နိုင်ငံတကာရေးရာ

တောင်ကိုရီးယား-အမေရိကန် ပူးပေါင်းစစ်ရေးလေ့ကျင့်မှုနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယား ခြိမ်းခြောက်

မတ်၊ ၅ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ ပူးပေါင်း စစ်ရေး လေ့ကျင့်မှုတွေကို ရပ်တန်းကရပ်ဖို့၊ မဟုတ်ရင် နောက်ဆက်တွဲ အကျိုးဆက်တွေအတွက် ပြင်ဆင်ထားဖို့ မြောက်ကိုရီးယားက ခြိမ်းခြောက် သတိပေးလိုက်ပါတယ်။ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ နှစ်ပတ်လည် စစ်ရေးလေ့ကျင့်မှု အစီအစဉ်ကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်မှုထမ်းဥပဒေအရရောက်လာမယ့် လူသစ်တွေအတွက် သင်တန်းကျောင်းတွေ စီစဉ်ထားပြီးပြီလို့ဆို

မတ်၊ ၅   စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက် တလမပြည့်ခင်မှာပဲ စစ်သင်တန်းတွေ အဆက် မပြတ်ဖွင့်လှစ်သင်ကြားနိုင်ဖို့အတွက် သင်တန်းကျောင်းတွေ လျာထားစီစဉ်ပြီးဖြစ်တယ်လို့ အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်မှုထမ်းဆင့်ခေါ်ရေးဗဟို အဖွဲ့ ဥက္ကဌက ပြောပါတယ်။   စစ်ကောင်စီဟာ စစ်မှုထမ်းဥပဒေ အာဏာတည်ကြောင်း [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ဟေတီရဲ့ မြို့တော် တခုလုံးနီးပါးကို ဒုစရိုက်ဂိုဏ်းတွေ ထိန်းချုပ်ထား၊ အစိုးရကို ဖြုတ်ချမယ်လို့ ကြုံးဝါးနေ

မတ်၊ ၅ ဟေတီနိုင်ငံရဲ့ မြို့တော် ဧရိယာ တခုလုံးနီးပါးကို လက်နက်ကိုင် ဒုစရိုက် ဂိုဏ်းတွေက ထိန်းချုပ်ထားလိုက်ပြီးတဲ့နောက် အစိုးရကို ဖြုတ်ချပစ်မယ်လို့ ခြိမ်းခြောက် ရာဇသံ ပေးထားလိုက်ပါတယ်။  မတ်လ ၄ ရက်နေ့ထိ အခြေအနေအရ မြို့တော် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အစ္စရေးကို ရန်စတိုက်ခိုက်ချိန် ဟားမားစ်တွေက လိင်အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့တယ်လို့ ကုလသမဂ္ဂ ယူဆ

မတ်၊ ၅ အစ္စရေး နယ်စပ် မြို့ရွာတွေကို ကျူးကျော်ခဲ့ချိန်တုန်းက ဟားမားစ် ပြောက်ကျားတွေဟာ မုဒိမ်းမှု၊ အုပ်စုဖွဲ့ မုဒိမ်းမှုတွေကို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခဲ့တယ်လို့ ယုံကြည်ရကြောင်း ကုလသမဂ္ဂရဲ့ အထူး စုံစမ်းရေး အဖွဲ့က အပြီးသတ် ကောက်ချက်ချခဲ့ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်သားစုဆောင်းခံနေရတဲ့ ရိုဟင်ဂျာလူငယ်တွေ လာရောက်ခိုလှုံကြဖို့ ULA/AA တိုက်တွန်း

မတ်၊ ၅   စစ်ကောင်စီတပ်ရဲ့အတင်းအဓမ္မ စစ်သားစုဆောင်းခြင်းကို ခံနေရကြတဲ့ ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာလူငယ်တွေအနေနဲ့ ရတဲ့နည်းလမ်းနဲ့ ရုန်းထွက်ပြီး လွတ်မြောက်၊ လုံခြုံတဲ့ နေရာတွေမှာ လာရောက်ခိုလှုံကြဖို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA)က အကြံပေးတိုက်တွန်းပါတယ်။   ရခိုင်ပြည်အတွင်းက ရိုဟင်ဂျာတွေကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်တပ်ဖမ်းသွားတဲ့ မွန်ပြည်သစ်ပါတီခေါင်းဆောင်တဦးရဲ့ ညီမအပါအဝင်သုံးဦး ပြန်မလွတ်သေး

