နိုင်ငံတကာရေးရာ

ဆိုလီဒါမြို့ ရုရှားလက်ထဲ ကျသွားပြီဆိုတဲ့ သတင်းတွေကို ယူကရိန်း ငြင်းဆို

နိုင်ငံ အရှေ့ပိုင်းက ဆားကျင်းတွေနဲ့ သတ္တုမိုင်းတွင်းတွေ တည်ရှိရာ ဆိုလီဒါမြို့ကို ရုရှားတပ်တွေဆီ လက်လွှတ်ပေးလိုက်ရတယ်ဆိုတဲ့ သတင်းတွေကို ယူကရိန်းက ငြင်းဆိုသွားပါတယ်။ ဆိုလီဒါမှာ ရုရှားတပ်တွေ တောက်လျှောက် အရေးသာနေတာ မှန်ပေမယ့် ယူကရိန်းရဲ့ ခုခံရေးတပ်တွေက ဇန်နဝါရီ ၁၂ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ယူကရိန်းက ရုရှား စစ်ဆင်ရေးတွေကို ကွပ်ကဲနေတဲ့ စစ်ဦးစီးကို ပူတင်ဖယ်ရှား

ယူကရိန်းက စစ်ဆင်ရေးတွေကို အဓိက ဦးဆောင်နေတဲ့ ထိပ်တန်း စစ်ဦးစီး တဦးကို ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ရာထူးကနေ ဖယ်ရှားလိုက်ပါတယ်။ ဗိုလ်ချုပ် ဆာဂျီ ဆူရိုဗီကင်ဟာ သူ့ရဲ့ လက်ရှိ တာဝန်တွေကနေ ဖယ်ရှားခံရပြီး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ဆားကျင်းလုပ်ငန်း ထွန်းကားတဲ့ ယူကရိန်း မြို့ငယ်တစ်ခုကို ရုရှားတပ်တွေ သိမ်းယူနိုင်လုနီးပါး ရှိနေ

ဆားကျင်းတွေ တည်ရှိရာ ယူကရိန်း မြို့တစ်မြို့ဟာ ရုရှားလက်ထဲ ကျရောက်ဖို့ သေချာသလောက် ရှိနေကြောင်း သိရှိရပါတယ်။ ဒွန်းညက်စ် ပြည်နယ် အရှေ့ဖျားက ဆိုလီဒါ မြို့ဟာ စစ်ဒဏ်ကြောင့် အကြီးအကျယ် ပျက်စီးခဲ့တဲ့နောက် အခုအခါ ရုရှားတပ်တွေက အပြည့်အဝ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

တိုက်ပွဲဝင် တင့်ကားတွေ ယူကရိန်းအတွက် ထောက်ပံ့ပေးဖို့ ဗြိတိန် စဉ်းစားနေ

ဗြိတိန် အစိုးရဟာ ယူကရိန်းအတွက် တိုက်ပွဲဝင် တင့်ကားတွေ ထောက်ပံ့ပေးဖို့ အလေးအနက် စဉ်းစားနေကြောင်း သိရပါတယ်။ မဟာမိတ်တွေဖြစ်တဲ့ ပြင်သစ်၊ ဂျာမနီနဲ့ အမေရိကန်တို့ဟာ ရုရှားရဲ့ ကျူးကျော်စစ်ကို တွန်းလှန်နေတဲ့ ယူကရိန်းအတွက် သံချပ်ကာ တိုက်ခိုက်ရေးယာဉ်နဲ့ သံချပ်ကာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ယူကရိန်းစစ်သည် ခြောက်ရာကျော်ကို သုတ်သင်ခဲ့တယ်ဆိုတဲ့ ရုရှားအဆိုကို ယူကရိန်း ပယ်ချ

တိုက်ခိုက်မှု တစ်ခုအတွင်းမှာ သူတို့ရဲ့ စစ်သား အယောက် ၆၀၀ လောက် သေဆုံးသွားခဲ့တယ်ဆိုတဲ့ ရုရှားရဲ့ ထုတ်ပြန်ချက်ကို ယူကရိန်းက ငြင်းပယ်သွားခဲ့ပါတယ်။ ဒီကိစ္စဟာ ရုရှားဖက်က မဟုတ်မမှန် ဝါဒဖြန့်မှုထက် မပိုဘူးလို့ ယူကရိန်း အာဏာပိုင်တွေက ပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ဘီလားရုစ်ကို ရုရှားတပ်တွေ အလုံးအရင်း ပို့ဆောင်နေမှုကို ယူကရိန်း စိုးရိမ်နေ 

