ဒေသအလိုက် သတင်းကဏ္ဍ

အင်းစိန်ထောင်အနီး ဗုံးသုံးလုံးပေါက်ကွဲမှု ဖြစ်ပွါး

ဇွန် ၆ ရန်ကုန်မြို့၊  အင်းစိန်ဗဟိုအကျဥ်းထောင်၊မင်းစေတီဝင်ပေါက်အနီးမှာဗုံးသုံးလုံးပေါက်ကွဲမှုဖြစ်ပွါးခဲ့ပြီးလှိုင်မြို့နယ်အတွင်းမှာ လည်းသေနတ်ပစ်ခတ်သံအချို့ကြားရတယ်လို့ဒေသခံတွေကDNAကိုပြောပါတယ်။ “ပထမပေါက်တာက ၈နာရီခွဲလောက်မှာပေါက်တာ။ပေါက်တော့ စစ်ကားတွေရောက်လာပြီး ဗုံးပေါက်တဲ့နေရာကို စစ်ဆေးနေတဲ့အချိန်မှာ ထပ်ပေါက်တာ၊အဲ့ဒါပြီးတော့ သိပ်မကြာထပ်ပေါက်တာ။လူထိမထိတော့ ကျွန်တော်တို့လည်း အခြေအနေကြည့်နေတယ်။လက်ရှိမှာတော့ အရိပ်အရောင်မတွေ့သေးဘူး”လို့ အင်းစိန်မြို့နယ်အတွင်းနေထိုင်တဲ့ ဒေသခံတဦးကပြောပါတယ်။ အင်းစိန်ဗဟိုအကျဥ်းထောင်နဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်ကတော့ ပေါက်ကွဲမှုကြောင့်ပျက်စီးမှုအချို့ရှိခဲ့ပေမယ် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြင်းမူမှာပေါက်ကွဲမှုဖြစ်ပြီး ဆိုင်ကယ်စီးအမျိုးသားနှစ်ဦး သေဆုံး

မေ၊ ၃၀  စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ် မုံရွာ-မန္တလေး လမ်းမကြီးပေါ်မှာ မနေ့က နေ့လယ်ပိုင်းကပေါက်ကွဲမှုဖြစ်ပြီး ဆိုင် ကယ်စီးအမျိုးသားနှစ်ဦး နေရာမှာပဲ သေဆုံးသွားတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။ မြင်းမူမြို့နယ်၊အောင်ဇေယျကွက်သစ်(၁၉)လမ်း၊ပြည်ခိုင်ဖြိုးပါတီရုံးအနီးမှာ ပေါက်ကွဲမှုဖြစ်ခဲ့တာဖြစ်ပြီး သေဆုံး သူတွေဟာ ဆိုင်ကယ်နဲ့ဖြတ်သန်းသွားလာနေတဲ့ အမျိုးသားနှစ်ဦးဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ ပေါက်ကွဲမှုဟာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

သာကေတ-သန်လျင်ရထားသံလမ်းပေါက်ကွဲမှုကြောင့် ဧည့်စာရင်းစစ်ပြီး လူငယ်အချို့ကိုရှာဖွေနေ

မေ၊ ၂၄   ရန်ကုန်မြို့၊ သာကေတမြို့နယ်နဲ့ သန်လျင်မြို့နယ်ကို ဆက်သွယ်ထားတဲ့ ရထားသံလမ်းပိုင်းမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်တွေက အနီးနားရပ်ကွက်ကို ဧည့်စာရင်းစစ်ဆေးတာတွေလုပ်ပြီး လူငယ်အချို့ကို ရှာဖွေနေတယ်လို့ သာကေတမြို့နယ်၊ ၁၀ တောင်ရပ်ကွက် ဒေသခံတွေက DNA ကိုပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရွှေပေါက်ကံမှာ နေအိမ်အတွင်းပေါက်ကွဲမှုဖြစ်ပြီး လူငယ်တဦးသေဆုံး၊တဦးဖမ်းဆီးခံရ

