ဒေသအလိုက် သတင်းကဏ္ဍ

ကော့ဘိန်းရဲစခန်းကို လက်လွှတ်လိုက်ရတဲ့ စစ်ကောင်စီတပ်အင်အားရာချီစစ်ကြောင်းထိုးနေလို့ဒေသခံတွေ နေရပ်မပြန်ရဲသေး

မတ်၊ ၂၇ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကော့ဘိန်းနယ်မြေရဲစခန်းကို လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေက အင်အားအများအပြားနဲ့ ဘေးပတ်ပတ်လည်ကနေ စစ်ကြောင်းထိုးဝင်ရောက်လာနေတဲ့အတွက် ပြည်သူတွေနေရပ်မပြန်လာကြရဲသေးဘူးလို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေက ပြောပါ တယ်။ စခန်းကိုလက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက ကော့ဘိန်းကျေးရွာအနောက်ဘက် ဆယ်မိုင် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြဝတီမှာ သားအမိသုံးဦးအစာအဆိပ်သင့်၊နှစ်ဦးသေဆုံး၊တဦးစိုးရိမ်ရ

မတ်၊ ၂၃ ကရင်ပြည်နယ်၊ မြဝတီမြို့မှာ မတ်လ ၂၁ ရက် ည နေပိုင်းက သားအမိသုံးဦးအစာအဆိပ်သင့်လို့ မိခင်သမီးသေဆုံးကာ သားဖြစ်သူကတော့ စိုးရိမ်ရအ ခြေအနေနဲ့အရေးပေါ်ဆေးကုသမှုခံယူနေရတယ်လို့ မြဝတီမြို့အခြေစိုက်လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။ “ဆေးရုံရောက်တော့ မိခင်နဲ့ သမီးက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကရင်ပြည်နယ်က စခန်းသိမ်းတိုက်ပွဲငါးခုမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်ကိုးဦးကျဆုံး၊ လက်နက်မျိုးစုံ သုံးရာ့ ခြောက်ဆယ်ကျော်ရ

မတ် ၊ ၂၀ အခုလအတွင်း ကရင်အမျိုးသားလွတ်လပ်ရေးတပ်မတော် KNLA နဲ့ပူးပေါင်းတပ်တွေရဲ့ထိုးစစ် စခန်းသိမ်းတိုက်ပွဲ ငါးခုမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်ကိုးဦးကျဆုံးကာ စစ်ကောင်စီဘက်ကတော့ လေးဆယ်ကျော်သေဆုံးခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေဆီကသိရပါတယ်။ KNLAနဲ့ပူးပေါင်းတပ်တွေဟာ အခုလ ၇ရက်ကနေမနေ့ကအထိ မြဝတီမြို့နယ်ထဲက သင်္ဃန်းညီနောင် အခြေစိုက် စစ်ကောင်စီတပ်ရင်းနှစ်ခုဖြစ်တဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကျိုက်ဒုံဗျူဟာ ဗျူဟာမှူးအပါအဝင် အင်အားခြောက်ဆယ်ကျော် လက်နက်ချ

မတ်၊ ၁၅  ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံမြို့အခြေစိုက်ဗျူဟာကုန်းကို မနေ့ မတ်လ ၁၄ ရက် ည နေ ပိုင်းမှာ တော်လှန်ရေးအင်အားစုတွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး တိုက်ပွဲအတွင်း ဗျူဟာမှူးပါအဝင် အင်အား ၆၀ ကျော် အလံဖြူထောင်လက်နက်ချအညံ့ခံခဲ့တယ်လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

သင်္ဃန်းညီနောင်မှာ တိုက်ပွဲပြင်းထန်

မတ်၊ ၁၅ ကရင်ပြည်နယ်၊ မြဝတီမြို့နယ် သင်္ဃန်းညီနောင်မြို့ပတ်ပတ်လည်မှာ ဒီကနေ့ မတ်လ ၁၅ ရက် မနက်ပိုင်းကစလို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းပစ်ခတ်မှုကြောင့် အရပ်သား ထိခိုက်သေဆုံးတာ ရှိတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။ “ဖြစ်နေတာက တနေရာတည်းမဟုတ်ဘူး၊ [ဆက်လက်ဖတ်ရှုရန်]

