မေ၊ ၁၀ ကချင်ပြည်နယ် ၊ဖားကန့်မြို့နယ် မှာ မေလ၁ရက်နေ့ကနေဒီကနေ့မေလ၁၀ရက်နေ့အထိ သေနတ်ဒဏ်ရာတွေနဲ့သေဆုံးပြီးစွန့်ပစ်ခံထားရတဲ့သေဆုံးသူ ၁၀ဦးရှိပြီးတရက်တလောင်နှုန်းဖြစ်နေတယ်လို့ DNAသတင်းဌာနကလေ့လာတွေ့ရှိရပါတယ်။ “ညကလဲ နှစ်ယောက် မျောက်ဖြူဆရော်ခဖက် ညောင်ပင်ကုန်းနားမှပစ်သတ်ခဲ့တယ်လို့ကြားတယ်။ ဘယ်ကတွေလဲတော့မသိဘူး ။ဘယ်သူမလဲမစုံစမ်းရဲကြဘူး ။နှစ်ဦးနှစ်ဘက်အပြန်အလှန်လုပ်နေကြတယ်” လို့ဖားကန့်ဒေသခံတယောက်က DNA ကိုပြောပါတယ်။ သေဆုံးသူတွေဟာလူငယ်နဲ့လူလတ်ပိုင်းအရွယ်အမျိုးသားတွေဖြစ်ကြပြီး ရေမဆေးကျောက်ရှာဖွေသူတွေနဲ့ အရောင်းအဝယ်လုပ်ကိုင်သူ ၊ ကျောက်လုပ်ငန်းလုပ်ကိုင်သူတွေဖြစ်တယ်လို့လည်းဒေသခံတွေကဆိုကြပါတယ်။ သေဆုံးသူတွေဟာ လက်နက်ကိုင်အဖွဲ့စည်းတွေဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA၊PDFစတဲ့လက်နက်ကိုင်တွေနဲ့ပါဝင်ပါတ်သတ်ခြင်းမရှိကြဘူးလို့လဲ ဒေသခံတွေကပြောပါတယ်။ DNAအနေနဲ့တော့ တိတိကျကျအတည်မပြုနိုင်သေးပါဘူး။ အခုတွေရှိရတဲ့အလောင်းတွေနဲ့ ပတ်သက်လို့ ဘယ်သူတွေကျူးလွန်တယ်ဆိုတာ အတိအကျသိရတာမရှိသလို…
Read Moreဧပြီ၊ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နမ့်မဖြစ်ကျေးရွာအုပ်စု၊ မလန်းယန်ကျေးရွာကို စစ်ကောင်စီက မနေ့က ဧပြီ ၂၉ ရက်မနက်ပိုင်းမှာ ဝင်ရောက်စီးနင်းပြီး ဖမ်းဆီးခဲ့တဲ့ အရပ်သား၂၁ ဦးကို မနေ့ကညပိုင်းမှာပဲ ပြန်လွှတ်ပေးလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ “ ၂၁ယောက်လုံးကို မနေ့က မနက် ၉ နာရီမှာ ဖမ်းတယ်။ တနေကုန်နေပူထဲမှာနေရတယ်။ ဖားကန့်မှာက မနေ့က ၉၂ ဒီဂရီဖာရင်ဟိုက်ထိ ရှိတယ်။ မနေ့က…
Read Moreဧပြီ၊ ၂၉ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နမ့်မဖြစ်ကျေးရွာအုပ်စု မလန်းယန်ကျေးရွာကို စစ်ကောင်စီက ဒီကနေ့ ဧပြီ ၂၉ ရက်မနက်ပိုင်းမှာ ဝင်ရောက်စီးနင်းခဲ့ပြီး ရွာသား ၂၁ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ “ မလန်းယန်ဘုန်းကြီးကျောင်းနားက ကျောက်မျက်ကုမ္ပဏီခွဲဟောင်းထဲမှာ ဒေသခံ၂၁ ဦးကို ဖမ်းဆီးထားတယ်၊ စစ်ကောင်စီတပ်သားအယောက် (၄၀)လောက်က အခုမူးယစ်သောက်စားနေကြတယ်လို့ သတင်းရတယ်၊ ညကို ဘာတွေဖြစ်မလဲလို့ ဒေသခံတွေ စိုးရိမ်နေကြရတယ် ” လို့…
