ဒေသအလိုက် သတင်းကဏ္ဍ

ကနီမြို့ကိုသိမ်းနိုင်ခဲ့ပေမဲ့ စစ်ကူတွေထပ်ပို့တာနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြန်ဆုတ်ခဲ့တယ်လို့ထုတ်ပြန်

မတ် ၊ ၁၆ စစ်ကိုင်းတိုင်း၊ယင်းမာပင် ခရိုင် ချင်းတွင်းမြစ်အနောက်ဘက်ကမ်းပေါ်က ကနီမြို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပေ မယ့် စစ်ကောင်စီဘက်က စစ်ကူအများအပြားထပ်ပို့တာ၊လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြန်ဆုတ်ခွာခဲ့ရ တယ်လို့ အမှတ်(၁)စစ်ဒေသက ဒီကနေ့ထုတ်ပြန်အသိပေးပါတယ်။ တော်လှန်ရေးအင်အားစုတွေဘက်က အခုလ ၂ရက်မှာ စတင်ထိုးစစ်ဆင်ခဲ့တာကြောင့် အာဏာသိမ်းပြီးနောက် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ထားဝယ်မှာ ခြောက်ရက်ကြာ ပျောက်ဆုံးနေတဲ့ လူငယ်အမျိုးသမီးကို အလောင်းသာပြန်တွေ့

မတ် ၊ ၁၆ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာအုပ်စု၊ ပဒိုင်းချောင်းရွာမှာ  ခြောက်ရက်အကြာ ပျောက်ဆုံးနေတဲ့ အမျိုးသမီးငယ်တဦးရဲ့ ရုပ်အလောင်းကို ဒီကနေ့ မတ်လ ၁၆ ရက်၊ မနက်ပိုင်းမှာ ပြန်တွေ့ တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။  [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ဩစတြေးလျ စိုက်ပျိုးရေး ခြံတခုရဲ့ ဘလူးဘယ်ရီသီးက ကမ္ဘာ့အကြီးဆုံး စံချိန်သစ်တင်

မတ် ၊ ၁၆ ဩစတြေးလျက စိုက်ပျိုးရေး ခြံတခုဟာ ကမ္ဘာ့အကြီးဆုံး ဘလူးဘယ်ရီသီးကို စိုက်ပျိုး ဖန်တီးယူနိုင်ပြီး စံချိန်သစ် ရေးထိုးခဲ့ပါတယ်။ အဲဒီ ဘလူးဘယ်ရီသီးကို နိုဝင်ဘာလတုန်းက ခူးဆွတ်ပြီး ရေခဲသေတ္တာထဲမှာ သိုလှောင် သိမ်းဆည်းထားခဲ့တာပါ။ အသီးရဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ယူကရိန်း တောင်ပိုင်းက အိုဒက်ဆာမြို့မှာ ရုရှားရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် နှစ်ဆယ်ကျော်သေဆုံး

မတ် ၊ ၁၆ ယူကရိန်း တောင်ပိုင်းက ဆိပ်ကမ်းမြို့ တခုဖြစ်တဲ့ အိုဒက်ဆာမှာ ရုရှားက လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် လူ ၂၀ ကျော် သေဆုံးခဲ့ပါတယ်။ မတ်လ ၁၅ ရက်တုန်းက အိုဒက်ဆာမှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အမျိုးသမီး တဦးကို ကိုယ်ထိလက်ရောက် နှောင့်ယှက်ခဲ့တဲ့ Squid Game သရုပ်ဆောင် ဆိုင်းငံ့ထောင်ဒဏ် ချမှတ်ခံရ

မတ် ၊ ၁၆ ကမ္ဘာကျော် ရုပ်မြင်သံကြား ဇာတ်လမ်းတွဲ Squid Gameမှာ ပါဝင်သရုပ်ဆောင်ခဲ့သူ အိုယုံဆူဟာ ကိုယ်ထိလက်ရောက် နှောင့်ယှက်မှု စွပ်စွဲချက်အတွက် ပြစ်မှုထင်ရှားကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။ အသက် ၇၉ နှစ် ရှိပြီဖြစ်တဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်ကောင်စီက ရိုဟင်ဂျာတွေကို ရှေ့တန်းပို့နေသလို တပ်သားစုဆောင်းမှုလည်း ဆက်လုပ်နေတယ်လို့ဆို