ဘီလားရုစ်ကို ရုရှားတပ်တွေ အလုံးအရင်း ပို့ဆောင်နေတာကြောင့် ယူကရိန်း အနေနဲ့ မြောက်ပိုင်း နယ်မြေတွေ လုံခြုံရေးအတွက် စိုးရိမ်နေရကြောင်း သိရပါတယ်။  ဘီလားရုစ်ဟာ ရုရှားရဲ့ အမာခံ မဟာမိတ် နိုင်ငံတစ်ခုဖြစ်ပြီး ယူကရိန်း မြောက်ပိုင်းနဲ့ နယ်စပ်ချင်း ကပ်လျက် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ယူကရိန်းကို သံချပ်ကာ သယ်ယူပို့ဆောင်ရေးယာဉ် အစီး ၄၀ ပေးပို့ဖို့ ဂျာမနီ စီစဉ်

ဂျာမနီဟာ ယူကရိန်းအတွက် သံချပ်ကာ သယ်ယူပို့ဆောင်ရေးယာဉ် အစီး ၄၀ ပေးပို့သွားဖို့ စီစဉ်နေကြောင်း သိရပါတယ်။  ပြင်သစ်က ယူကရိန်းကို သံချပ်ကာ တိုက်ခိုက်ရေးယာဉ်တွေ ပေးပို့မယ့် သတင်းကို အတည်ပြု ကြေညာပြီး နောက်တစ်နေ့ ဇန်နဝါရီ ၆ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ရုရှား ထိန်းချုပ်နယ်မြေတွေကို ယူကရိန် လက်လွှတ်ပေးရင် ငြိမ်းချမ်းရေး ဆွေးနွေးလိုတယ်လို့ ပူတင်ပြော

ရုရှား ထိန်းချုပ်ထားတဲ့ နယ်မြေတွေကိုသာ ယူကရိန်းက စွန့်လွှတ်ပေးရင် ငြိမ်းချမ်းရေး ဆွေးနွေးမယ်ဆိုတဲ့ သဘောမျိုး ရုရှား အစိုးရဖက်က လေသံ လွှင့်လာပါတယ်။ ရုရှား သမ္မတ ဗလာဒီမာ ပူတင်ဟာ တူရကီ သမ္မတ ရာဂျစ် တာယစ် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အီရန်ဒရုန်းတွေမှာ အမေရိကန် ကုမ္ပဏီ ၁၃ ခုက ထုတ်လုပ်တဲ့ ကုန်ကြမ်းတွေ ပါဝင်နေ

ယူကရိန်းစစ်ပွဲမှာ ရုရှားတပ်တွေ အသုံးပြုနေတဲ့ အီရန်လုပ် ဖောက်ခွဲရေး ဒရုန်းတွေမှာ အနည်းဆုံး အမေရိကန် ကုမ္ပဏှီ ၁၃ ခုရဲ့ ထုတ်ကုန် အစိတ်အပိုင်းတွေ ပေါင်းစပ် ပါဝင်နေကြောင်း သိရပါတယ်။ ယူကရိန်းစစ်တပ်တွေ ကြားဖြတ် ပစ်ချခဲ့တဲ့ Shahed-136 [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ရုရှားက အီရန်လုပ် ဒရုန်းတွေနဲ့ တိုက်ခိုက်မှုတွေ ပြန်လည် စတင်လာကြောင်း ယူကရိန်းပြော 

အီရန်လုပ် ဒရုန်းတွေကို အစုအပြုံလိုက် အသုံးပြုပြီး ရုရှားက တိုက်ခိုက်လာတဲ့ အခြေအနေတွေ ပြန်ကြုံတွေ့လာကြောင်း ယူကရိန်း အာဏာပိုင်တွေက ပြောပါတယ်။  ရုရှားဟာ အီရန်ရဲ့ ဖောက်ခွဲရေး ဒရုန်းတွေကို ယူကရိန်း စစ်မြေပြင်မှာ တွင်တွင်ကျယ်ကျယ် သုံးစွဲခဲ့ပေမယ့်လည်း ဆောင်းရာသီ [ဆက်လက်ဖတ်ရှုရန်]