Fact Check

PNLA ကို အရပ်ဘက်အဖွဲ့ နှစ်ရာနီးပါးက ကန့်ကွက်တယ်ဆိုပြီး ထုတ်ပြန်ချက်အတုသုံးထားတဲ့ သတင်းမှား

မတ်၊ ၉ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ PNLA ရဲ့လုပ်ဆောင်ချက်တွေနဲ့ပတ်သက်လို့  လူမှုအဖွဲ့အစည်း ပေါင်း ၁၉၄ ဖွဲ့က ကန့်ကွက်တယ်ဆိုတဲ့သတင်းမှားတခု လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့နေပါတယ်။ “ငြိမ်းချမ်းသည့် ပအိုဝ်းဒေသအား ဖျက်ဆီးတဲ့အကြမ်းဖက် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLA /PNLO)ကို လူမှုအဖွဲ့အစည်းပေါင်း ၁၉၄ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဆီဆိုင်မှာ လက်နက်ကြီးကြောင့် ဆယ်တန်းကျောင်းသူတစ်ဦး သေဆုံး၊ နှစ်ဦး ဒဏ်ရာရ

ဧပြီ၊ ၉ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် တွေပူးရွာမှာ မနေ့ကဧပြီလ ၈ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီရဲ့ လက်နက်ကြီး ကျည်ထိမှန်လို့ ဆယ်တန်းကျောင်းသူ တဦးသေဆုံးခဲ့ပြီး နှစ်ဦးထိခိုက်ဒဏ်ရာရသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ တဦးကပြောပါတယ်။   [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း ဂျာမန်တပ်တွေ ပြည်ပမှာ ပထမဆုံးအကြိမ် ကာလရှည် ဖြန့်ကျက်

ဧပြီ၊ ၉ ဒုတိယနောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် ဂျာမနီ တပ်တွေဟာ ပြည်ပနိုင်ငံ တခုမှာ ကာလရှည်ကြာ အခြေစိုက် ဖြန့်ကျက်ခဲ့ကြောင်း သိရပါတယ်။ NATO အဖွဲ့ဝင် နိုင်ငံတခုဖြစ်တဲ့ လစ်သူယေးနီးယားမှာ အခြေစိုက်ဖို့အတွက် ဂျာမန် တပ်ဖွဲ့ဝင် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ဆွန်ခရန် ရက်ရှည် ကျင်းပမယ့်ကိစ္စ တရုတ်ကမ္ဘာလှည့်ခရီးသည် နားလည်မှု လွဲခဲ့တာကို ထိုင်းဝန်ကြီးချုပ် ရှင်းလင်း

ဧပြီ၊ ၉ ဆွန်ခရန် ရေသဘင်ပွဲတော်ကို တလလုံးနီးပါး ဆင်နွှဲမယ်လို့ တရုတ် ကမ္ဘာလှည့် ခရီးသည်တဦး နားလည်မှု လွဲမှားခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့ ထိုင်းအစိုးရက အကျေအလည် ပြန်လည် ရှင်းပြခဲ့ပါတယ်။  အခုလ အစောပိုင်းတုန်းက ဘန်ကောက်မှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

လွယ်ဂျယ်ရှိ နောက်ဆုံးလက်ကျန် စစ်ကောင်စီတပ်သားတွေ တရုတ်ဖက်ထွက်ပြေး

ဧပြီ၊ ၉   ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပူးပေါင်းတပ်တွေ ဝိုင်းဝန်းပိတ်ဆို့ထားတဲ့ တရုတ်နယ်စပ် လွယ်ဂျယ်မြို့မှာ နောက်ဆုံးကျန်ရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တရုတ်နိုင်ငံအတွင်းထွက်ပြေးသွားလို့ဒေသတခုလုံးကို KIA က အပြည့်အဝ သိမ်းပိုက်လိုက်ပြီလို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။   [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အင်းစိန်မြို့နယ် ပေါက်တောရပ်ကွက်အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