မတ်၊ ၁၅ စစ်ကောင်စီဟာ အတင်းအဓမ္မစုဆောင်းသင်တန်းပေးထားတဲ့ ရိုဟင်ဂျာတွေကို ရှေ့တန်းပို့စစ်တိုက်ခိုင်းတာ ကြောင့် တိုက်ပွဲအတွင်းသေဆုံးသွားတဲ့ရိုင်ဟင်ဂျာတွေရှိနေသလို တပ်သားသစ်အဖြစ် အတင်းအကျပ် စုဆောင်းမှု တွေလည်း ဆက်လုပ်နေတယ်လို့ ရခိုင်ဒေသခံရိုဟင်ဂျာတွေက DNA ကို ပြောကြပါတယ်။ စစ်တွေမြို့နယ်အတွင်း ဖမ်းဆီးသင်တန်းပေးထားတဲ့ ရိုဟင်ဂျာလူငယ် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကျိုက်ဒုံဗျူဟာ ဗျူဟာမှူးအပါအဝင် အင်အားခြောက်ဆယ်ကျော် လက်နက်ချ

မတ်၊ ၁၅  ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံမြို့အခြေစိုက်ဗျူဟာကုန်းကို မနေ့ မတ်လ ၁၄ ရက် ည နေ ပိုင်းမှာ တော်လှန်ရေးအင်အားစုတွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး တိုက်ပွဲအတွင်း ဗျူဟာမှူးပါအဝင် အင်အား ၆၀ ကျော် အလံဖြူထောင်လက်နက်ချအညံ့ခံခဲ့တယ်လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အသွင်ယူ PDF နှစ်ဦးက ကမ္မနယ် ရဲစခန်းထဲက သေနတ်သုံးလက်နဲ့ခဲယမ်းတွေယူပြီးထွက်ပြေးလာ

မတ် ၊ ၁၅ မကွေးတိုင်း ကမ္မမြို့နယ် သာကြီးတောင်ရေနံမြေရဲစခန်းမှာအခြေစိုက်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လနဲ့ချီအ သွင်ယူပူးပေါင်းနေခဲ့တဲ့ PDF တပ်ဖွဲ့ဝင်နှစ်ဦးဟာ အဲ့ဒီစခန်းကနေ သေနတ်သုံးလက်နဲ့ခဲယမ်းတွေယူပြီး မတ်လ ၁၃ရက်က ထွက်ပြေးလာခဲ့ကြတယ်လို့   မြိုင်မြို့နယ် ပြည်သူကာကွယ်ရေး တပ်ဖွဲ့တာ၀န်ခံ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

သင်္ဃန်းညီနောင်မှာ တိုက်ပွဲပြင်းထန်

မတ်၊ ၁၅ ကရင်ပြည်နယ်၊ မြဝတီမြို့နယ် သင်္ဃန်းညီနောင်မြို့ပတ်ပတ်လည်မှာ ဒီကနေ့ မတ်လ ၁၅ ရက် မနက်ပိုင်းကစလို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းပစ်ခတ်မှုကြောင့် အရပ်သား ထိခိုက်သေဆုံးတာ ရှိတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။ “ဖြစ်နေတာက တနေရာတည်းမဟုတ်ဘူး၊ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ထောက်ပံ့ရေးပစ္စည်း ဝေငှမှုကို စောင့်နေတဲ့ လူအုပ်ထဲ အစ္စရေး လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ကြောင်း စွပ်စွဲခံရ

မတ်၊ ၁၅ ထောက်ပံ့ရေး ပစ္စည်းတွေ ဝေငှပေးမှာကို စောင့်နေတဲ့ ပါလက်စတိုင်း လူအုပ်ထဲ အစ္စရေးက လက်နက်ကြီးနဲ့ ပစ်ခတ်လို့ လူ ၂၀ ကျော် သေဆုံးခဲ့ကြောင်း ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနက စွပ်စွဲ ပြောကြားလိုက်ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]