နိုင်ငံရေး

စစ်ကောင်စီတပ်တွေပါလာတဲ့ အိမ်စီးကားကို ရေးပြောက်ကျားအဖွဲ့ တိုက်ခိုက်ပြီးဗိုလ်ကြီးအဆင့်ရှိသူကို အရှင်ဖမ်းမိ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့မှာ မနေ့ဖေဖော်ဝါရီ ၄ ရက် မွန်းလွဲပိုင်းက စစ်ကောင်စီတပ်ဖွဲ့တွေလိုက်ပါစီးနင်းလာတဲ့ အိမ်စီးကားလမ်းမှာ ခြုံတိုက်ခိုက်ခံရပြီး ကားမီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။   မနေ့ မွန်းလွဲ ၂ နာရီကျော်ခန့်က လမိုင်းမြို့၊ ကနင်ကမော့နဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရွှေပြည်အေးမြို့သစ်ကိုလေးရက်ကြာသိမ်းပိုက်ပြီးနောက် လူထုအထိနာမှာစိုးလို့ ကာကွယ်ရေးတပ်တွေထွက်ခွာ

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်အတွင်းက ရွှေပြည်အေးမြို့သစ်ကို ၄ ရက်ကြာသိမ်းပိုက်ထားခဲ့ပြီးနောက် ဒေသခံလူထုအထိနာမှာဆိုးတဲ့ အတွက်မြို့ကို မဟာမိတ်တွေစွန်ခွာပေးလိုက်တယ်လို့ ဟုမ္မလင်းပြည်သူကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူကပြောပါတယ်။ အမျိုးသားညီညွတ်ရေး အစိုးရရဲ့ PDF မဟာမိတ်တွေ သိမ်းပိုက်ထားတဲ့ ရွှေပြည်အေးမြိုသစ်ကို မနေ့က ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ အင်းတော်နဲ့ ကောလင်းကြား တိုက်ပွဲဆက်လက်ပြင်းထန်လို့ ဒေသခံတွေတိမ်းရှောင်

စစ်ကိုင်းတိုင်း၊ ကောလင်းနဲ့ အင်းတော်ကြားက တောင်မော်နဲ့ ပဒုမ္မာရွာကြားမှာ မနေ့ဖေဖော်ဝါရီ ၄ရက်ကစပြီး နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေလို့ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။ တိုက်ပွဲတွေဟာ ထီးချိုင့်၊ ဝန်းသို၊ အင်းတော်၊ ဗန်းမောက်၊ ကောလင်းထိစပ်တဲ့နေရာမှာ ဖြစ်ပွားနေတာဖြစ်ပြီး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ကောင်စီရဲ့ရွေးကောက်ပွဲဟာ ပဋိပက္ခတွေဆီကိုဦးတည်နေတယ်လို့ မွန်ပြည်သစ်ပါတီထုတ်ပြန်

အာဏာသိမ်းစစ်ကောင်စီအနေနဲ့ လက်ရှိ နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခအကြပ်အတည်းတွေကို ဖြေရှင်းရေးနည်းလမ်းနဲ့ မဖြေရှင်းပဲ ရွေးကောက်ပွဲသစ်တစ်ခု ကျင်းပဖို့ ကြိုးစားအားထုတ်နေတာဟာ ရလဒ်ကောင်းတခုမဟုတ်ဘဲ သွေးထွက်သံယိုမှု ပိုများတဲ့ ပဋိပက္ခဆီကို ဦးတည်သွားနေတယ်လို့ မွန်ပြည်သစ်ပါတီက ထုတ်ပြန်လိုက်ပါတယ်။ ဒီကနေ့ မှာ ကျရောက်တဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ကောင်စီကို နိုင်ငံခြားငွေရှာပေးတဲ့ နိုင်ငံတကာရေနံကုမ္ပဏီ နှစ်ဆယ်ကျော်မှာ ကန်ကုမ္ပဏီ ရှစ်ခုပါနေဆဲ

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတာ ၂ နှစ်ကျော်တဲ့အထိ စစ်ကောင်စီကို နိုင်ငံခြားငွေအဓိက ရှာဖွေပေးနေတဲ့ နိုင်ငံတကာရေနံကုမ္ပဏီ ၂၁ ခုမှာ အမေရိကန်ကုမ္ပဏီ ၈ ခုအထိပါဝင်နေတယ်လို့ Justice for Myanmar အဖွဲ့က ဖေဖော်ဝါရီလ ၄ ရက် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ကောင်စီက TNLA ကို လေကြောင်း၊လက်နက်ကြီးတွေနဲ့ တိုက်ခိုက်လို့ နှစ်ဘက်စစ်ရေးတင်းမာနေ