မေ၊ ၁၂ ရန်ကုန်မြို့မြောက်ဥက္ကလာပမြို့နယ်၊ရွှေပေါက်ကံမြို့သစ်ကနေအိမ်တအိမ်မှာ မနေ့ကညပိုင်းကပေါက်ကွဲမှုဖြစ်ကာ လူငယ်တဦးသေဆုံးသလို နောက်ထပ်တဦးကတော့ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ရွှေပေါက်ကံမြို့သစ်(၁၃)ရပ်ကွက်၊ကျောက်ဆည်လမ်းရှိ နေအိမ်တအိမ်မှာ မနေ့ရ ညနေ ခြောက်နာရီဝန်းကျင်မှာ ပေါက်ကွဲမှုဖြစ်ခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုကြောင့်လူငယ်တဦးနေရာမှာပဲသေဆုံးကာ တအိမ်တည်းအတူနေတဲ့ နောက်ထပ်လူငယ်တဦးကတော့ဖမ်းဆီးခံလိုက်ရတာလို့ဆိုပါတယ်။ “ဘာကနေ ပေါက်တာလည်းတော့ မသိဘူး၊ အသံတော့ကြားလိုက်ရတယ်၊ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရန်ကုန်သင်္ကြန်မဏ္ဍပ်တွေ နှစ်ရက်ဆက် ပေါက်ကွဲမှုဖြစ်လို့လုံခြုံရေးအရာရှိတွေသတိပေးခံရ၊ မသင်္ကာသူ တွေကိုပစ်ခတ်ဖမ်းဆီးမယ်လို့ဆို

ဧပြီ၊ ၁၀ ရန်ကုန်တိုင်းစစ်ကောင်စီ ဗဟိုမဏ္ဍပ်နဲ့ စမ်းချောင်းမြို့နယ်ရဲစခန်းရှေ့က မဏ္ဍပ်တွေမှာ နှစ်ရက်ဆက် ဗုံးပေါက် ကွဲမှုဖြစ်ခဲ့တာကြောင့် လုံခြုံရေးတာဝန်ရှိသူတွေပြင်းပြင်းထန်ထန်သတိပေးခံရပြီး သင်္ကြန်မဏ္ဍပ်တွေအနီး မ သင်္ကာသူတွေကိုပစ်ခတ် ဖမ်းဆီးဖို့လည်းအမိန့်ထုတ်လိုက်တယ်လို့ ရန်ကုန်မြို့က ပြည်ထဲရေးဝန်ကြီးဌာန အ ကြီးတန်း အရာရှိတဦးက DNAကိုပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရွှေဘိုမြို့မှာပေါက်ကွဲမှုသုံးကြိမ်ဆက်တိုက်ဖြစ်ပြီး ကလေးတဦးအပါအဝင် နှစ်ဦးသေဆုံး၊ နှစ်ဆယ်ဝန်း ကျင်ဒဏ်ရာရ

မတ်၊ ၂၈ စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့က နေရာသုံးခုမှာ ဒီကနေ့ မနက်ပိုင်းနဲ့နေ့လယ်ပိုင်းတွေမှာ နာရီပိုင်းအတွင်းပေါက်ကွဲမှု သုံးကြိမ်ဆက် တိုက် ဖြစ်ကာ လေးနှစ်အရွယ်ကလေးတဦးနဲ့ အသက်ခြောက်ဆယ်အရွယ်အမျိုးသားတဦး သေ ဆုံးတဲ့အပြင် ဒဏ် ရာ ရသူနှစ်ဆယ်ဝန်းကျင်ရှိတယ်လို့ မြို့ခံလူမှုကူညီရေးအဖွဲ့တွေဆီကသိရပါတယ်။  ရွှေဘို့မြို့ အဝေး‌ပြေးကားဝန်းအနီးတံတား‌ပေါ်၊ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မန္တလေးမှာ တရက်တည်း မီးလောင်မှုငါးကြိမ်၊ပေါက်ကွဲမှုသုံးကြိမ်ဖြစ်