မတ်၊ ၄ မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD ရဲ့ နိုင်ငံရေး၊ စစ်ရေးဦးဆောင်အဖွဲ့ဝင်တဦးရဲ့ ညီမဖြစ်သူအပါအဝင် ဒေသခံအမျိုးသမီးသုံးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး သုံးရက်မြောက်နေ့အထိ ပြန်မလွှတ်ပေးသေးဘူးလို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။ “ဟုတ်တယ်၊ ဖမ်းခံရတဲ့သူတွေက အမျိုးသမီးတွေပဲ ခုထိတော့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

သင်္ဃန်းကျွန်းမြို့နယ်မှာ အုပ်စုဖွဲ့လုယက်မူဖြစ်

မတ်၊ ၄ သင်္ဃန်းကျွန်းမြို့နယ်၊သံသုမာလမ်းမ၊ လိုင်စင်ရုံးမှတ်တိုင်အနီးမှာ မနေ့က မတ်လ၃ ရက်ညက အမျိုးသမီးတွေပါဝင်တဲ့ လူဆယ်ဦးလောက်က ဘီယာဆိုင်ကထွက်လာသူ ငါးဦးကိုထိုးကြိတ်ပြီးငွေလုယက်မူဖြစ်သွားခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ မတ်လ ၃ရက် ည ၉နာရီခွဲလောက်က ဘီယာဆိုင်ကထွက်လာတဲ့ သူတွေကို အသင့်စောင့်ဆိုင်းကာ အကြမ်းဖက်လုယက်သွားခဲ့တာလို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဖမ်းဆီးထားတဲ့ သူတွေကို ကောင်းမွန်စွာ စောင့်ရှောက်ထားတယ်လို့ အေအေပြော

မတ်၊ ၄   ရခိုင်ပြည်နယ်က တိုက်ပွဲတွေအတွင်း ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီတပ်နဲ့ ရဲမိသားစုဝင်တွေကို အကောင်းဆုံး စောင့်ရှောက်ထားရှိတယ်လို့ ရက္ခိုင့်တပ်တော် (အေအေ)က ဒီကနေ့မှာ ဓာတ်ပုံမှတ်တမ်းနဲ့တကွ ထုတ်ပြန်လာပါတယ်။   အဲဒီလို ထုတ်ပြန်ထားတဲ့ ပုံတွေထဲမှာ စစ်ကောင်စီ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အချိန်ပိုဆင်းဖို့ ငြင်းဆန်လို့ အလုပ်ထုတ်ခံရသူ ခုနစ်ဦး လုပ်ငန်းခွင် ပြန်ဝင်ခွင့်ရ

မတ်၊ ၄   ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်ထဲက အလုပ်ရုံတခုမှာ အချိန်ပိုဆင်းခိုင်းတာကို ငြင်းဆန်ခဲ့သူ ငါးဦး အပါအဝင် အလုပ်ထုတ်ခံထားရတဲ့ အမျိုးသမီးအလုပ်သမား ခုနစ်ဦးကို အလုပ်ရှင်က လုပ်ငန်းခွင့် ပြန်ဝင်ခွင့်ပေးလိုက်ပြီလို့ အလုပ်သမားတွေဘက်က ကူညီပေးနေတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရခိုင်မှာ အပစ်အခတ်ရပ်စဲရေး မရှိသေးလို့ AA ဒုစစ်ဦးစီးချုပ်ပြော

မတ်၊ ၄   အပစ်အခတ်ရပ်စဲရေးနဲ့ပတ်သတ်တဲ့ ဟိုင်ဂင်သဘောတူညီချက်က ရှမ်းမြောက်ဒေသနဲ့သာ သက်ဆိုင်ပြီး ရခိုင်ပြည်နယ်ပါဝင်တာ မရှိဘူးလို့ ရက္ခိုင့်တပ်တော် (AA)ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ဒီနေ့သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။   တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့ “ဟိုင်ဂင် သဘောတူညီမှု” ကို [ဆက်လက်ဖတ်ရှုရန်]