးပေါင်းစုံရုံး တိုက်ခိုက်ခံရလို့ စစ်သား နှစ်ဦး သေဆုံး၊ သုံးဦးဒဏ်ရာရ

စက်တင်ဘာ ၊ ၁၀ မကွေးတိုင်း ၊ရေစကြိုမြို့အပေါ်ရှိ စစ်ကောင်စီရဲ့ ရုံးပေါင်းစုံရုံးကို စက်တင်ဘာလ ၉ ရက်၊ ည ၇ နာရီလောက်က  ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး သုံးဦး ဒဏ်ရာရခဲ့တယ်လို့ တိုက်ခိုက်မှုမှာ ပါဝင်ခဲ့တဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရေစကြိုမြို့မှာ ဆိုင်ကယ်စီးလာတဲ့ လူငယ်နှစ်ဦးကို ရပ်မပေးလို့ပစ်ခတ်တဲ့အတွက် တဦးသေဆုံး၊ တဦးဒဏ်ရာရ

ဇူလိုင် ၊ ၁၂ မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်မှာ ဆိုင်ကယ်စီးနင်းလာတဲ့လူငယ်နှစ်ဦးကို စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့တွေ က လမ်းမှာ အကြောင်းမဲ့ သေနတ်နဲ့ ပစ်ခတ်လို့ တဦးသေဆုံးပြီးတဦးဒဏ်ရာရတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေထံမှ သိရပါတယ်။ “ ကျွန်တော်တို့ကြားတာက ကောင်လေးနှစ်ယောက်က ဆိုင်ကယ်နဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရေစကြိုမြို့ မအူ ရဲကင်းစခန်းကိုပီဒီအက်ဖ်တွေဝင်စီး

ဧပြီ၊ ၃ မကွေးတိုင်း၊ရေစကြိုမြို့နယ် မအူရဲစခန်းကိုဒီကနေ့ဧပြီ ၃ရက်နေ့ မနက်၅နာရီအချိန်ကစတင်ပြီး ဒေသကာကကွယ်ရေးတပ်ဖွဲ့ဝင်တွေကဒုတိယအကြိမ်ဝင်ရောက်စီးနင်းခဲ့သိရပါတယ်။  “စခန်းသိမ်းတိုက်ပွဲမှာက၁၀ယောက်သေတယ် ။တပ်ကူလာတဲ့ကားကမိုင်းကွင်းထဲရောက်လာလို့မိုင်းဆွဲတာက၁၅ယောက်လောက်သေတယ်။လက်နက်တွေလည်းသိမ်းလို့ရထားတာတွေရှိတယ်” လို့ရေစကြို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ )ကရဲဘော်ဝေကြီးက DNA ကိုပြောပါတယ်။  စစ်ကောင်စီဘက်ကအကျအဆုံးနဲ့ပတ်သတ်ပြီး DNAအနေနဲ့  သီးခြားအတည်မပြုနိုင်သေးပါဘူး။ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဟာ မအူရဲစခန်းကိုသိမ်းပိုက်ပြီးတဲ့နောက်မှာစခန်းကိုမီးရှို့ဖျက်စီးခဲ့တယ်လို့လည်းသိရပါတယ်။ စခန်းသိမ်းအပြီး မနက်၈နာရီအချိန်မှာစစ်ကောင်စီတပ်တွေက MI [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရေစကြိုမီးလောင်ကျွန်းမြောက်ရွာမှာအရပ်သားတဦးအသတ်ခံရပြီးတဦးပျောက်ဆုံးနေ

မတ်၊ ၂၁ မကွေးတိုင်း၊ရေစကြိုမြို့နယ်ထဲကရေလယ်ကျွန်းရှိမီးလောင်ကျွန်းမြောက်ရွာကို ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့ မနက် ၆ နာရီလောက်မှာပဲစစ်ကောင်စီတပ်တွေဝင်ရောက်ပစ်ခတ်စီးနင်းကာအသက် ၅၈ နှစ်အရွယ် ဒေသခံတဦးကိုပစ်သတ်ခဲ့သလို တဦးပျောက်ဆုံးနေပြီး အနီးအနားရွာကစစ်ရှောင်လာနေကြတဲ့ပြည်သူတွေကိုလဲဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါတယ်။ “ရွာခေါင်းရင်းကနေပစ်ခတ်ပြီးဝင်ချလာတာလာ။လာရှောင်နေကြတဲ့ရွာကပြည်သူတွေကပြေးဖို့လွှားဖို့ကျတော့နယ်မြေမကျွမ်းတော့အကုန်ပိတ်မိကုန်ပြီးအဖမ်းခံရတာ။ဦးမောင်ဟန်ကိုကျအနောက်ကနေပစ်သွားတာအလောင်းတွေ့တော့ဘုန်းကြီးကျောင်းနားမှာပဲ။ဖမ်းခံရတဲ့သူတွေတော့သူတို့ပြန်ထားခဲ့တယ်”လို့ ဒေသခံတဦးက DNA ကိုပြောပါတယ်။ စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးဝင်ရောက်လာစဉ်မှာပဲကျေးရွာဘုန်းကြီးကျောင်းထဲမှာစစ်ရှောင်ရင်းရောက်ရှိနေတဲ့ရွှေလှိုင်၊ဇရပ်နီအစရှိတဲ့ကျေးရွာတွေကကအရပ်သားတွေအပါအဝင်ဒေသခံတွေကိုပစ်ခတ်ဖမ်းဆီးတာတွေပြုလုပ်ခဲ့တာလို့သိရပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပန်းညိုရွာနားမှာစစ်အုပ်စုတိုက်ခိုက်ခံရပြီးနောက် ဒေသခံလေးဆယ်လောက်ကိုဖမ်းဆီးထား

