ဒေသအလိုက် သတင်းကဏ္ဍ

ဖားကန့်မြို့အနီး နမ္မဖြစ်ရွာက စစ်ကောင်စီတပ်တိုက်ခိုက်ခံရ

အောက်တိုဘာ၊၂၆ ကချင်ပြည်နယ်၊ ဖားကန့်မြို့အနီး နမ္မဖြစ်ရွာရှိ မြန်မာသူရကျောက်စိမ်းကုမ္ပဏီဝင်းထဲမှာ တပ်စွဲထားတဲ့ စစ် ကောင်စီတပ်ကို KIAပူးပေါင်းအဖွဲ့က မနေ့ညပိုင်းမှာစီးနင်းတိုက်ခိုက်တာကြောင့် စစ်ကောင်စီတပ် သားတွေ သေဆုံးထိခိုက်မှုများသလို ထွက်ပြေးသွားသူတွေလည်းရှိတယ်လို့ တော်လှန်ရေးအင်အားစု နဲ့နီးစပ်သူတွေနဲ့ ဒေသခံတွေကပြောကြပါတယ်။ အဲ့ဒီနေရာကို မနေ့ကညဆယ်နာရီဝန်းကျင်လောက်မှာ ကချင်လွတ်လပ်ရေး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဒီပဲယင်းမှာ စစ်ရှောင်တွေ တုတ်ကွေးအဖြစ်များနေလို့ ဆေးဝါးအကူအညီလိုအပ်

အောက်တိုဘာ ၊ ၂၆ စစ်ကိုင်းတိုင်း ၊ ရေးဦးခရိုင်၊ ဒီပဲယင်းမြို့နယ်ရှိ စစ်ရှောင်စခန်းတွေမှာ အမိုးအကာမလုံလောက်မှုတွေဖြစ်ပြီး  မိုးရေထဲ စစ်ရှောင်နေခဲ့ရတာကြောင့် စစ်ရှောင်ကူညီနေသူနဲ့စစ်ရှောင်တချို့  တုပ်ကွေးမိပြီး ဖျားနာနေကြတယ်လို့ ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့များအဖွဲ့ထံက သိရပါတယ်။ ” ကျွန်တော် သိသလောက်ဆို လူဦးရေ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲကို လက်မခံဖို့ NUGနဲ့ တော်လှန်ရေးအင်အားစုတွေက ဥရောပသမဂ္ဂကို တောင်းဆို

အောက်တိုဘာ၊ ၂၅ စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲကို လက်မခံဘဲ ဆန့်ကျင်ဖို့ ဥရောပသမဂ္ဂ(အီးယူ)နဲ့ အီးယူ အဖွဲ့ဝင်တွေ နိုင်ငံတွေကို မေတ္တာရပ်ခံ တောင်းဆိုထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဒီကနေ့ ထုတ်ပြန် လာပါတယ်။ NUG အစိုးရ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အပြန်အလှန် ပိတ်ဆို့မှုတွေကြောင့် ကလေးနယ်တောင်ပိုင်း ဒေသခံတွေ စားသောက်ကုန်ပြတ်လပ်မှာ စိုးရိမ်နေရ

အောက်တိုဘာ၊ ၂၅ စစ်ကိုင်းတိုင်း ကလေးမြို့နယ် တောင်ပိုင်းရွာတွေ၊နယ်မြေတဆက်တည်းရှိနေတဲ့ မကွေးတိုင်းဂန့်ဂေါမြောက်ပိုင်း ရွာတွေမှာ စစ်ကောင်စီနဲ့တော်လှန်ရေးအင်အားစုတွေရဲ့အပြန်အလှန်ပိတ်ဆို့မှုတွေကြောင့်စားသောက်ကုန် ပြတ် လပ်တာ၊ဈေးနှုန်းမြင့်တက်တာတွေကြုံနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ကလေးမြို့နယ်တောင်ပိုင်းနဲ့ နယ်မြေထိစပ်နေတဲ့ မကွေးတိုင်း ဂန့်ဂေါမြို့နယ်မြောက်ပိုင်းက မြောက်ခင်ရန်း၊ဟံ သာဝတီ၊ကြံသာ၊ကုက္ကားစတဲ့ပျူစောထီးရွာတွေကိုဒေသကာကွယ်ရေးတပ်တွေက ပိတ်ဆို့ထားတာကြောင့် ရိက္ခာ ပြတ်လပ်မှုတွေလချီကြုံတွေ့ရပြီးနောက် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အာဏာသိမ်းစစ်ခေါင်းဆောင်အပါအဝင် ဆယ်ဦးကို ဖိလစ်ပိုင်မှာ တရားစွဲ