ရှမ်းပြည်မြောက်ပိုင်း လားရှို့မြို့နယ်အတွင်းက စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့က တအာင်းလူငယ်တွေကို ပြည်သူ့စစ်အဖြစ် ခေါ်ယူစုဆောင်းသွားတာကြောင့် လိုက်ကယ်တဲ့ TNLA စစ်ကြောင်းကို စစ်ကောင်စီက လေ ကြောင်းနဲ့ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ TNLA ဘက်က ထုတ်ပြန်ပါတယ်။ လားရှိုးမြို့နယ်အတွင်း လှုပ်ရှားတဲ့ ပြည်သူ့စစ်အဖွဲ့က ဒေသခံ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တိုက်ပွဲတွေကြားက လူထုသပိတ်စစ်ကြောင်းများ

အာဏာသိမ်းစစ်ကောင်စီကို လက်နက်စွဲကိုင် တော်လှန်တိုက်ခိုက်မှုတွေ နိုင်ငံတဝှမ်းမှာ မြင့်တက်နေသလို တချိန်တည်းမှာပဲ အာဏာသိမ်းမှုကို လက်မခံဆန့်ကျင်ကြောင်း ထုတ်ဖော်ပြသတဲ့ လူထုသပိတ်လှုပ်ရှားမှု တွေလည်း နိုင်ငံအနှံ့မှာ ဆက်ရှိနေပါတယ်။ ဒီကနေ့ သြစတေးလျနိုင်ငံနဲ့ တောင်ကိုရီးယားနိုင်ငံမှာ စစ်အာဏာရှင်ကိုဆန့်ကျင်ဆန္ဒပြခဲ့ကြသလို ရန် ကုန်မြို့မှာလည်းစာတန်းချိတ်ဆွဲပြီးပျောက်ကြားသပိတ်ဆင်နွဲတာအပြင် စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အာဏာသိမ်းမှုနှစ်နှစ်ပြည့် အသံတိတ်လမ်းလျှောက်ဆန္ဒပြပွဲ အိန္ဒိယဗဟိုအစိုးရခွင့်မပြုလို့ပွဲပျက်

အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ် အိုက်ဇောလ်မြို့မှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ မြန်မာနိုင်ငံစစ်အာဏာသိမ်းနှစ်နှစ်ပြည့် အသံတိတ်လမ်းလျောက် ချီတက်ပွဲကို အိန္ဒိယဗဟိုအစိုးရကပိတ်ပင်လိုက်တဲ့အတွက် ပွဲပျက်သွားတယ်လို့ ဒေသခံ မီဒီယာတွေရဲ့ဖော်ပြချက်ရသိရပါတယ်။   မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတာ နှစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် မီဇိုရမ်အစိုးရ၊ အဖွဲ့အစည်းအသီးသီးနဲ့ ပြည် သူတွေကို ကျေးဇူးတင်တဲ့အနေနဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

KNU တပ်မဟာ(၅)နယ်မြေမှာ စစ်တပ်က တလအတွင်း လေကြောင်းတိုက်ခိုက်မှု နှစ်ဆယ့်ငါးကြိမ်နီး ပါးလုပ်၊ ပြည်သူဆယ့်လေးဦးသေဆုံး

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်ခရိုင်၊တပ်မဟာ (၅)နယ်မြေမှာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ တလ အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၂၄ ကြိမ်နဲ့ ဗုံးကျဲတိုက်ခိုက်တာကြောင့် ဒေသခံပြည်သူ ၁၄ ဦး သေဆုံးပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရခိုင်က ရိုဟင်ဂျာဒုက္ခသည်တွေကို စားနပ်ရိက္ခာထောက်ပံ့ခွင့် ထပ်ပိတ်ခံရလို့ အခက်ကြုံနေရ

သုံးလကျော်ကြာ ရိက္ခာဖြတ်တောက်ခံခဲ့ကြရတဲ့ ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို ပြီး ခဲ့ တဲ့ ဒီဇင်ဘာလမှာထောက်ပံ့ခွင့်ပြုခဲ့ပေမယ့် လက်ရှိမှာ စစ်ကောင်စီက ထောက်ပံ့ခွင့်ပြန်ပိတ်ပင်လိုက်တဲ့အတွက် အဲဒီစခန်းတွေက ဒုက္ခသည်တွေမှာ ကြီးမားတဲ့ရိက္ခာအခက်အခဲတွေနဲ့ ကြုံနေကြရတယ်လို့ ပြောကြပါတယ်။  အာဏာသိမ်းစစ်ကောင်စီဟာ ရခိုင်ပြည်နယ်အတွင်းက ဒုက္ခသည်တွေဆီ ပုံမှန်ထောက်ပံ့ပေးနေတဲ့ [ဆက်လက်ဖတ်ရှုရန်]