ဒေသအလိုက် သတင်းကဏ္ဍ

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မူအပြီး မင်းပြားမြို့နယ် သေကန်ကျေးရွာမြင်ကွင်း

ဖေဖော်ဝါရီ၊ ၂၇  မင်းပြားမြို့နယ်သေကန်ရွာရှိစစ်ဘေးရှောင်တွေတည်းခိုနေတဲ့စာသင်ကျောင်းတကျောင်းနဲ့ရွာထဲကိုစစ်ကောင်စီကဒီကနေ့မနက်၁နာရီကျော်လောက်မှာလေကြောင်းက ဗုံးကြဲခဲ့ပါတယ်။ အဲဒီလေကြောင်းတိုက်ခိုက်မူမှာ စစ်ဘေးရှောင်တွေအပါအဝင် အရပ်သား၃၀နီးပါးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ သေကန်ကျေးရွာကထိခိုက်ဒဏ်ရရှိခဲ့တဲ့ပြည်သူတွေနဲ့နေအိမ်အဆောက်အဦးတွေရဲ့ဓါတ်ပုံတွေကို လက်လှမ်းမီသလောက် DNAကစုစည်းဖော်ပြလိုက်ပါတယ်။ ဒါအပြင်ဒီကနေ့ဖေဖော်ဝါရီလ (၂၇) ရက်နံနက် ၁ နာရီ ၄၅မိနစ်မှာ မင်းပြားမြို့နယ်ရှိ မင်းဖူးဆေးရုံကိူအကြမ်းဖက်စစ်ကောင်စီမှ  ဂျက်တိုက်လေယာဉ်တစ်စီးနဲ့လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လိုAAကထုတ်ပြန်ထားပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

Mytelကဝန်ထမ်းတွေကုမ္ပဏီတာဝန်ထမ်း ဆောင်ကာလအတွင်း စစ်မှုထမ်းကင်းလွတ်ခွင့် ရရှိမယ်လို့ဆို

ဖေဖော်ဝါရီ၊ ၂၇ စစ်မှုထမ်းဥပဒေကြောင့် စစ်တပ်ပိုင် ဆက်သွယ်ရေးအော်ပရေတာ Mytelနဲ့မိတ်ဖက်ကုမ္ပဏီတွေမှာအလုပ်လုပ်နေတဲ့ ဝန်ထမ်းတချို့ နှုတ်ထွက်မှုတွေ ရှိလာတဲ့အတွက် ကုမ္ပဏီမှာ အလုပ်လုပ်နေစဉ်ကာလမှာ စစ်မှုထမ်းကင်းလွတ်ခွင့်ပေးဖို့ စီစဉ်ထားတယ်လို့  DNA က စုံစမ်းသိရှိရပါတယ်။ အဓိက အလုပ်ထွက်မှာကြောက်လို့ အလုပ်ထွက်တဲ့သူတွေ များလာတော့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မင်းပြားရှိ တပ်စခန်းအားလုံး သိမ်းပိုက်ခံရပြီးနောက် ဆေးရုံနဲ့ စာသင်ကျောင်းတွေကို စစ်ကောင်စီ လေကြောင်းကတိုက်ခိုက်

ဖေဖော်ဝါရီ၊ ၂၇   မင်းပြားမြို့နယ်ရှိ တပ်စခန်းအားလုံးကို လက်လွတ်ခံရပြီး နာရီပိုင်းအတွင်းမှာ စစ်ကောင်စီက ဆေးရုံနဲ့ စစ်ဘေးရှောင်တွေ ခိုလှုံနေတဲ့ စာသင်ကျောင်းတွေကို လေကြောင်းက တိုက်ခိုက်ခဲ့လို့ အရပ်သား ၃၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။   မင်းပြားမြို့နယ်ရှိ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဒိုက်ဦးက ပျောက်ဆုံးကလေးငယ်ရဲ့အလောင်း နေအိမ်အနီးချောင်းထဲက ပြန်တွေ့၊ ဒဏ်ရာတချို့လည်း တွေ့ရ တယ်လို့ မိသားစုဝင်ပြော

ဖေဖော်ဝါရီ၊ ၂၇   ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ် ရှမ်းစုကျေးရွာက သုံးရက်ကြာ ပျောက်ဆုံးနေတဲ့ အသက်သုံးနှစ်အရွယ် ကလေးငယ်တဦးရဲ့ ရုပ်အလောင်းကို ဒီကနေ့ မနက် ၈ နာရီလောက်က နေအိမ်အနီး ချောင်းထဲကနေ ပြန်တွေ့ခဲ့ပြီး အလောင်းမှာ ဒဏ်ရာ၊ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ဒေါ်လာ တဘီလီယံ အလှူကြောင့် အမေရိကန် ဆေးကျောင်းတခုမှာ ကျောင်းသားတွေ ကျူရှင်စရိတ် ကင်းလွတ်ခွင့်ရ

