စီးပွားရေးပြဿနာကြောင့် ရန်ကုန်မြို့အထည်ဆိုင်ကြီးတွေ အရေးပေါ်အခြေအနေရောက်ရှိနေ

စီးပွားရေးပြဿနာကြောင့် ရန်ကုန်မြို့အထည်ဆိုင်ကြီးတွေ အရေးပေါ်အခြေအနေရောက်ရှိနေ

၂၁၊ နိုဝင်ဘာလ၊ ၂၀၂၁။ မြန်မာနိုင်ငံရဲ့ စီးပွားရေး အခြေအနေကြောင့် ရန်ကုန်မြို့တော်တွင်း အဝတ်အထည်ဆိုင်ကြီးတွေဟာ အရေးပေါ်အခြေအနေကို ရောက်ရှိနေပြီလို့ သိရပါတယ်။ ရန်ကုန်မြို့က ဌားရမ်းဖွင့်လှစ်ထားတဲ့ အဝတ်အထည်ဆိုင်တွေဟာ ဆိုင်ခန်းဌားခနဲ့ ဝန်ထမ်းစရိတ် ရဖို့ အထိ ရောင်းအားရဖို့ ခက်ခက်ခဲခဲရုန်းကန်နေရတယ်လို့ ရန်ကုန်၊လှိုင်မြို့နယ်၊ဘူတာရုံလမ်း က အထည်ဆိုင်ပိုင် ရှင်တစ်ဦးကပြောပါတယ်။ ‘ဝန်ထမ်းကိုအနည်းဆုံးအနေအထားထိ လျှော့ထားတယ်။ဝန်ထမ်းတွေနေရာမှာ ကိုယ်တိုင် ဝင်လုပ် တယ်။လစာလျှော့ထားတယ်။အဲဒီအနေအထားမှာကို ဆိုင်ခန်းခနဲ့ ဝန်ထမ်းခရဖို့ မလွယ်ဘူးဖြစ်နေတယ်။အမြတ် မရဘဲရှုံးနေတာ ဘာလို့လုပ်နေသလဲဆိုတော့ လုံးဝရပ်လိုက်ရင်…

Read More