ဧပြီ၊ ၉   ရန်ကုန်မြို့ အင်းစိန်မြို့နယ်ပေါက်တောရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဌေးမြင့်ဟာ ဒီကနေ့မနက်ပိုင်းက နေအိမ်အနီး မုန့်ဟင်းခါးဆိုင်မှာပစ်ခတ်ခံရပြီးသေ ဆုံးသွားတယ်လို့ အခင်းဖြစ်ရပ်ကွက်အနီးမှာနေ ထိုင်သူတဦးက DNAကိုပြောပါတယ်။   ” သူ့အိမ်နားမှာပဲအပစ်ခံရတာနေရာမှာပဲ သေသွားတယ်၊အသေးစိတ်တော့မသိသေးဘူး” လို့ အထက် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဟုမ္မလင်းက ပျူစောထီးတရာကျော် လက်နက်ချတယ်လို့ NUGအသိပေး

ဧပြီ၊ ၈ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်းကပျူစောထီးရွာလေးရွာ ဒီကနေ့မနက်အစောပိုင်းကလက်နက်ချခဲ့ပြီး စုစုပေါင်း ပျူစောထီး ၁၂၀လောက်အညံ့ခံလာတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနစစ်ရုံးချုပ်ကထုတ်ပြန်အသိပေးပါတယ်။ ဟုမ္မလင်းမြို့နယ်တောင်ခြမ်းမှာရှိတဲ့ ကျွန်းကုန်းရွာမှာအခြေချနေတဲ့ ပျူစောထီးရွာလေးရွာ ပူးပေါင်းအင်အား ၁၂၀လောက်ကို ပြီးခဲ့တဲ့လကုန်ပိုင်းကစလို့ ဆယ်ရက်ကြာပိတ်ဆို့တိုက်ခိုက်ခဲ့ပြီးနောက်အခုလိုလက်နက် ချအညံ့ခဲ့လာတာလို့ဖော်ပြထားပါတယ်။ ပျူစောထီးတွေလက်နက်ခဲ့အပြီး ကျွန်းကုန်းရွာတိုက်ပွဲကနေလက်နက်မျိုးစုံ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရခိုင်မှာ မိုင်းနဲ့ စစ်ကျန်လက်နက်ကြောင့် ထိခိုက်၊ သေဆုံးရသူတွေ ဆက်တိုက်ရှိနေ

ဧပြီ၊ ၈   ရခိုင်ပြည်နယ်မှာ စစ်ကျန်လက်နက်တွေနဲ့ မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် ထိခိုက်၊ သေဆုံးရတဲ့ အရပ်သားပြည်သူတွေ ဆက်တိုက်ရှိနေတာကြောင့် ရှင်းလင်းရေးလုပ်ငန်းတွေ စနစ်တကျလုပ်ပေးဖို့ ဒေသခံတွေက တောင်းဆိုကြပါတယ်။   ရက္ခိုင့်တပ်တော်(AA)က သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့နယ်တွေအတွင်းရှိ စစ်ကောင်စီတပ်က [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

နျူကလီးယား ဓာတ်အားပေး စက်ရုံကို တိုက်ခိုက်ခဲ့ကြောင်း ရုရှား စွပ်စွဲချက်ကို ယူကရိန်းငြင်းဆို

ဧပြီ၊ ၈ ရုရှား ထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့ နျူကလီးယား ဓာတ်အားပေး စက်ရုံကို တိုက်ခိုက်ခဲ့ကြောင်း စွပ်စွဲချက်တွေကို ယူကရိန်းက ငြင်းဆိုသွားခဲ့ပါတယ်။ ရုရှား အစိုးရက ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ဇာပေါ့ရစ်ဇီရာ ပြည်နယ်ထဲက ZNPP နျူကလီးယား [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

မိုဇမ်ဘစ်မှာ မတန်တဆ လူတင်ထားတဲ့ ကူးတို့ရေယာဉ် နစ်မြုပ်ပြီး ကိုးဆယ်ကျော် သေဆုံး

ဧပြီ၊ ၈ မိုဇမ်ဘစ် နိုင်ငံမှာ လူတွေ မတန်တဆ တင်ထားတဲ့ ကူးတို့ရေယာဉ် တစီး နစ်မြုပ်ခဲ့ရာက လူပေါင်း ၉၀ ကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။  ဧပြီလ ၇ ရက်နေ့က မိုဇမ်ဘစ် မြောက်ပိုင်းက [ဆက်လက်ဖတ်ရှုရန်]