ဖေဖော်ဝါရီ ၊ ၂၂ မန္တလေးမြို့မှာ မနေ့က ဖေဖော်ဝါရီ ၂၂ ရက် တရက်တည်း မီးလောင်မှုငါးကြိမ်နဲ့ပေါက်ကွဲမှုသုံးကြိမ်ဖြစ်ခဲ့ပြီး အဲ့ဒီဖြစ်စဉ်တွေအတွင်း လူထိခိုက်မှုတော့မရှိဘူးလို့သိရပါတယ်။ မီးလောင်ကျွမ်းမှု ငါးကြိမ်လုံးမှာ လူထိခိုက်မှုမရှိခဲ့ပေမယ့် အဆောက်အဦးထိခိုက်ပျက်ဆီးမှုတွေတော့ရှိခဲ့တယ်လို့ လူမူကယ်ဆယ်ရေး လုပ်ကိုင်နေသူ တဦးကပြောပါတယ်။ “လူထိခိုက်တာမျိုးတော့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မင်းအောင်လှိုင်လာဖို့ရှိတဲ့မင်္ဂလာဒုံမှာပေါက်ကွဲမှုတွေဆက်တိုက်ဖြစ်

အာဏာသိမ်းစစ်ခေါင်းဆောင်မင်း​အောင်လှိုင်လာဖို့ရှိတဲ့ မင်္ဂလာဒုံမြို့နယ်နဲ့ အနီးတဝိုက်မှာ လုံခြုံရေး တင်းကြပ်ထား တဲ့ကြားကပေါက်ကွဲမှု တွေဆက် တိုက်ဖြစ်နေပါတယ်။   မင်္ဂလာဒုံမြို့နယ်မှာရှိတဲ့တပ်မတော်ဆေးတက္ကသိုလ်ကျောင်းဆင်းပွဲကို အခုလထဲပြုလုပ်ဖို့ရှိပြီး မင်း အောင်လှိုင်တက်ရောက်မှာဖြစ်လို့နိုဝင်ဘာလကုန်ပိုင်းကတည်းအဲဒီမြို့နယ်မှာလုံခြုံရေးတင်းကြပ်မူတွေလုပ်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။   အဲဒီလိုလုံခြုံရေးတင်းကြပ်ထားတဲ့ကြားက မနေ့ည က မင်္ဂလာဒုံမြို့နယ်၊မြို့မရဲစခန်းအဝေးထိန်း လက်လုပ်မိုင်းနဲ့ဖောက်ခွဲခံရသလိုဒီကနေ့မနက်မှာလည်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အင်းစိန်ထောင် ပေါက်ကွဲမှုအတွင်း ဗကသကျောင်းသားခေါင်းဆောင်ဟောင်းတဦးရဲ့ မိခင်အပါအဝင် နိုင်ကျဉ်းမိသားစုဝင်တချို့ သေဆုံးထိခိုက်

ရန်ကုန်၊အင်းစိန်ထောင်အတွင်း ဒီကနေ့ဗုံးပေါက်ကွဲမှုဖြစ်ပွားရာမှာ ဗကသ ကျောင်းသားခေါင်းဆောင်ဟောင်း တဦးဖြစ်တဲ့ ကိုလင်းထက်နိုင်(ခ)ကိုဂျိမ်းရဲ့ မိခင်ဖြစ်အပါအဝင် ဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစု ဝင်တွေ သေဆုံး ဒဏ်ရာရခဲ့ကြတယ်လို့ ရန်ကုန်အခြေစိုက် တော်လှန်ရေး အင်အားစုတွေဆီကသိရပါတယ်။ “ကျွန်တော်တို့လည်း သတင်းကြားကြားချင်မယုံနိုင်ဘူးဖြစ်ခဲ့ပေမယ့် သတင်းတွေထွက်လာတော့ မယုံချင်လည်း ယုံရတော့ပါပဲ။ဂျိမ်းအတွက်တော့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

နိုင်ဂျီးရီးယားမှာ စာသင်ကျောင်းအနီးပေါက်ကွဲမှုဖြစ်ပွားပြီး သေဆုံးသူ ၉ဦးထိ ရှိလာ

နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း ကာနိုမြို့ စာသင်ကျောင်းအနီးမှာမေလ ၁၇ရက်နေ့က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲပြီး သေဆုံးသူ ၉ ဦးအထိ တိုးလာတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ကနဦး ပေးပို့ချက်အရ “အဲဒါက ဓာတ်ငွေ့ပေါက်ကွဲတာပါ၊ အဲ့ဒီနားမှာ ဂဟေဆော်တဲ့သူတစ်ယောက်ရှိတော့ သူ့ဓာတ်ငွေ့ဆလင်ဒါက ပေါက်ကွဲသွားတာ၊ [ဆက်လက်ဖတ်ရှုရန်]