သတင်းဆောင်းပါး

ရှမ်းမြောက်မှာ ကမ်းပြိုပြီးကရင်ပြည်နယ်မှာ သောင်ထွန်းလာတဲ့ ကျားဖြန့်လုပ်ငန်းများ

ဖေဖော်ဝါရီ ၊ ၁၀ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း ထိန်းမနိုင်သိမ်းမရ ကြီးထွားခဲ့တဲ့ ကျားဖြန့်ခေါ် အွန် လိုင်းလိမ်လည်မှုလုပ်ငန်းတွေဟာ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ နိဂုံးချုပ်လုနီးနီးအခြေအနေဖြစ်သွားပါတယ်။ အထူးသဖြင့် ကိုးကန့်ဒေသကို ဆယ်စုနှစ်တခုကျော်ကြာ ချုပ်ကိုင်ခဲ့တဲ့ ပယ်စောက်ချိန်အပါအဝင်သူ့ရဲ့ အင်အားစု တွေဖြိုခွဲခံခဲ့ရအပြီးမှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကော့ကရိတ်မြို့ပေါ် မီးလောင်မှုဖြစ်ပွား

ဇန်နဝါရီ၊ ၂၁   တိုက်ပွဲကြောင့် ဒေသခံတွေ စစ်ရှောင်နေတဲ့ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ် အမှတ် ၅ ရက်ကွက်မှာ ဇန်နဝါရီလ ၂၁ ရက် ဒီကနေ့ ညနေ ၃ နာရီခန့်က နေအိမ်အများအပြား မီးလောင်‌နေတယ်လို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

KNU နယ်မြေတွေမှာ တနှစ်အတွင်း စစ်ကောင်စီလက်ချက်နဲ့ အရပ်သားနှစ်ရာနီးပါး သေဆုံး

ဇန်နဝါရီ၊ ၁၉   ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်ဒေသတွေမှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် တနှစ်အတွင်း စစ်ကောင်စီရဲ့ တိုက်ခိုက်မှုနဲ့ ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် အရပ်သား ၁၉၅ ဦး သေဆုံးခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကော့ကရိတ်မြို့ပေါ်မှာ လက်နက်ကြီးကျလို့ ကလေးတဦးအပါအဝင် ငါးဦးဒဏ်ရာရ

နိုဝင်ဘာ၊ ၄ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ အမှတ်(၁)ရပ်ကွက်မှာ ဒီကနေ့ မနက် ၁၀ နာရီခွဲလောက်က လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ အသက်သုံးနှစ်အရွယ်ကလေးတဦးအပါအဝင် ငါးဦး ဒဏ်ရာရခဲ့ပြီး နှစ်ဦးက ဒဏ်ရာ ပြင်းထန် တယ်လို့ မြို့ခံတွေက DNAကိုပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကျောင်းသူတဦး သေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့တဲ့ ပေါက်ကွဲမှု စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေ အပြန်အလှန်စွပ်စွဲ

အောက်တိုဘာ ၊ ၁၄ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်က စာသင်ကျောင်းတခုအနီးလက်နက်ကြီးကျပေါက်ကွဲမှုကြောင့် ကျောင်းသူ တချို့သေဆုံးထိခိုက်ခဲ့ကြတာနဲ့ပတ်သက်လို့ စစ်ကောင်စီနဲ့တော်လှန်ရေးအင်အားစုတွေအပြန်စွပ်စွဲ ထားကြပါ တယ်။ ကော့ကရိတ်မြို့ အမှတ်(၂)ရပ်ကွက်မှာရှိတဲ့ အခြေခံပညာကျောင်းခွဲအနီး မနေ့က နေ့လယ်ပိုင်းမှာ  လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် ၁၂နှစ်အရွယ်ကျောင်းသူတဦးသေဆုံးပြီး ခြောက်နှစ်အရွယ်တဦးအပါအဝင် [ဆက်လက်ဖတ်ရှုရန်]