ဒေသအလိုက် သတင်းကဏ္ဍ

တောင်ငူ ခလရ ၃၉တပ်ရင်းမှာ တိုက်ပွဲ ဆက်လက်ပြင်းထန်၊ကလေးတဦးအပါအဝင် အရပ်သားနှစ်ဦးထက် မနည်းသေဆုံး

နိုဝင်ဘာ၊ ၁၈ ပဲခူးတိုင်း၊ တောင်ငူမြို့နယ် လေးမိုင်ရွာအနီးက စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ(၃၉)မှာ ဒီက နေ့ညနေ ပိုင်းအထိ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး တိုက်ပွဲအတွင်းရွာထဲလက်နက်ကြီးကျလို့ ညောင်ပင်လှရွာက ကလေးတဦးအပါအဝင် အရပ်သားနှစ်ဦးထက်မနည်းသေဆုံးသွားတယ်လို့ ဒေသခံတွေနဲ့တော်လှန်ရေးအင်အား စုတွေကပြောပါတယ်။ အဲ့ဒီစစ်ကောင်စီတပ်ရင်းကိုတော်လှန်ရေးပူးပေါင်းတပ်တွေက မနေ့ကညပိုင်းမှာ စတင်ထိုးစစ်ဆင် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မင်းပြားမြို့ပေါ်နဲ့အနီးတဝိုက်ကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်လို့ နှစ်ဦးသေ၊ ခြောက်ဦး ဒဏ်ရာရ

နိုဝင်ဘာ ၁၈ ရခိုင်ပြည်နယ် မင်းပြားမြို့မှာ တိုက်ပွဲဖြစ်နေတာမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးတွေ ပစ်ခတ်တာကြောင့် လက်နက်ကြီးကျည်တချို့ မြို့ထဲကျရောက်ပေါက်ကွဲကာအရပ်သား နှစ်ဦးသေဆုံး၊ခြောက်ဦးဒဏ်ရာရကာ ဆေးရုံ အပါအဝင်  အဆောက်အအုံတချို့လည်းထိခိုက်ပျက်စီးသွားတယ်လို့ မြို့ခံတွေကပြောပါတယ်။ “တိုက်ပွဲဖြစ်နေတာနဲ့ မခြားအောင်ကို ပစ်နေတာ၊ညခြောက်နာရီလောက်ကတည်းက မိုးတလင်းထိကိုပစ်တယ်၊ မြို့ထဲရော [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

KNU သတိပေးစာထုတ်ပြန်ပြီးနောက် ကော့ကရိတ်ကဌာနဆိုင် ဝန်ထမ်းတချို့ပြောင်းရွှေ့မှုရှိလာ

နိုဝင်ဘာ၊ ၁၈ စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားမှာ ပါဝင်နေသူတွေ ကော့ကရိတ်မြို့နယ်ကနေထွက်ခွာဖို့ နောက်ဆုံး အကြိမ်သတိပေးတယ်လို့ KNUကထုတ်ပြန်ပြီးနောက် ဌာနဆိုင်ရာဝန်ထမ်းတချို့ ဒီကနေ့မှာပြောင်းရွှေ့ မှုတွေ စလုပ်နေကြပြီလို့ ဒေသခံတွေနဲ့ ဝန်ထမ်းတွေကပြောပါတယ်။ “စာထွက်လာတော့ စိုးရိမ်မှုတွေ ဖြစ်လာလို့ ကိုယ့်သဘောဆန္ဒနဲ့ ကိုယ်ပြောင်းတာပါ၊ မိသားစုတွေအကုန်ပါပဲ၊ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ချောင်းနှစ်ခွရွာက အတ္ထရံတံတား အသုံးပြုမရတော့လို့ ဒေသခံတွေ သွားလာရေးအခက်တွေ့

နိုဝင်ဘာ၊ ၁၈ မွန်ပြည်နယ်နဲ့ကရင်ပြည်နယ်အစပ် ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာက အတ္ထရံတံ တားတိုက်ခိုက်ဖျက်ဆီးခံရပြီးနောက် တိုက်ပွဲ အတွင်း ထိခိုက်ဒဏ်ရာ ရသူနဲ့ ပုံမှန်မြို့တက်ဆေးကုသရသူတွေ အခက်အခဲဖြစ်နေတယ်လို့ လူမှုကူညီရေးအသင်းတွေနဲ့ ဒေသခံတွေကပြောပါတယ်။ “နီးစပ်ရာတော့ ပို့ထားရတယ်၊ အသက်အန္တရာယ်စိုးရိမ်ရတဲ့သူတွေနဲ့ ပုံမှန်ဆေးခန်းဆေးရုံပြရမယ့်လူတွေက တော်တော်ဒုက္ခ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

