ဒေသအလိုက် သတင်းကဏ္ဍ

ကော့ကရိတ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ရင်းမှူးအပါအဝင် ခြောက်ဦးသေ

အောက်တိုဘာ၊ ၂၄ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ဆင်ကုန်းကျေးရွာအနီးမှာတိုက်ပွဲပြင်းထန်နေပြီး  စစ်ကောင်စီဘက်က တပ်ရင်းမှူးအပါအဝင် ခြောက်ဦးသေဆုံး၊ ရှစ်ဦးဒဏ်ရာရပြီး ကာကွယ်ရေးတပ်တွေဘက်ကလည်း ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။ စစ်ကောင်စီတပ်ဟာအောက်တိုဘာလ ၂၄ ရက်၊ ဒီကနေ့ မနက် ၃ နာရီကျော်မှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ကောင်စီကော်မရှင်ဆီ မှတ်ပုံတင်တဲ့ပါတီတွေ ပါတီရုံးဖွင့်ဖို့နဲ့ ပါတီဝင်တွေစုဆောင်းဖို့ ဖိအားပေးခံနေရ

အောက်တိုဘာ၊ ၂၄ စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီတွေကို ပါတီဝင်အရေအတွက်နဲ့ ရုံးခန်း တွေ အချိန်မီ တင်ပြ၊ ဖွင့်လှစ်ကြဖို့ဖိအားပေးခံနေရပြီး ငွေကြေးနဲ့ အချိန်ကန့်သတ်ချက်ကြောင့် အ ခက်ကြုံနေ ကြရတယ်လို့ ပါတီတချို့ရဲ့တာဝန်ရှိသူတွေက DNAကိုပြောပါတယ်။ လက်ရှိအခြေအနေတွေအရ ပါတီဝင်အင်အား စုစည်းဖို့နဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဝက်လက် ဒေသခံ တဒါဇင်ကျော်ကို စစ်ကောင်စီစစ်ကြောင်းက ဖမ်းခေါ်သွား

အောက်တိုဘာ၊ ၂၄  စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် ရှိမ်းမကားလမ်းပေါ်က ဝက်လက်ရွဲရွာကိုဒီကနေ့မနက်ငါးနာရီလောက်မှာ စစ် ကြောင်း ထိုးခဲ့ပြီး ရွာခံ ဆယ့်ငါးဦးကို ဖမ်းခေါ်သွားတယ်လို့ ဒေသတွင်းမြေပြင်အခြေအနေတွေကို စောင့်ကြည့် ဖော်ပြပေးနေ တဲ့ Wetlet Information Network ကပြောပါတယ်။ စစ်ကောင်စီတပ်ဟာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်တပ်က ရှစ်လအတွင်း လေကြောင်းကနေ တရက်နှစ်ကြိမ်ခန့် တိုက်ခိုက်လို့ ၃၇၀ နီးပါးသေဆုံး

အောက်တိုဘာ ၊ ၂၄ စစ်ကောင်စီတပ်က အခုနှစ်ဇန်နဝါရီလကနေ  သြဂုတ်လအထိ ရှစ်လတာအတွင်း တရက်နှစ်ကြိမ်နှုန်းခန့်နဲ့ လေကြောင်းတိုက်ခိုက်မှု ၄၇၈ ကြိမ်အထိ ပြုလုပ်ခဲ့ပြီး အရပ်သား ၃၆၄ ဦးသေဆုံး၊ ၃၃၁ ဒဏ်ရာရတယ်လို့  သုတေသနအဖွဲ့အစည်း တခုဖြစ်တဲ့ ဉာဏ်လင်းသစ် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရခိုင်မှာ စစ်တပ်က စစ်ရေးလှုပ်ရှားမှုအပြင် ဒေသခံတချို့ကိုပါ စတင်ဖမ်းဆီးလာ