မန္တလေးတိုင်း၊ မြင်းခြံမြို့ ဆင်ချောင်းရွာဖက်ကနေ မကွေးတိုင်း ရေစကြိုမြို့ ပန်းညိုရွာကို ဧရာဝတီမြစ်ကူးက စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုကို မနေ့ ဇန်နဝါရီ ၇ရက်နေ့က ဒေသခံကာကွယ်ရေးတပ်တွေက မြစ်လယ်မှာတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၁၀ဦးထက်မနည်း သေဆုံးခဲ့တယ်လို့  မြင်းခြံ 21 Gurilla [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရေစကြိုမြို့မှာ ဘုန်းကြီးကျောင်းထဲ တပ်စွဲထားတဲ့ စစ်တပ်တိုက်ခိုက်ခံရပြီး လေးဦးသေ၊ စစ်တပ် လက်နက်ကြီးကြောင့် အရပ်သားနှစ်ဦးသေဆုံး

မကွေးတိုင်း၊ ရေစကြိုမြို့၊ အမှတ် (၁) ရပ်ကွက်က ကပ်ကျော်ဘုန်းကြီးကျောင်းထဲ တပ်စွဲနေတဲ့ စစ်သားတွေကို ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက ဇန်နဝါရီ (၁) ရက် မနေ့ကမနက်အစောပိုင်းမှာ သွားရောက်တိုက်ခိုက်ခဲ့ပြီး အရာရှိတဦးအပါအဝင် လေးဦးသေဆုံးတယ်လို့ Myingyan Black Tiger-MBT အဖွဲ့ခေါင်းဆောင် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရေစကြိုအနီးကပ်တိုက်ပွဲ စစ်သား၄ဦးသေဆုံးကြောင်း ထုတ်ပြန်

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊အောင်သပြေရွာနဲ့ တောင်ဦးရွာကြားမှာ အကြမ်းဖက်စစ်တပ်နဲ့ အနီးကပ်တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်သား၄ဦးသေဆုံးခဲ့ကြောင်း ရေစကြိုPDF ကထုတ်ပြန်ပါတယ်။ ဇွန်၂၄ရက်နေ့ ညနေ၄နာရီလောက်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သားအများအပြား ထိခိုက်ဒဏ်ရာရခဲ့ကြောင်းလည်းထုတ်ပြန်ထားပါတယ်။ အဲဒီတိုက်ပွဲမှာ ရေစကြိုPDF ထောက်ပို့ရဲဘော်တစ်ဦးလည်း ကျည်သင့်ကျဆုံးခဲ့ရပါတယ်။ ဇွန်လ၂၂ရက်နေ့ကလည်း ရေစကြိုPDFအပါအဝင်ဒေသတွင်းမဟာမိတ်၇ဖွဲ့ပူးပေါင်းပြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပခန်းကြီးရဲစခန်းက ရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းအပြည့်အစုံနဲ့ အလင်းဝင်

မကွေးတိုင်း၊ရေစကြိုမြို့နယ်၊ပခန်းကြီးရဲစခန်းက ရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းအပြည့်အစုံနဲ့ အလင်း ဝင်ခဲ့ပါတယ်။ အဲဒီရဲတပ်သားဟာ စစ်အုပ်စုလက်အောက်မှာ ဆက်လက်တာဝန်ထမ်းလိုစိတ်မရှိတော့တာကြောင့် ဒီနေ့မှာ Young Force (UG)နဲ့ ချိတ်ဆက်အလင်းဝင်ခဲ့ရာ အခုအခါ လွတ်မြောက်နယ်မြေတစ်နေရာကို ရောက်ရှိပြီဖြစ်တယ်လို့ Young Force (UG) က [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရေစကြို လျှပ်စစ်ရုံးကို ဗုံးခွဲသတိပေး

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်က မြို့နယ်လျှပ်စစ်ရုံးကို ဗုံးခွဲသတိပေးခဲ့တယ်လို့ ရေစကြို PDF က ထုတ်ပြန်ပါတယ်။ မေလ ၂၄ ရက်နေ့၊ ညနေ ၄ နာရီမိနစ် ၄၀ လောက်မှာ ဗုံးခွဲခဲ့ခြင်းဖြစ်ပြီး လူထိခိုက်မှုမရှိဘူးလို့ သိရကြောင်း ရေစကြိုမြို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရေစကြိုမှာ စစ်ကားမိုင်းထိ၊တစ်ဦး ပွဲချင်းပြီးသေ

၁၃၊ အောက်တိုဘာလ၊ ၂၀၂၁။ မကွေးတိုင်း၊ရေစကြိုမြို့နယ်အတွင်း စစ်ကားတစ်စီးမိုင်းထိခဲ့ရာ တစ်ဦးသေ၊၄ဦး ဒဏ်ရာရ ခဲ့ကြောင်း ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ကထုတ်ပြန်ပါတယ်။ ဒီနေ့မနက်၈နာရီ ခွဲလောက်က  ရေစကြိုမြို့နယ်၊ရွှေချောင်းကျေးရွာ အနီး မှာအကြမ်းဖက်စစ်အုပ်စုတပ်သားတွေ စီးနင်းလာတဲ့ စစ်ကား (၂ )စီးကို ဒေသခံ မဟာမိတ်ပြောက်ကျား၁၀ဖွဲ့တို့ပူးပေါင်းပြီး [ဆက်လက်ဖတ်ရှုရန်]