နိုင်ငံရေး

ကန့်ဘလူမှာ မိုးကြိုးပစ်ခံရလို့ စစ်ရှောင်တဦးသေဆုံး၊ နှစ်ဦးမြွေကိုက်ခံရ

မေ၊ ၁၈   စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့တိုက်နယ်၊ ချပ်ကြီးကျေးရွာက စစ်ရှောင်အမျိုးသားတဦးဟာ မေ ၁၆ ရက် ညနေပိုင်းက မိုးကြိုးပစ်ခံရပြီး သေဆုံးသွားခဲ့သလို အခြားစစ်ရှောင်နှစ်ဦးလည်း မြွေကိုက်ခံခဲ့ရတယ်လို့ အဲဒီဒေသက တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။   [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မုန်တိုင်းကြောင့် ချင်းပြည်မှာ နေအိမ်တထောင်ကျော်ပျက်စီးခဲ့

မေ၊ ၁၆   ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ချင်းပြည်နယ်ရဲ့ မြို့နယ် (၅)ခုမှာ နေအိမ်ပေါင်း ၁၀၀၀ နီးပါး ပျက်စီးခဲ့ပြီး မင်းတပ်မြို့နယ်ထဲက နေအိမ်တွေ အများဆုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။   “ ချင်းပြည်နယ်မှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကလေး-ဂန့်ဂေါလမ်းပိုင်းကို စစ်ကောင်စီဖျက်ဆီးပိတ်ဆို့ထားလို့ စစ်ရှောင်တသောင်းကျော် ရိက္ခာအခက်အခဲကြုံ

မေ၊ ၁၆   စစ်ကိုင်းတိုင်း၊ ကလေးမြို့နဲ့ မကွေးတိုင်း ဂန့်ဂေါမြို့နယ် ဆက်သွယ်ရေးလမ်းပိုင်းကို စစ်ကောင်စီတပ်တွေက မေလ ၁၃ ရက်နဲ့ ၁၄ ရက်ကြားမှာပဲ ဘူဒိုဇာနဲ့ထိုးပြီး ဖျက်ဆီးထားတာကြောင့် ကလေးဒေသက စစ်ရှောင်တွေနဲ့ စစ်ရှောင်စခန်းလေးခုက စစ်ရှောင်ပြည်သူတသောင်းကျော်ဟာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ခင်ဦးမှာစစ်ကောင်စီက စားနပ်ရိက္ခာတွေမီးရှို့ခဲ့လို့ ဒေသခံငါးရာဝန်းကျင် စားရေရိက္ခာပြတ်လပ်

မေ၊ ၁၅   စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ကဘွက်ရွာရှိ နေအိမ်တွေနဲ့ ဒေသခံတွေ စုဆောင်းထားတဲ့ စားနပ်ရိက္ခာတွေကို စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ မေလ ၇ ရက်က မီးရှို့ဖျက်ဆီးသွားတဲ့အတွက် အခုလို လမ်းပန်းဆက်သွယ်ရေးခက်ခဲနေတဲ့ မုန်တိုင်းကာလမှာ ဒေသခံငါးရာဝန်းကျင် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ခင်ဦးမှာစစ်ကောင်စီပစ်ခတ်လို့ ကလေးငယ်တဦးဒဏ်ရာရ၊ ဒေသခံ သုံးထောင်နီးပါး ထွက်ပြေးနေရ

မေ၊ ၁၄   စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲက စစ်ကောင်စီတပ်နဲ့ အရပ်ဝတ်လက်နက်ကိုင်တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်စီးနင်းခဲ့တာကြောင့် ခင်ဦးဒေသခံ သုံးထောင်နီးပါးဟာ မိုးထဲရေထဲမှာပဲ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတယ်လို့ သိရပါတယ်။   စစ်ကောင်စီတပ်တွေဟာ ချမ်းသာကုန်းရွာနဲ့ အင်းပတ်ကျေးရွာတွေကို ဒီကနေ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ခင်ဦးမှာလည်း ဒေသခံသုံးထောင်ဝန်းကျင် မိုးထဲရေထဲ စစ်ရှောင်နေရပြန်

