နိုင်ငံတကာရေးရာ

မဲဆောက်မှာ ပိုက်ဆံမပေးလို့ ထိုင်းဘုန်းကြီးကို မြန်မာတယောက်က ဦးခေါင်း အုတ်ခဲနဲ့ ထုသတ်

မတ်၊ ၅ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ထိုင်းဘုန်းတော်ကြီး တပါးကို မြန်မာအမျိုးသား တယောက်က အုတ်ခဲနဲ့ ခေါင်းကိုထုသတ်တဲ့ မှုခင်းတခု ဖြစ်ပွားခဲ့ပါတယ်။  မတ်လ ၁ ရက်နေ့က တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်ထဲက မယ်ကုကျေးရွာမှာ သီတင်းသုံးနေတဲ့ သက်တော် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ထိုင်းကိုတိမ်းရှောင်လာတဲ့မြန်မာတွေအတွက် ဧည့်စာရင်းညွှန်ကြားချက်ကပြဿနာတခုဖြစ်လာနိုင်

ဖေဖော်ဝါရီ ၊ ၂၉ မြန်မာ-ထိုင်းနယ်စပ်မြို့ဖြစ်တဲ့ မဲဆောက်မြို့နယ်အပါအဝင် တာ့ခ်ခရိုင်အတွင်း မြို့နယ်တွေမှာ နိုင်ငံခြားဧည့်သည်တွေ ဧည့်စာရင်းတိုင်းကြားဖို့ ညွှန်ကြားချက်ဟာ နိုင်ငံရေးကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ မြန်မာနိုင်ငံသားတွေအတွက် ပြဿနာတခုဖြစ်လာနိုင်တယ်လို့ ရွေ့ပြောင်းလုပ်သားအရေးအကူအညီပေးနေသူတွေနဲ့ မဲဆောက်ရောက်မြန်မာနိုင်ငံသားတွေက ပြောပါတယ်။ “တရားဝင်အထောက်အထားရှိတဲ့သူတွေကို ဧည့်စာရင်းတိုင်ခိုင်းတာ၊ အထောက်အထားမရှိတဲ့သူတွေက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြန်မာလုပ်သားတွေရဲ့ လစာ ဘတ်နှစ်သိန်းကျော်ရှင်းမပေးလို့တိုင်ကြား

ဇန်နဝါရီ၊ ၁၆ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့  ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုက  မြန်မာရွှေ့ပြောင်း လုပ်သား ၂၆ ဦးရဲ့ လုပ်ခလစာ ဘတ်ငွေနှစ်သိန်း(သိန်းနှစ်ရာ) နီးပါးကို ရှင်းမပေးတဲ့ ဆောက်လုပ်ရေး တာဝန်ခံကို တိုင်ကြားလိုက်တယ်လို့ ကာယကံရှင်တွေနဲ့ အလုပ်သမားအရေးဆောင်ရွက်သူတွေထံက သိရပါတယ်။ ” [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဂုဏ်သိက္ခာရှိသော လုပ်သားများနေ့ ဆွေးနွေးပွဲမဲဆောက်မြို့မှာပြုလုပ်

အောက်တိုဘာ ၊ ၂၂ မဲဆောက်မှာရှိနေတဲ့ အလုပ်သမားရေး လှုပ်ရှားကြတဲ့ မဟာမိတ်အဖွဲ့အစည်းတွေက ဂုဏ်သိက္ခာရှိသော လုပ်သားများနေ့အထိမ်းအမှတ်အဖြစ် ဒီကနေ့ အောက်တိုဘာ ၂၂ ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။ ဒီအခမ်းအနားကို မဲဆောက်မှာရှိတဲ့ Queen Pleace ဟိုတယ်မှာ ကျင်းပခဲ့တာဖြစ်ပြီး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

NLD မြို့နယ်အလုပ်အမှုဆောင်တဦး ကလေးငယ်ကို လိင်ပိုင်းဆိုင်ရာထိပါးတယ်ဆိုပြီး တိုင်ကြားခံရလို့ NUG စစ်ဆေးနေ

မေ ၊ ၇ ထိုင်းနိုင်ငံ၊မှာနေထိုင်တဲ့ NLD မြို့နယ်အလုပ်အမှုဆောင်တဦးကို ငါးနှစ်အရွယ်ကလေးတဦးကို လိင်ပိုင်းဆိုင်ရာထိပါးစော်ကားမှု သံသယနဲ့ အမျိုးသားညီညွတ်ရေးအစိုးရNUG ကဖမ်းဆီးစစ်ဆေးနေတယ်လို့ NUG တာဝန်ရှိသူတွေရဲ့ပြောဆိုထုတ်ပြန်ချက်အရသိရပါတယ်။  စစ်ဆေးခံရသူဟာ ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အလုပ်အမှုဆောင်တဦးဖြစ်ပြီး လက်ရှိ ထိုင်းနိုင်ငံမဲဆောက်မှာရှိတဲ့   [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြန်မာလင်မယားရန်ပွဲကို ဖျန်ဖြေပေးတဲ့ ထိုင်းနိုင်ငံသား ဓားခုတ်ခံရလို့သေဆုံး

ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ မြန်မာနိုင်ငံသား လင်မ ယား ခိုက်ရန်ဖြစ်ပွားနေတာကို ဝင်ရောက်ဖျန် ဖြေခဲ့ တဲ့ ထိုင်းနိုင်ငံသား ဓားခုတ်ခံရပြီး သေဆုံးခဲ့ပါတယ်။ မဲဆောက်မြို့ မယ်တောင်ရပ်မှာ နေထိုင်တဲ့ မြန်မာ နိုင်ငံသား လင်မယားနှစ်ဉီး ရန်ဖြစ်နေတာကို ထိုင်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ထိုင်းနိုင်ငံ မဲဆောက်ရောက် မြန်မာနိုင်ငံသားတွေ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်

ဒီနေ့မနက်ပိုင်းမှာ ထိုင်းမြန်မာနယ်စပ်၊ မဲဆောက်မြို့ စျေးကြီးအနီးမှာ ဇူလှိုင်လ ၂၉ ရက် မနက်ပိုင်းက မြန်မာ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေ ဦးဆောင်ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ မတရား ဖမ်းဆီးခံထားရသူတွေ လွှတ်ပေးရေး၊ အာဏာသိမ်း စစ်အုပ်စုကို [ဆက်လက်ဖတ်ရှုရန်]