စစ်တပ် စစ်ကြောင်းဝင်ခဲ့တဲ့ ဂန့်ဂေါမြို့ ဇဟောရွာမှာ ပစ်သတ်ခံထားရတဲ့ အလောင်းတလောင်းတွေ့

စစ်တပ် စစ်ကြောင်းဝင်ခဲ့တဲ့ ဂန့်ဂေါမြို့ ဇဟောရွာမှာ ပစ်သတ်ခံထားရတဲ့ အလောင်းတလောင်းတွေ့

ဂန့်ဂေါမြို့ အနောက်ဘက်က ဇဟောရွာကျေးရွာကို နိုဝင်ဘာ ( ၂၂) ရက်မှာ စစ်တပ်က စစ်ကြောင်းထိုး ဝင် ရောက်ခဲ့ပြီးနောက် ပြန်ထွက်သွားချိန်မှာ ပစ်သတ်ခံထားရတဲ့ ရွာခံ အမျိုးသားတဦးရဲ့ရုပ်အလောင်းကို တွေ့ရတယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တဦးက DNA ကိုပြောပါတယ်။ “ခေါင်းကိုတည့်တည့်ပစ်သတ်သွားတာ၊ စပါးခင်းထဲမှာ လက်နက်ကြီးမှန်တဲ့နှစ်ယောက်ရောဆို သုံးယောက် သေတာ၊တစ်ယောက်က ဆိုင်ကယ်စီးရင်း လက်မောင်းကိုထိတာ မစိုးရိမ်ရပါဘူး၊ ရွာက ပ.က.ဖ ခေါင်းဆောင် အိမ်ကိုတော့ ထုချေဖျက်ဆီးသွားတယ်” လို့ ဇဟောရွာထဲ နယ်မြေရှင်းလင်းရေးဝင်ရောက်ခဲ့တဲ့…

Read More
ဂန့်ဂေါမှာ လက်နက်ကြီးထိလို့ ပြည်သူနှစ်ဦး ထက်မနည်းသေဆုံး

ဂန့်ဂေါမှာ လက်နက်ကြီးထိလို့ ပြည်သူနှစ်ဦး ထက်မနည်းသေဆုံး

ဂန့်ဂေါမြို့အနောက်ဘက် ဇဟောရွာမှာ နိုဝင်ဘာ (၂၂) ရက် ဒီကနေ့ညနေပိုင်းမှာ လယ်ကွင်းထဲ လက်နက်ကြီးကျည်ကျပြီး စပါးရိတ်နေသူတွေ ထိမှန်ကာ နှစ်ဦးထက်မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိတယ်လို့ ဂန့်ဂေါဒေသခံတွေဆီက သိရပါတယ်။ “နှစ်ယောက်မကနိုင်ဘူး၊ ဆယ်ယောက်ဝန်းကျင်လောက်ကို သေတာလို့ကြားနေတာ၊ လက်နက်ကြီးက ရွာထဲတွေကော၊ လယ်ထဲတွေကောကျတာ” လို့ ဂန့်ဂေါမြို့ခံတဦးက DNA ကိုပြောပါတယ်။ သေဆုံးထိခိုက်သူအရေအတွက် အတိအကျအတည်မပြုနိုင်သေးတဲ့ အဲ့ဒီလက်နက်ကြီးကျရောက် ပေါက်ကွဲမှုဟာ ဂန့်ဂေါမြို့ခံ စစ်ကောင်စီတပ်ရင်းခလရ (၅၀) က ပစ်ခတ်တာဖြစ်တယ်လို့ ဒေသခံတွေက အခိုင်အမာပြောပါတယ်။…

Read More