နမ့်ခမ်းမြို့အနီးမှာ တိုက်ပွဲဆက်ဖြစ်နေပြီး မြို့ထဲလက်နက်ကြီးကျလို့ နေအိမ်တချို့ပျက်စီး

နို၀င်ဘာ ၊ ၁၈ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်း မြို့အနီးမှာ ဒီကနေ့မနက်ပိုင်းက တိုက်ပွဲတွေဆက်ဖြစ်ခဲ့ပြီး မြို့တွင်းကိုလည်း လက်နက်ကြီးကျည်တချို့ကျ ရောက်ပေါက်ကွဲလို့ နေအိမ်နှစ်လုံး ပျက်စီးသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ တဦးက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ခွေးသားစားမှုကို ဥပဒေကြောင်းအရ ပိတ်ပင်ဖို့ စီစဉ်နေကြောင်း တောင်ကိုရီးယား အစိုးရဆို

နိုဝင်ဘာ၊ ၁၈ ခွေးသားစားမှုကို အပြည့်အဝ တားဆီး ပိတ်ပင်သွားဖို့ စီစဉ်နေကြောင်း တောင်ကိုရီးယား အာဏာပိုင်တွေက ပြောပါတယ်။  ကိုရီးယား ရှေးရိုး လူ့အဖွဲ့အစည်းမှာ ခွေးသားစားတာဟာ ပုံမှန် အခြေအနေ တခုလို့ သတ်မှတ်နိုင်ပြီး မျက်မှောက်ခေတ်မှာတော့ အငြင်းပွားစရာ [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဟောင်း လိုက်ဘေးရီးယား သမ္မတ ရွေးကောက်ပွဲ ရှုံးနိမ့်

နိုဝင်ဘာ၊ ၁၈ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ဘဝကနေ လိုက်ဘေးရီးယား သမ္မတ ဖြစ်လာသူ ဂျော့ဂျ်ဝီယာဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာတော့ အတိုက်အခံခေါင်းဆောင် ဂျိုးဆက် ဘိုအာကိုင်ကို အရေးနိမ့်ခဲ့ကြောင်း ဝန်ခံသွားခဲ့ပါတယ်။  သူတာဝန်ယူခဲ့တဲ့ သက်တမ်းမှာ လိုက်ဘေးရီးယား အစိုးရဟာ [ဆက်လက်ဖတ်ရှုရန်]

ဆောင်းပါး

ဒီမိုကရေစီ အင်အားစုများ အောင်ပွဲဆင်နိုင်သည်၊ အမေရိကန်၏ အကူအညီကို လိုအပ်သည်

နိုဝင်ဘာ၊ ၁၈ မြန်မာနိုင်ငံမှာ နောက်ဆုံး ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ နိုဝင်ဘာ ၈ ရက်မှာ သုံးနှစ်တင်းတင်း ပြည့်ခဲ့ပါပြီ။ ဒါပေမဲ့ အဲဒီ ရွေးကောက်ပွဲ ရလဒ်တွေကို စစ်တပ်က အာဏာသိမ်းမှုနဲ့အတူ ပယ်ဖျက်ပစ်ခဲ့ပါတယ်။ စစ်အာဏာသိမ်းမှုကို မြန်မာနိုင်ငံ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပေါက်တောမြို့မှာ စစ်တပ်က ပစ်ခတ်လို့ အရပ်သားတွေ ထိခိုက်သေဆုံးမှုရှိ၊ ပိတ်မိနေသူတွေလည်း ရှိနေ

နိုဝင်ဘာ၊ ၁၇   ရခိုင်ပြည်နယ် ပေါက်တောမြို့တွင်းကို စစ်ကောင်စီတပ်သားတွေ ရောက်လာပြီး ပစ်ခတ်၊ ဖမ်းဆီးမှုတွေ လုပ်နေတာကြောင့် အရပ်သားသေဆုံးသူတွေ ရှိနေသလို မြို့တွင်းပိတ်မိနေသူတွေလည်း အများအပြား ရှိနေတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။   ရက္ခိုင့်တပ်တော် [ဆက်လက်ဖတ်ရှုရန်]