Read Moreမတ်၊ ၁၈ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် မှော်စီဇာရပ်ကွက်မှာ ဖွင့်ထားတာ ရက်ပိုင်းပဲ ရှိသေးတဲ့ ကွန်ပျူတာသင်တန်းကျောင်းတခုကို စစ်ကောင်စီတပ်က ဖျက်ဆီးခဲ့သလို အဲ့ဒီသင်တန်းကျောင်းမှာ အစောင့်အဖြစ်နေထိုင်သူ တဦးကို လည်း ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ အဲ့ဒီကွန်ပျူတာသင်တန်းကျောင်းဟာ ကချင်အမျိုးသား လူမှုဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း (Wunpawng Myu Sha Zinlum Hpung)က ဦးဆောင်ဖွင့်လှစ်ထားတာဖြစ်တယ်လို့သိရပြီး မတ်လ ၁၇ရက် မနက်အစောပိုင်းမှာ စစ် ကောင်စီတပ်သားတွေရောက်လာပြီးဖျက်ဆီးသွားတာလို့ ဆိုပါတယ်။ “ လာဖျက်ဆီးသွားတာက…
Read Moreမတ်၊ ၆ ကချင်ပြည်နယ်က လီဒိုလမ်းမကြီးအပါအဝင် လမ်းတချို့နဲ့ ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီတချို့မှာ စစ်ကိုင်းတိုင်းဒေသကြီး မှတ်ပုံတင်အမှတ် ၅/ ကိုင်ဆောင်ထားတဲ့ ခရီးသွားတွေနဲ့ နေထိုင်သူတွေကို တင်းတင်းကြပ်ကြပ်စိစစ်နေတယ်လို့ DNA ရဲ့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ “ ပုံမှန်စစ်ဆေးရေးဂိတ်တွေကတော့ ရှိနေကြပါ။ ဒါပေမယ့် အရမ်းတင်းတင်းကြပ်ကြပ်ကြီး စစ်တာမျိုးတော့ မဟုတ်ဘူး။ အခုက တော်တော်လေးစစ်တယ်။ ကျွန်တော်တို့ဆီက အလုပ်သမားတွေဆိုရင် ရွာထဲတောင် မသွားဖြစ်ကြတော့ဘူး ” လို့ မိုးညှင်းခရိုင်ထဲမှာ ရွှေတူးဖော်မှုလုပ်နေတဲ့…
Read Moreဖေဖော်ဝါရီ၊ ၂၄ ကချင်ပြည်နယ် ဖားကန့်မြို့နယ်မြောက်ပိုင်း လုံးခင်းကျေးရွာအုပ်စုက မဇွပ်ယန်ရွာထဲကို ဒီကနေ့ ဖေဖော်ဝါရီ ၂၄ ရက်မနက်ပိုင်းက လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲလို့ နေအိမ်နှစ်လုံးပျက်စီးခဲ့သလို အမျိုးသမီးတဦးလည်း စိုးရိမ်ရဒဏ်ရာရသွားတယ်လို့ ဒေသခံတွေနဲ့ လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။ မဇွပ်ယန်ရွာထဲကို ဒီကနေ့ မနက် ရှစ်နာရီလောက်မှာ စစ်ကောင်စီက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကလေးမိခင် အမျိုးသမီး တဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အမည်မဖော်လိုတဲ့ လူမှုကူညီရေးအဖွဲ့ဝင်တဦးကပြောပါတယ်။ “ရွာထဲတိုက်ရိုက်ကျတော့ နေအိမ်ခေါင်မိုးတွေ ဝန်းထရံတွေပျက်စီးကုန်တယ်၊ သုံးလုံးကျတာပါ၊…
