ဒေသအလိုက် သတင်းကဏ္ဍ

ဘူးသီးတောင်အခြေစိုက် စစ်ကောင်စီတပ်ရင်းတခုကို AA စတင်သိမ်းပိုက်

မတ် ၂၀ ရခိုင်ပြည်နယ်မှာ မြို့နယ် ၁၇ခုရှိတဲ့အထဲက ထက်ဝက်လောက်ဖြစ်တဲ့ ရှစ်မြို့နယ်ကိုသိမ်းပိုက်ထားပြီးတဲ့ ရခိုင့် တပ်တော် AA ဟာ  ဘူးသီးတောင်မြို့နယ် တောင်ဘဇားအခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ ၅၅၂ ကို မနေ့က သိမ်းပိုက် လိုက်ပြီလို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်မှုထမ်းဥပဒေကြောင့် နေရပ်စွန့်ခွာသူတွေများလာတာ သတင်းအမှားလို့ စစ်အုပ်စုဆိုပေမယ့် ပြည်တွင်းခရီးသွားလာမှုကို တင်းကျပ်

မတ် ၊ ၂၀ ပြည်တွင်းခရီးသွားတဲ့သူတွေ ခရီးသွားထောက်ခံချက်ပါမှသာ လက်မှတ်ရောင်းချပေးဖို့ စစ်ကောင်စီက ယာဉ် လိုင်းတွေကို ညွှန်ကြားထားတဲ့အတွက် ခရီးသွားလာတဲ့သူတွေ အကျပ်ရိုက်နေကြတယ်လို့ ယာဉ်လိုင်းတွေနဲ့ ခရီးသွားသူတွေက ပြောပါတယ်။ “မနေ့က တောင်ကြီးဘက်ပြန်ဖို့ လက်မှတ်သွားဝယ်တာ၊ ရပ်ကျေးထောက်ခံစာယူခိုင်းတာ၊ မပါရင် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကရင်ပြည်နယ်က စခန်းသိမ်းတိုက်ပွဲငါးခုမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်ကိုးဦးကျဆုံး၊ လက်နက်မျိုးစုံ သုံးရာ့ ခြောက်ဆယ်ကျော်ရ

မတ် ၊ ၂၀ အခုလအတွင်း ကရင်အမျိုးသားလွတ်လပ်ရေးတပ်မတော် KNLA နဲ့ပူးပေါင်းတပ်တွေရဲ့ထိုးစစ် စခန်းသိမ်းတိုက်ပွဲ ငါးခုမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်ကိုးဦးကျဆုံးကာ စစ်ကောင်စီဘက်ကတော့ လေးဆယ်ကျော်သေဆုံးခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေဆီကသိရပါတယ်။ KNLAနဲ့ပူးပေါင်းတပ်တွေဟာ အခုလ ၇ရက်ကနေမနေ့ကအထိ မြဝတီမြို့နယ်ထဲက သင်္ဃန်းညီနောင် အခြေစိုက် စစ်ကောင်စီတပ်ရင်းနှစ်ခုဖြစ်တဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဂန့်ဂေါမှာပြစ်ဒဏ်ချမှတ်ပြီး နိုင်ငံရေးအကျဉ်းသားတွေကို ထောင်မပို့ဘဲရဲစခန်းအချုပ်မှာပဲချုပ်နှောင်ထား

မတ် ၊ ၂၀ မကွေးတိုင်း ဂန့်ဂေါမြို့နယ်မှာ နိုင်ငံရေးပုဒ်မတွေနဲ့ တရားစွဲဆို ထောင်ချထားတဲ့ အကျဉ်းသား ၊ အကျဉ်းသူ စုစု ပေါင်း လေးဆယ်ကို သက်ဆိုင်ရာ ထောင်တွေဆီကိုမပို့ဘဲ ရဲစခန်း အချူပ်ခန်းမှာပဲ ဖမ်းဆီးထားတာကြောင့်  အကျဉ်းသားတွေ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ဂျပန် ကမ်းလွန်မှာ တောင်ကိုရီးယား ရေနံတင်သင်္ဘော တိမ်းမှောက်ပြီး ခုနစ်ဦး ပျောက်ဆုံးနေ

မတ်၊ ၂၀ ဂျပန်နိုင်ငံ ကမ်းလွန် ပင်လယ်ပြင်မှာ တောင်ကိုရီးယား ရေနံတင် သင်္ဘောတစီး တိမ်းမှောက်ပြီး ၇ ဦး ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။ မတ်လ ၂၀ မနက် အစောပိုင်းက ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ရေပြင်မှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့တဲ့ ခြံအမှတ် ၅၄ လေလံဝင်ဆွဲသူမရှိလို့ လေလံပွဲ အထမမြောက်