အောက်တိုဘာ၊ ၂၄ အပစ်ရပ်ထားတဲ့ ရခိုင်မှာ စစ်ကောင်စီတပ်က လက်နက်၊ ရိက္ခာ၊ လူအင်အားဖြည့်တင်းတာ၊ အင်အားပြလက်နက်ကြီးပစ်ခတ်တာတွေ ဆက်တိုက်လုပ်နေသလို ရခိုင့်တပ်တော်(AA)နဲ့ ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အရပ်သားတွေကို ဖမ်းဆီးမှုတွေလည်း စလုပ်လာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ “တပ်ရင်းကနေ ကားတွေနဲ့ [ဆက်လက်ဖတ်ရှုရန်]

Fact Check

PDF ရဲမေ ဒေါ်လှမှီကို PDF တဦးက မူးပြီး လည်ပင်းညှစ်သတ်တယ်ဆိုတဲ့သတင်းအမှား

အောက်တိုဘာ၊ ၂၄ မကွေးတိုင်း ပခုက္ကူမြို့နယ်အခြေစိုက် PDF တပ်ဖွဲ့တခုမှာ ထမင်းချက်အဖြစ် တာဝန်ယူထားတဲ့ သက်ကြီး အမျိုးသမီးတဦးကို PDF တပ်ဖွဲ့ဝင်တဦးက မူးရူးပြီး လည်ပင်းညှစ်သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ သတင်းအမှား တခု လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။ စစ်ကောင်စီရဲ့ ဝါဒဖြန့် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ရှောင်တွေအတွက် ရံပုံငွေရှာတဲ့ ကျေးလက်ဖျော်ဖြေပွဲ

အောက်တိုဘာ၊ ၂၄   စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်အခြေစိုက် ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ သပိတ်စစ်ကြောင်းဟာ အခုလအတွင်း ဒေသတွင်းကျေးရွာတချို့မှာ လှည့်လည်ကပြ ဖျော်ဖြေရင်း စစ်ဘေးရှောင်တွေအတွက် ရံပုံငွေရှာဖွေနေပါတယ်။   “ တော်လှန်ရေး အနုပညာရံပုံငွေ ” လို့ ခေါင်းစဉ်တပ်ထားတဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ကောင်စီက အကျဉ်းသားတွေကို မိသားစုနဲ့တွေ့ဆုံခွင့် စပေး

အောက်တိုဘာ၊ ၂၄   ကိုဗစ်ကာလ ရောဂါပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် ကန့်သတ်ထားတဲ့ အကျဉ်းသားတွေ မိသားစုနဲ့တွေ့ဆုံခွင့် (ထောင်ဝင်စာတွေ့ခွင့်) ကို စစ်ကောင်စီက ဒီကနေ့မှာ စတင်ပြီး ပြန်လည်ခွင့်ပြုပေးလိုက်တယ်လို့ အကျဉ်းသားမိသားစုဝင်တွေထံက သိရပါတယ်။   “ ကလေးက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဒီပဲယင်းမှာ စစ်ကြောင်းထိုးပြီး နေအိမ်တွေမီးရှို့ဖျက်ဆီး၊ ဒေသခံတွေထွက်ပြေးနေရ

အောက်တိုဘာ၊ ၂၄   စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အနောက်ဘက်က ဝပါကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့တွေက စစ်ကြောင်းထိုးကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတဲ့အတွက် ဒေသခံတွေဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်တွေထံက သိရပါတယ်။   ” PDF တွေကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မုံရွာမှာ PDF တိုက်ခိုက်လို့ တပ်သားနှစ်ဦးသေဆုံးအပြီး စစ်တပ်ကပစ်လို့ အရပ်သားနှစ်ဦးသေဆုံး

အောက်တိုဘာ၊ ၂၄   စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ အောက်တိုဘာလ ၂၃ ရက်၊ မနက် ၇ နာရီ လောက်မှာ တပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့တဲ့ တိုက်ခိုက်ခံရမှုအပြီး စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့လို့ အရပ်သားနှစ်ဦး သေနတ်မှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက [ဆက်လက်ဖတ်ရှုရန်]