နိုင်ငံရေး

ခင်ဦးမှာ စစ်ကြောင်းဝင်မီးရှို့လို့ ဒေသခံခုနှစ်ထောင်ကျော် ပြေးနေရပြန်

မေ၊ ၈   စစ်ကိုင်းတိုင်းခင်ဦးမြို့နယ် အရှေ့ခြမ်းကကျေးရွာတွေကို စစ်ကောင်စီတပ်တွေဟာ မနေ့ မေလ ၇ ရက်နေ့စပြီးအင်အား ၂၀၀ နဲ့ စစ်ကြောင်းခွဲဝင်ရောက်လာပြီး ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေလဆက်လုပ်နေတာကြောင့် ဒေသခံ ၇၀၀၀ လောက်ဟာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရပြန်ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မြန်မာအတွက် ကန်ဒေါ်လာ ၇၆၄ သန်းလိုအပ်၊ ဆယ်ရာခိုင်နှုန်းအောက်သာရသေးလို့ OCHA ထုတ်ပြန်

မေ၊ ၆   မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှု တုန့်ပြန်ရေးအစီအစဉ် Myanmar Humanatarian response plan အတွက် အမေရိကန်ဒေါ်လာ ၇၆၄ သန်းလိုအပ်ပေမယ့် လက်ရှိအချိန်အထိ ရန်ပုံငွေ ဆယ်ရာခိုင်နှုန်းအောက်သာ ရရှိသေးတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကန့်သတ်မှုတွေကြောင့် တနင်္သာရီတိုင်းက စစ်ရှောင်တွေ စားသောက်ကုန်နဲ့ ဆေးဝါးအကူညီတွေ လိုအပ်နေ

မေ ၊ ၃ တနင်္သာရီတိုင်းမှာ ပြီးခဲ့ဧပြီလအတွင်း စစ်ရှောင်ဦးရေး လျော့ကျသွားပေမယ့် လူဦးရေသုံးသောင်းလောက် ဆက် လက်စစ်ဘေးရှောင်နေရဆဲဖြစ်ပြီး စစ်ကောင်စီက ကန့်သတ်မှုတွေလုပ်ထားတာ၊ကုန်ဈေးနှုန်းကြီး မြင့်တာတွေ ကြောင့် အကူအညီတွေလိုအပ်နေတယ်လို့ စစ်ရှောင်တွေကိုကူညီပေးနေသူတွေကပြောပါတယ်။ “စစ်ကောင်စီဘက်ကအစစ်အဆေးကျပ်လာသလို ကန့်သတ်မှုတွေ လုပ်လာတာတွေရှိတယ်၊ အဲ့တော့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မြိုင်မြို့အရှေ့ဖက်ခြမ်းကို စစ်ကြောင်းဝင်လာလို့ ဒေသခံ ၇၀၀ နီးပါး ထွက်ပြေးနေရ

မေ၊​ ၃   မကွေးတိုင်း၊ မြိုင်မြို့နယ် အရှေ့ဖက်အခြမ်းရှိ ကျေးရွာတွေကို ဒီကနေ့ မနက်ပိုင်းက စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက် အဲဒီဒေသက ကျေးရွာ လေး၊ ငါး ရွာလောက်က ဒေသခံ ၇၀၀၊ ၁၀၀၀ နီးပါးက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကန့်ဘလူမှာ ပျူစောထီးအဖွဲ့ထဲမဝင်လိုတာကြောင့် ထွက်ပြေးသူ ၃၀၀ ကျော် အကူအညီလိုအပ်နေ

မေ၊ ၂   စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့တွေရဲ့ ဖိအားပေးမှုကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတဲ့ ကန့်ဘလူမြို့နယ်ထဲက ကျေးရွာငါးရွာက ဒေသခံ ၃၀၀ ကျော်ဟာ ၇ လနီးပါးကြာမြင့်လာပြီးဖြစ်တဲ့အတွက် အစားအစာဆေးဝါးနဲ့ သောက်သုံးရေ အခက်အခဲတွေ ဖြစ်နေတယ်လို့ စစ်ရှောင်ကူညီပေးနေတဲ့ အဖွဲ့တွေထံမှ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကရင်နီပြည်နယ်မှာ စစ်ကောင်စီရဲ့ လေးလအတွင်း လေကြောင်းတိုက်ခိုက်အကြိမ်ရေ မနှစ်က နီးပါးရှိ