Read Moreကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ စစ်အုပ်စုက စက်သုံးဆီတင်ကားတွေကို ပိတ်ပင်ထားတဲ့အတွက် အကန့်အသတ်နဲ့သာ တင်သွင်းနေရပြီး စက်သုံးဆီနဲ့ စားသောက်ကုန် တွေဈေးနှုန်း မြင့်တက်နေတယ် လို့ ဒေသခံ တွေက ပြောပါတယ်။ ပြီးခဲ့တဲ့ တလလောက်ကတည်းက ကာမိုင်းနဲ့ ဖားကန့်သွားကားလမ်းပေါ်က နယားစစ်ဆေးဂိတ်မှာ စက်သုံးဆီတင်ကားတွေကို စစ်အုပ်စုက ဖားကန့်မြို့ထဲပေးမဝင်ဘဲ ပိတ်ပင်ထားတာလို့သိရပါတယ်။ လက်ရှိဖားကန့်မှာ ပရီမီယံဆီ တလီတာကို ကျပ်၃၇၀၀ နီးပါးရှိပြီး တဂါလံကို ကျပ်၁၅၀၀၀ ခွဲဝန်းကျင်လောက် ဈေးတက်နေတယ်လို့ ဖားကန့်မြို့နယ် မှော်ပုံဒေသခံတဦးကပြောပါတယ်။…
Read Moreကချင်ပြည်နယ် ဖားကန့်-မြစ်ကြီးနားသွား ကားလမ်းပိုင်း တစ်နေရာမှာ စစ်တပ်က ကွန်မန်ဒိုထောက်လှန်ရေး အ ရာရှိ ဗိုလ်ကြီး တဦးကို မိုးကောင်းမြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့ UG BLACK K အဖွဲ့က ဖမ်းမိခဲ့တယ်လို့ အဲ့ဒီ အဖွဲ့တာဝန်ရှိသူတဦးက DNA ကိုပြောပါတယ်။ ဗန်းမော်မြို့အခြေစိုက် တပ်မ ၄၇ က ဗိုလ်ကြီး ပိုင်သူစိုး (ခ) မင်းစစ်နိုင် ဆိုသူကို ဒီကနေ့ ဇန်နဝါရီ ၂၈ ရက်နေ့ လယ်ပိုင်းမှာဖမ်းဆီးခဲ့တာလို့…
Read Moreအာဏာသိမ်းစစ်ကောင်စီကို လက်နက်စွဲကိုင် တော်လှန်တိုက်ခိုက်မှုတွေ နိုင်ငံတဝှမ်းမှာ မြင့်တက်နေသ လို တချိန်တည်းမှာပဲ အာဏာသိမ်းမှုကို လက်မခံဆန့်ကျင်ကြောင်း ထုတ်ဖော်ပြသတဲ့ လူထုသပိတ်လှုပ်ရှား မှု တွေလည်း နိုင်ငံအနှံ့မှာ ဆက်ရှိနေပါတယ်။ ဒီကနေ့ တောင်ကိုရီးယားရောက်မြန်မာတွေက စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သလို ကချင်ပြည်နယ် ဖားကန့်ပြည်သူတွေကလည်း ဆန္ဒပြခဲ့ကြပါတယ်။ လက်ရှိအချိန်အထိ အဆက်မပြတ် သပိတ်စစ်ကြောင်း လှုပ်ရှားမှုရှိနေတဲ့ ဒေသတွေထဲက အများစုဟာ စစ်ကိုင်းတိုင်းက ဖြစ်ပါတယ်။ ဒီကနေ့မှာ စစ်ကိုင်းတိုင်းထဲက ကလေးမြို့၊ မုံရွာ၊လက်ပံတောင်းဒေသ၊…
Read Moreကချင်ပြည်နယ်၊ ဖားကန့်မြို့က အလွတ်တန်းသတင်းထောက် ကိုဇော်မိုးထက် မန္တလေးမြို့ကို ရောက်ရှိနေစဉ် စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ သူနဲ့ နီးစပ်သူများထံမှာ သိရပါတယ်။ မနေ့က ဇန်နဝါရီ ၁၀ ရက်နေ့ နေ့ခင်း ၃ နာရီလောက်က ကိုဇော်မိုးထက်ကို စစ်ကောင်စီက လမ်းပေါ်တင် ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ ” သူက မန္တလေးရောက်နေတုန်း မနေ့ကဖမ်းခံလိုက်ရတယ်။ ဘာကြောင့် ရယ်လို့တော့ မသိပါဘူး ” လို့ သူနဲ့နီးစပ်သူတဦးကပြောပါတယ်။…
Read More