ဖေဖော်ဝါရီ၊ ၂၇ အမေရိကန်က ဆေးကျောင်းတခုဟာ ဒေါ်လာ ဘီလီယံနဲ့ချီ အလှူငွေ လက်ခံ ရရှိခဲ့တဲ့နောက် ကျောင်းသူ ကျောင်းသားတွေကို ကျူရှင်စရိတ် ကင်းလွတ်ခွင့်ရအောင် ထောက်ပံ့ပေးနိုင်တော့မှာ ဖြစ်ပါတယ်။ နယူးယောက်မြို့မှာရှိတဲ့ အဲလ်ဘတ်အိုင်းစတိုင်း ဆေးကောလိပ်ကို အမေရိကန်ရဲ့ အထင်ကရ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကလေးတက္ကသိုလ်က ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသားတွေကို တော်လှန်ရေးတပ်တွေက ဘေးလွတ်ရာ ပြောင်းရွှေ့ပေးထားတယ်လို့ဆို

ဖေဖော်ဝါရီ၊ ၂၇   မြို့အနီးဝန်းကျင်မှာ နှစ်ဖက်တိုက်ပွဲတွေ ဆက်တိုက်ရှိနေတဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ ကလေးတက္ကသိုလ်ထဲမှာ ပိတ်မိနေတဲ့ ဆရာ၊ ဆရာမတွေ အပါအဝင် ဝန်ထမ်းတွေနဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို တော်လှန်ရေးအင်အားစုတွေက ဖေဖော်ဝါရီ ၂၆ ရက်၊ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အာဏာသိမ်းပြီးနောက် တရုတ်မယားအဖြစ် လူကုန်ကူးခံရမှု သိသိသာသာတိုးလာ

ဖေဖော်ဝါရီ၊ ၂၇   စစ်အာဏာသိမ်းပြီးနောက် မြန်မာအမျိုးသမီးတွေ တရုတ်မယားအဖြစ် လိမ်လည်ရောင်းစားခံရမှု သိသိသာသာ ပိုတိုးလာတယ်လို့ လိမ်လည်ရောင်းစားခံရတဲ့ အမျိုးသမီးတွေကို ကူညီပေးနေတဲ့သူတွေနဲ့ တရုတ်‌ရောက် မြန်မာနိုင်ငံသားတွေက DNA ကိုပြောပါတယ်။   “တော်တော်များများကတော့ မိန်းကလေးငယ်ငယ်လေးတွေပေါ့၊ တရုတ်ပြည်မကြီးဘက်ကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ကမ္ဘာ့အပူဆုံး နေရာမှာ ရှားပါး မိုးရွာချမှုတွေကြောင့် ရေကန်တွေ ဖြစ်ပေါ်လာ

ကမ္ဘာပေါ်မှာ အပူပြင်းဆုံး နေရာမှာ ရှားရှားပါးပါး မိုးသည်းထန်မှုကြောင့် ရေကန်တွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ် အရှေ့ပိုင်းက သေမင်းတောင်ကြားဟာ ကမ္ဘာပေါ်မှာ အပူဆုံး နယ်မြေဒေသအဖြစ် သတ်မှတ် ခံထားရပါတယ်။ အဲဒီဒေသဟာ ပူပြင်းပြီး အစိုပြန်တဲ့ ရာသီဥတုကြောင့် နာမည်ဆိုးနဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မင်းပြားရှိ စစ်ကောင်စီနောက်ဆုံးလက်ကျန် တိုင်းဗဟိုသင်တန်းကျောင်းကို AA သိမ်းပိုက်

ဖေဖော်ဝါရီ၊ ၂၇   မင်းပြားမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ရဲ့နောက်ဆုံးလက်ကျန်ဖြစ်တဲ့ အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းကို ရက္ခိုင့်တပ်တော် (AA) က မနေ့က ဖေဖော်ဝါရီလ ၂၆ ရက်မှာ အပြီးသတ် သိမ်းပိုက်လိုက်ပြီလို့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေနဲ့ ဒေသခံတွေက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

တန်ပြန်ထိုးစစ် အစီအမံတွေ ရုရှားဆီ ကြိုတင် ပေါက်ကြားခဲ့တယ်လို့ ယူကရိန်း သမ္မတပြေ

ဖေဖော်ဝါရီ၊ ၂၇ ရည်မှန်းချက်ကြီးကြီး ရေးဆွဲခဲ့တဲ့ တန်ပြန်ထိုးစစ် အစီအမံတွေဟာ ရုရှားဆီ ကြိုတင် ပေါက်ကြားခဲ့တယ်လို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။ မနှစ်တုန်းက ယူကရိန်းဟာ နိုင်ငံ အရှေ့ပိုင်းနဲ့ တောင်ပိုင်းက ရုရှားထိန်းချုပ်ထားရာ [ဆက်လက်ဖတ်ရှုရန်]