မတ်၊ ၂၀   ရန်ကုန်မြို့ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့တဲ့ ခြံအမှတ် (၅၄) ကိုလေလံတင် ရောင်းချဖို့အတွက် စစ်ကောင်စီလက်အောက်ခံ တရားရုံးက ဒီကနေ့ ကြိုးပမ်းခဲ့ပေမယ့် လေလံဆွဲ ၀ယ်ယူမယ့်သူ မရှိတာကြောင့် လေလံပွဲ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ခွဲထွက်နယ်မြေမှာ ရွေးကောက်ပွဲ ကျင်းပမှုနဲ့ ပတ်သက်ပြီး ရုရှား သံအရာရှိကို မော်လ်ဒိုဗာ နှင်ထုတ်

မတ်၊ ၂၀ ခွဲထွက်ရေး ကြေညာထားရာ နယ်မြေမှာ ရုရှားက ရွေးကောက်ပွဲ ထည့်သွင်း ကျင်းပခဲ့တာနဲ့ ပတ်သက်လို့ ရုရှား သံအရာရှိ တဦးကို မော်လ်ဒိုဗာ အစိုးရက နှင်ထုတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ကျင်းပတဲ့ ရုရှား [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ထားဝယ်ထောင်မှာ ဖုန်းတွေ့လို့ဆိုကာ နိုင်/ကျဥ်းတွေအပါအဝင် အကျဥ်းသား နှစ်ဆယ်ကျော် ရိုက်နှက်တိုက်ပိတ် ခံထားရ

မတ်၊ ၂၀   တနင်္သာရီတိုင်း၊ ထားဝယ်အကျဥ်းထောင်မှာ လက်ကိုင်ဖုန်းတွေ မိလို့ဆိုကာ နိုင်ငံရေးအကျဥ်းသားတွေအပါအဝင် အကျဥ်းသား နှစ်ဆယ်ကျော်ကို ရိုက်နှက်ပြီး တိုက်ပိတ်ထားတယ်လို့ ထားဝယ်ခရိုင် နိုင်ငံရေးအကျဥ်းသားများကွန်ရက် (DPPN)က ထုတ်ပြန်ထားပါတယ်။   “နိုင်/ကျဥ်းက တဝက်လောက်ပါတယ်၊ ဖုန်းက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စကခ (၅) အခြေစိုက်တဲ့ တောင်ကုတ်မြို့အဝင် ကားလမ်းမကြီးကို စစ်ကောင်စီ ဖျက်ဆီး

မတ်၊ ၂၀   ရခိုင်ပြည်နယ်တောင်ပိုင်း ခရိုင်မြို့ကြီးတခုဖြစ်တဲ့ တောင်ကုတ်မြို့ထဲ အဝင်ကားလမ်းမကြီးကို စစ်ကောင်စီတပ်က စက်ယန္တရားကြီးတွေနဲ့ တူးဖြို၊ ဖျက်ဆီးလိုက်တာကြောင့် ကား၊ ဆိုင်ကယ်တွေ သွားလာဝင်ထွက်လို့ မရတော့ဘဲ အခက်ကြုံနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။   “ဘက်ဟိုးကြီးတစီးနဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရခိုင်မှတ်ပုံတင်ကိုင်ဆောင်သူတွေကို စစ်ကောင်စီက ခရီးသွားလာခွင့်ပိတ်ပင်

မတ် ၁၉ ရခိုင်ပြည်နယ်မှတ်ပုံတင် (၁၁မျဉ်းစောင်း)ကိုင်ဆောင်သူတွေကို အဝေးပြေးခရီးသည်တင်ယာဉ် လိုင်းတွေအနေနဲ့ လက်မှတ်မရောင်းချဖို့ စစ်ကောင်စီကတားမြစ်ပိတ်ပင်ထားတယ်လို့ ယာဉ်လိုင်းတွေဆီကစုံစမ်းသိရှိရပါတယ်။ “ကားစီးမယ်ဆိုရင် မှတ်ပုံတင်မူရင်းနဲ့ မိတ္တူုလိုမယ်၊ ၁၁ မျဉ်းစောင်းတွေဆိုရင်တော့ ကားစီးခွင့်မရဘူးနော်” လို့ ရန်ကုန်မြို့ရှိ ခရီးသည်တင်ယာဉ်လိုင်းတခုကDNAကို ပြောပါတယ်။ ၁၁မျဉ်းစောင်းမှတ်ပုံတင်ကိုင်သူတွေကို [ဆက်လက်ဖတ်ရှုရန်]