မေ၊ ၁၄   စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အနောက်ခြမ်းက အင်းပတ်ကျေးရွာ၊ ချမ်းသာကုန်းနဲ့ ကုန်းသာကျေးရွာ စတဲ့ကျေးရွာတွေက ဒေသခံပေါင်းသုံးထောင်ဝန်းကျင်းဟာ မိုးကြီးလေကြီးကြားထဲက စစ်ရှောင်ထွက်ပြေးနေရတယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ဖော်ပြထားပါတယ်။   အင်းပတ်ကျေးရွာမှာ အထိုင်ချနေတဲ့ စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးအဖွဲ့တွေဟာ ဒီကနေ့မနက် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကနီမှာ မုန်တိုင်းကြောင့် မိုးသည်းထန်နေပြီး စစ်ကြောင်းထိုးနေလို့ ပြည်သူတသောင်းကျော် မိုးရေထဲပြေးနေရ

မေ၊ ၁၄   စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အခုရက်ပိုင်းအတွင်း ရာသီမုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းနေတာ ၂ ရက်ခန့်ရှိပြီဖြစ်ပြီး စစ်ကောင်စီကလည်း ကနီမြို့အောက်ဘက် ချင်းတွင်းမြစ်အနောက်ဘက်ကမ်းက ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်တပ်စစ်ကြောင်းထိုးမှုတွေကြောင့် ကျေးရွာအုပ်စု ၅ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဖုန်းလိုင်းတွေဖြတ်တောက်ခံထားရတဲ့ ချင်းပြည်နယ်မှာ မုန်တိုင်းသတင်း ကြိုတင်သတိပေးနိုင်မှုမရှိဖြစ်နေ

မေ၊ ၁၃   မိုခါ ဆိုင်ကလုန်းမုန်တိုင်းဟာ မေလ ၁၄ ရက်မှာ အင်အားအလွန်ပြင်းထန်တဲ့ မုန်တိုင်းအဖြစ် မြန်မာနိုင်ငံအတွင်း ဖြတ်သန်းဝင်ရောက်ရာမှာ မုန်တိုင်းလမ်းကြောင်းမှာရှိနေတဲ့ ချင်းပြည်နယ် မြို့နယ်လေးခုက ဒေသခံတွေဟာ စစ်ကောင်စီရဲ့ ဆက်သွယ်ရေးဖြတ်တောက်ထားမှုကြောင့် မုန်တိုင်းသတင်းတွေ မရရှိဘဲဖြစ်နေတယ်လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရခိုင်ကစစ်ရှောင်တွေနဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ မုန်တိုင်းဒဏ်ကာကွယ်ဖို့ အခက်အခဲတွေ ရှိနေ

မေ၊ ၁၂ အင်အားပြင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း မိုခါ ဝင်ဖို့ရှိနေတဲ့ ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာနဲ့ ရခိုင်စစ်ဘေးရှောင်ဒုက္ခသည်စခန်းတွေက တဲအိမ်တွေဟာ မုန်တိုင်းဒဏ်ခံနိုင်လောက်တဲ့အနေအထားမရှိတဲ့အ တွက် ထိခိုက်၊ဆုံးရှုံးမှုတွေ ရှိလာမှာကို စိုးရိမ်နေကြတယ်လို့အဲ့ဒီ ဒုက္ခသည်တွေက ပြောကြပါတယ်။ မုန်တိုင်းရိုက်ခတ်မှုခံရနိုင်ချေရှိတဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူ၊ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကနီကစစ်ရှောင်စခန်းတခုမှာ ငါးလအတွင်း ရာသီဥတုဒဏ်ကြောင့်သေဆုံးသူ သက်ကြီးရွယ်အို ခုနှစ်ဦးရှိ

မေ၊ ၁၁   စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ စစ်ကောင်စီတပ်တွေ မီးရှို့လို့ စစ်ဘေးရှောင်နေရတဲ့ အမြဲတမ်းစစ်ရှောင်စခန်းတခုမှာ ၂၀၂၃ ခုနှစ် ငါးလအတွင်း ရာသီဥတုဒဏ်ကြောင့် နာမကျန်းဖြစ်ပြီး သေဆုံးသူ သက်ကြီးရွယ်အို ခုနှစ်ဦးအထိ ရှိလာတယ်လို့ ကနီမြို့က ဒေသခံတွေက [ဆက်လက်ဖတ်ရှုရန်]