မေ၊ ၁   ကရင်နီပြည်နယ် (ကယားပြည်နယ်)မှာ စစ်ကောင်စီဟာ ဒီနှစ်လေးလအတွင်း လေကြောင်းသုံးတိုက်ခိုက်မှုဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်တနှစ်လုံးက လေကြောင်းတိုက်ခိုက်မှု အကြိမ်နီးပါးခန့် ရှိတယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစုက ဒီကနေ့သတင်းထုတ်ပြန်ပါတယ်။   “၂၀၂၃ မှာမှ အထူးသဖြင့် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ဘေးနဲ့ မီးလောင်ပြင်ကြားမှာ ရေငတ်နေတဲ့ စစ်ကိုင်းတိုင်းထဲကပြည်သူတွေ

မေ၊ ၁   စစ်တပ်က အဖိနှိပ်ဆုံးစစ်ကိုင်းတိုင်းထဲမှာတော့ နေ့စဉ်လိုလို နေအိမ်တွေမီးရှို့ခံနေရပြီး ဒေသခံတွေ စစ်ပြေးတိမ်းရှောင်နေကြရပါတယ်။ စစ်ကောင်စီတပ်တွေဟာ ဒေသခံနေအိမ်တွေကို စစ်ကြောင်းထိုးမီးရှို့တဲ့အပြင် ဒေသခံတွေအားထားသောက်သုံးနေတဲ့ သောက်သုံးရေကန်တွေကို ဖျက်စီးတာတွေနဲ့ လယ်ယာစိုက်ပျိုးလို့မရအောင်ပါ ထပ်ပြီးလုပ်ဆောင်လာကြပါတယ်။ အိမ်ခြေ ၄၀၀ လောက် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

လေပြင်းကြောင့် လွိုင်ကော်မှာ အိမ်တရာကျော်ပျက်စီး၊ စစ်ရှောင်တွေအခက်ပိုတွေ့

ဧပြီ၊ ၂၉   ကရင်နီ (ကယား)ပြည်နယ်၊ လွိုင်ကော်မြို့နယ်နဲ့ ရှားတောမြို့နယ်အစပ်က စစ်ရှောင်တွေ ခိုလှုံနေတဲ့ စူးဖဲလော်၊ နော်ပလု၊ တာဝ ကျေးရွာတွေမှာ လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းကြီးကျောင်းအပါအဝင် အိမ်ခြေ ၁၀၀ နီးပါး ပျက်စီးသွားတယ်လို့ သိရပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

PNO ပြည်သူ့စစ်အဖွဲ့က စစ်ရှောင်တွေဆီက မိုင်းရှင်းခဆိုကာ ငွေကြေးကောက်ခံနေ

ဧပြီ၊​ ၂၉   ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ PNO/PNA ပြည်သူ့စစ်အဖွဲ့က စစ်ရှောင်စခန်းတွေမှာ စစ်ရှောင်နေရသူတွေ ရပ်ရွာကို ပြန်နိုင်ရေး မိုင်းရှင်းခလို့ဆိုပြီး ငွေကြေးကောက်ခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။   “ ပင်းလောင်မြို့ထဲကပဲ မိုင်းရှင်းလင်းခဆိုပြီးတော့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ကိုင်းတိုင်းက မြို့နယ်ခုနစ်ခု တပြိုင်တည်းစစ်ကြောင်းထိုးခံရ

ဧပြီ၊​၂၇   လက်ရှိတော်လှန်ရေးကာလအတွင်း လက်နက်ကိုင်ခုခံတော်လှန်မှုအားကောင်းနေတဲ့ စစ်ကိုင်းတိုင်းထဲက မြို့နယ်ခုနစ်ခုကို စစ်ကောင်စီက အခုရက်ပိုင်းအတွင်း တပြိုင်တည်း စစ်ကြောင်းထိုးမီးရှို့မှုတွေ လုပ်ခဲ့တာကြောင့် ဒေသခံတွေ တိမ်းရှောင်ကြရသလို နေအိမ်မီးရှို့ခံရမှုတွေလည်း ရှိခဲ့ပါတယ်။   စစ်ကောင်စီတပ်တွေဟာ စစ်ကိုင်းတိုင်းအတွင်းက စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့နယ်တွေဖြစ်တဲ့ [ဆက်လက်ဖတ်ရှုရန်]