အောက်တိုဘာ ၊ ၂၅ အရပ်သားတွေကို သတ်ဖြတ်မှု၊ ဘုရားကျောင်းနဲ့ နေအိမ် ရာပေါင်းများစွာကို မီးရှို့ဖျက်ဆီးမှု စတဲ့စွဲချက်တွေနဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်အပါအဝင် ဆယ်ဦးကို တရားစွဲဆိုဖို့ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့က တရားရေးဌာနမှာ ဒီကနေ့ တိုင်ကြားလိုက်တယ်လို့ Myanmar Accountability [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဘုတလင်မှာ တိုက်ပွဲဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် တဦးကျဆုံး

အောက်တိုဘာ ၊ ၂၅ စစ်ကိုင်းတိုင်း၊ဘုတလင်မြို့နယ် မုံရွာ-ရေဦးလမ်းပေါ်က သာရိုးကုန်းအနီးမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ ကာ ကွယ်ရေးတပ်တွေ ဒီကနေ့မနက်ပိုင်းကတိုက်ပွဲဖြစ်ခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကျဆုံးသွားတယ်လို့ ဒေသ တွင်းသတင်းရင်းမြစ်တွေကပြောပါတယ်။  ဘုတလင်မြို့နယ် အနောက်တောင်ဘက် ခုနစ်မိုင်ခွဲလောက်အကွာက ယုန်လှေးကုန်းကျေးရွာကို စစ်ကြောင်းထိုး ခဲ့ပြီး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဒေါ်အောင်ဆန်းစုကြည်နဲ့ ထောင်ဝင်စာတွေ့ခွင့်ရဖို့ အမျိုးသမီးရှေ့နေတဦးကို အမည်စာရင်းပေး

အောက်တိုဘာ ၊ ၂၅ နေပြည်တော်မှာ ဖမ်းဆီးခံထားရတဲ့ နိ်ုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ ထောင်ဝင်စာတွေ့ခွင့်ရဖို့  ရှေ့နေအဖွဲ့စီစဉ်နေသလို အမျိုးသမီး ရှေ့နေတဦးကိုလည်း အမည်စာရင်းပေးထားတယ်လို့ ရှေ့နေအဖွဲ့နဲ့ နီးစပ်သူတွေက DNA ကို ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က သူမနဲ့ထောင်ဝင်စာတွေ့ခွင့်ကို အဂတိမှုနဲ့ စစ်ကောင်စီက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပေါက်မှာ ဆယ်ရက်ကျော်ကြာ စစ်ကြောင်းထိုးနေလို့ စစ်ရှောင်သုံးထောင်ကျော် အခက်ကြုံနေ

အောက်တိုဘာ၊ ၂၅   မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ စစ်ကောင်စီတပ်က ဆယ်ရက်ကျော်ကြာ စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံ သုံးထောင်ကျော်ဟာ မိုးထဲလေထဲ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး စားသောက်ရေးနဲ့ နေရေးထိုင်ရေးတွေ ခက်ခဲလာတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်တွေဆီက သိရပါတယ်။   [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ထားဝယ်စီးပွားရေးဇုန်အနီးက ဒေသခံတွေ တပတ်ကြာတဲ့အထိ နေရပ်မပြန်နိုင်သေး

အောက်တိုဘာ၊ ၂၅   တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်ထဲရှိ ထားဝယ်အထူးစီးပွားရေးဇုန် အနီးတဝိုက် ကျေးရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းဆက်ထိုးနေသေးတာကြောင့် တိမ်းရှောင်နေရတဲ့ ဒေသခံတွေ တပတ်ကြာတဲ့အထိ နေရပ်မပြန်နိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။   ” တော်တော်များများက ရွာထဲ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဆိုင်ကလုန်းမုန်တိုင်း သက်ရောက်မှုရှိနိုင်တဲ့ ရခိုင်မှာ အမြန်ရေယာဉ်ခရီးစဉ်တွေ ရပ်နား

အောက်တိုဘာ၊ ၂၄  ဆိုင်ကလုန်းမုန်တိုင်းဟာမွန်းရဲ့သက်ရောက်မှုဒဏ်ခံရနိုင်တဲ့ ရခိုင်ပြည်နယ်မှာ ပင်လယ်ဖြတ်ပြီးပြေးဆွဲပေးနေ တဲ့တခု တည်းသော ခရီးသည်တင်အမြန်ရေယာဉ်လိုင်း ရွှေပြည်တန်က ခရီးစဉ်တွေရပ်နားထား မယ်လို့အသိပေး ထားပါတယ်။  ရခိုင်ပြည်နယ် စစ်တွေကနေ ကျောက်ဖြူ၊ တောင်ကုတ်၊ ရသေ့တောင်၊ ဘူးသီးတောင်တို့ဆီ ပြေးဆွဲနေတဲ့ အမြန် [ဆက်လက်ဖတ်ရှုရန်]