စစ်ကိုင်းကနေ မုံရွာကိုထွက်ခွာလာတဲ့ စစ်အုပ်စုယာဉ်တန်း ၃ကြိမ် မိုင်းထိ

စစ်ကိုင်းကနေ မုံရွာကိုထွက်ခွာလာတဲ့ စစ်အုပ်စုယာဉ်တန်း ၃ကြိမ် မိုင်းထိ

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့ကနေ မုံရွာမြို့ဘက်ကို ထွက်ခွာလာတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ကား ၁၆စီးပါ ယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ၃ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး သေဆုံးသူတွေ များပြားနိုင်တယ်လို့ သတင်းထုတ်ပြန်လာခဲ့ပါတယ်။ ဒီကနေ့ မေလ ၂၃ရက်နေ့ နေ့လည် ၁၁နာရီကျော်လောက်မှာ ဝမ်းပြည့်ကျေးရွာနဲ့ အလ္လကပ္ပကျေးရွာအကြားမှာ ပထမအကြိမ် ပဒေသမိုင်း ၃လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၈စီးမြောက်ကား ထိမှန်ခဲ့ပြီး နေ့လည် ၁၁နာရီခွဲလောက်မှာ ဘိုးမင်းကြီးကင်းကျေးရွာနဲ့ ဂွေးပင်တောကျေးရွာအကြားမှာ ဒုတိယအကြိမ် ပဒေသာမိုင်း ၄လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ…

Read More
စစ်ကိုင်းပြည်သူ့ဆေးရုံမှာ စစ်အုပ်စုဝင်အချင်းချင်း ပစ်ခတ်ရာမှ ၂ဦးသေ

စစ်ကိုင်းပြည်သူ့ဆေးရုံမှာ စစ်အုပ်စုဝင်အချင်းချင်း ပစ်ခတ်ရာမှ ၂ဦးသေ

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့ ပြည်သူ့ဆေးရုံကြီးမှာ အစောင့်ကျနေတဲ့ စစ်အုပ်စုဝင်အချင်းချင်း စကားများရန်ဖြစ်ပြီး သေနတ်နဲ့ပစ်ရာမှ ၂ဦးသေဆုံးပြီး ၁ဦးဒဏ်ရာရရှိသွားတယ်လို့ စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးက ဖော်ပြထားပါတယ်။ ဒီကနေ့ မတ်လ ၁၂ရက်နေ့ မနက်ပိုင်းမှာ စစ်ကိုင်းမြို့ ပြည်သူ့ဆေးရုံကြီးမှာ အစောင့်ကျနေတဲ့ စစ်အုပ်စုဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားခဲ့တာပါ။ အစောင့်စစ်သားတွေဟာ စစ်မှုထမ်းဟောင်းတွေဖြစ်ပြီး စစ်အုပ်စုက အင်အားလိုအပ်ချက်အရ နေ့စား တစ်နေ့ ၇၀၀၀ ပေးကာ အစောင့်ခန့်ထားပြီး လက်နက်တပ်ဆင်ပေးထားတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

Read More
ဆိုင်ကယ်ရပ်မပေးတဲ့ကြံ့ဖွံ့ပါတီဝင်တစ်ဦး  အကြမ်းဖက်တပ်က သေနတ်နဲ့ပစ်လို့သေ

ဆိုင်ကယ်ရပ်မပေးတဲ့ကြံ့ဖွံ့ပါတီဝင်တစ်ဦး အကြမ်းဖက်တပ်က သေနတ်နဲ့ပစ်လို့သေ

ဆိုင်ကယ်ရပ်မပေးလို့ဆိုပြီး ကြံ့ဖွံ့ပါတီ၀င် အမျိုးသားတစ်ဦးကို အကြမ်းဖက်စစ်တပ်က သေနတ်နဲ့ပစ် ခတ်ခဲ့ရာသေဆုံးခဲ့တယ်လို့ သိရပါတယ်။ စစ်ကိုင်းမြို့၊ ဧမြ၀တီရပ်ကွက် အနောက်ပိုင်း‌နေ ကြံ့ဖွံ့ပါတီ၀င် အမျိုးသားတစ်ဦး မန္တလေးမြို့မှာ ဆိုင်ကယ်ရပ်မပေးလို့ ဆိုပြီး ဇန်နဝါရီ ၂၇ ရက်နေ့ညက အပစ်ခံရခြင်းဖြစ်တယ်လို့ ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးက ဒီကနေ့ထုတ်ပြန်ပါတယ်။ သေဆုံးသွားသူရဲ့ ယောက္ခမဟာလည်း ကြံ့ဖွံ့ပါတီဝင်ဖြစ်တယ်လို့လည်း သိရပါတယ်။ စစ်ကိုင်းမြို့ပေါ်နေတက်ကြွလှုပ်ရှားသူတစ်ဦးက ‘စစ်ခွေးတွေအတွက်ကြံ့ဖွံ့လည်းပစ်စရာရှိရင်ပစ်မှာပဲဆို တာကို သက်သေပြလိုက်တာပဲ။စစ်ကိုင်းကကြံ့ဖွံ့ တော်တော်မျက်နှာပျက်ကုန်တယ်။စိတ်မကောင်းစရာ ကအသတ်ခံရတဲ့သူရဲ့ မိန်းမကကိုယ်ဝန်ကြီးနဲ့ကျန်ခဲ့တယ်ဆိုတာပါပဲ။အာဏာရှင်တွေလက်အောက်ကရုန်းမ ထွက်နိုင်မချင်း…

Read More
စစ်ကိုင်းမြို့ပေါ်က CDM ရဲတပ်ကြပ်ကြီးရဲ့ နေအိမ်ကို ချိပ်ပိတ်

စစ်ကိုင်းမြို့ပေါ်က CDM ရဲတပ်ကြပ်ကြီးရဲ့ နေအိမ်ကို ချိပ်ပိတ်

စစ်ကိုင်းမြို့ပေါ်က CDM ယာဉ်ထိန်းရဲတပ်ကြပ်ကြီးရဲ့အိမ်ကို အကြမ်းဖက်စစ်အုပ်စုက ချိတ်ပိတ် လိုက်တယ်လို့ သိရပါတယ်။ စစ်ကိုင်းမြို့၊ စိန်ကုန်းရပ်ကွက်၊ လေးကျွန်းမြေရပ်မှာရှိတဲ့ CDM ယာဉ်ထိန်းရဲတပ်ကြပ်ကြီး မျိုးဝင်းရဲ့ နေအိမ်နဲ့ခြံကို ယမန်နေ့က စစ်အုပ်စုဝင်တွေ လာရောက်ချိပ်ပိတ်ခြင်းဖြစ်တယ်လို့ ဒေသတွင်း နွေဦးတော်လှန်ရေး စာမျက်နှာ စစ်ကိုင်းမြို့နယ်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။   ‘ထုံးစံအတိုင်း စစ်ခွေးတွေချိပ်ပိတ်ချင်တော့ PDF နဲ့ ဆက်စပ်တယ်ဆိုပြီး တံဆိပ်ကပ်လိုက်တယ်။ ချိပ်ပိတ်တဲ့ အိမ်မှာရှိတဲ့ ပစ္စည်းတွေထဲက သူတို့လိုချင်တာတွေ လုယက်သွားတယ်လို့ကြားတယ်’ လို့…

Read More