နိုင်ငံရေး

ပဲခူးတိုင်းအရှေ့ခြမ်းမှာ စစ်ကောင်စီလက်အောက်ခံရဲနဲ့စစ်တပ်ကကျေးရွာတွေအထိဆိုင်ကယ်တွေဆင်းဖမ်းနေ

ပဲခူးတိုင်းအရှေ့ခြမ်းမှာရှိတဲ့မြို့နယ်တချို့မှာ စစ်ကောင်စီလက်အောက်ခံရဲနဲ့စစ်တပ်က ကျေးရွာတွေ အထိဆင်း ပြီးဆိုင်ကယ်တွေလိုက်လံဖမ်းဆီး သိမ်းယူနေတယ်လို့ဒေသခံတွေဆီကသိရပါတယ်။  ရစ်ကန်ကြီး၊ ကဝ၊သက္ကလ စတဲ့မြို့နယ်တွေမှာအရင်က ပဲခူး-ခရမ်းလမ်းမပေါ်မှာဘဲ ဆိုင်ကယ်တွေကိုစစ်ဆေး ဖမ်း ဆီးတာတွေလုပ်လေ့ရှိပြီး အခုနောက်ပိုင်းရွာတွေအထိ ဆင်းပြီးလိုက်ဖမ်းနေတာလို့ ဆိုပါတယ်။  “ရွာချင်းဆက်လမ်းတွေမှာစောင့်ဖမ်းတယ်၊ရွာတွေထဲအထိဆင်းဖမ်းနေတာမို့လို့ ဆိုင်ကယ်ရှိတဲ့သူတွေကနည်းအ မျိုးမျိုးနဲ့ဖွက်နေရတယ်၊ခြံထဲမှာတောင်ရပ်မထားရဲဘူး”လို့ ဒေသခံတဦးကပြောပါတယ်။  [ဆက်လက်ဖတ်ရှုရန်]