နိုင်ငံရေး

အချုပ်ကျအမျိုးသမီးကို အဓမ္မပြုကျင့်ခဲ့တဲ့ ပလဖအဖွဲ့ဝင် ရှစ်ဦးကို ဖမ်းဆီးအရေးယူထားတယ်လို့ ဆောပအဖပြော

သြဂုတ်၊ ၄   မကွေးတိုင်း၊ ဆောမြို့နယ်အတွင်းက ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) အချုပ်စခန်းတခုမှာ အချုပ်ကျခံနေရတဲ့ အမျိုးသမီးတဦးကို အဓမ္မပြုကျင့်ခဲ့တဲ့ အချုပ်ခန်းစောင့် အစမ်းခန့် ပလဖ တပ်ဖွဲ့ဝင်ရှစ်ဦးကို ဖမ်းဆီးထားပြီး အပြစ်ပေးအရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့ ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ထိုင်းမှာ ဆလပ်ရွက်ကားပေါ် လိုက်လာတဲ့ မြန်မာ ငါးဆယ်ကျော်အဖမ်းခံရ

သြဂုတ်၊ ၄   ဆလပ်ရွက်တွေ တင်ဆောင်လာတဲ့ ခြောက်ဘီးကားပေါ်ကနေ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာရွေ့ပြောင်းအလုပ်သမား ၅၂ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။   ထိုင်း-မြန်မာနယ်စပ် တာ့ချ်ခရိုင် အတွင်းမှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

စစ်အာဏာသိမ်းမှုကို တွန်းလှန်နိုင်ဖို့ အမေရိကန်နဲ့ နိုင်ငံတကာ အသိုက်အဝန်းကို နိုက်ဂျား သမ္မတပန်ကြား

သြဂုတ်၊ ၄ အာဏာသိမ်းခံ နိုက်ဂျား သမ္မတက အမေရိကန်နဲ့ နိုင်ငံတကာ အသိုက်အဝန်း တခုလုံးဆီက ထိရောက်တဲ့ အကူအညီတွေကို ပန်ကြားတောင်းခံလိုက်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ စစ်တပ်ရဲ့ အာဏာသိမ်း ဖြုတ်ချမှုကို ခံခဲ့ရတဲ့ သမ္မတ မိုဟာမက် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မူဆယ်တိုက်ပွဲမှာ စစ်ကောင်စီအထိနာ၊ လက်နက်ခဲယမ်း အများအပြားရတယ်လို့ TNLA ပြော

သြဂုတ်၊ ၄   ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှာ ဇူလိုင် ၂ရက် မနက်ပိုင်းကနေ ညနေအထိ တနေကုန်နီးပါး ဖြစ်ခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အထိနာခဲ့ပြီး လက်နက်ခဲယမ်း အများအပြားလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA က [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

မက္ကဆီကို အဝေးပြေးလမ်းမှာ ဘတ်စ်ကား လျှိုထဲထိုးကျပြီး လူနှစ်ဆယ်နီးပါး သေဆုံး

သြဂုတ်၊ ၄ မက္ကဆီကို နိုင်ငံမှာ ခရီးသည်တင် ဘတ်စ်ကားတစီး လမ်းချော်ပြီး လျှိုထဲ ထိုးကျသွားရာက လူ ၂၀ နီးပါး အသက် ဆုံးရှုံးခဲ့ပါတယ်။ ဩဂုတ် ၃ ရက်က အမေရိကန်နဲ့ နယ်စပ်နားမှာရှိတဲ့ မြောက်ပိုင်းက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တိမ်းရှောင်နေရတဲ့ ပုသိမ်က ပရဟိတသမားတဦးရဲ့ ဇနီးဟောင်း နေအိမ်ကို စစ်ကောင်စီချိပ်ပိတ်

သြဂုတ်၊ ၄   ဖမ်းဝရမ်း ထုတ်ခံထားရလို့ တိမ်းရှောင်နေရတဲ့ ပုသိမ်မြို့က ပရဟိတသမားတဦးရဲ့ ဇနီးဟောင်းရဲ့နေအိမ်ကို စစ်ကောင်စီက ဒီကနေ့ နေ့လယ်ပိုင်းမှာ ချိပ်ပိတ်သွားတယ်လို့ ပုသိမ်မြို့ခံတွေက DNA ကိုပြောပါတယ်။   ပုသိမ်မြို့ တဖက်ကမ်း အမှတ်(၁၀) [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

တရုတ်ဆီ စစ်ဘက်ဆိုင်ရာ အချက်အလက်တွေ ပေါက်ကြားစေမှုနဲ့ အမေရိကန် ရေတပ်သားနှစ်ဦး စွဲချက်တင်ခံရ

သြဂုတ်၊ ၄ တရုတ်ဆီ စစ်ဘက်ဆိုင်ရာ သတင်း အချက်အလက်တွေ ထောက်ပံ့ပေးခဲ့ကြောင်း စွပ်စွဲမှုနဲ့ အမေရိကန် ရေတပ်သား နှစ်ဦးကို စွဲချက်တင်ခဲ့ပါတယ်။ ကယ်လီဖိုးနီးယားမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ရေတပ်သား နှစ်ဦးဟာ စစ်ရေးအရ ထိလွယ်ရှလွယ် ရှိနိုင်တဲ့ သတင်းအချက်အလက် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မင်းလှဒေသခံ လင်မယားနှစ်ဦး ပစ်သတ်ခံရ

သြဂုတ်၊ ၃   ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ကျွဲမကိုင်းကျေးရွာ က ဒေသခံ လင်မယားနှစ်ဦးကို စစ်ကောင်စီထံ သတင်းပေးတာတွေ မလုပ်ဖို့ အကြိမ်ကြိမ်သတိပေးခဲ့ပေမယ့် မလိုက်နာတာကြောင့် ပစ်ခတ်ရာမှာ နှစ်ဦးလုံး သေဆုံးသွားတယ်လို့ မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူတဦးက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ကောင်စီ ဖွဲ့စည်းပုံပြောင်းပေမယ့် လူဟောင်းအများစုသာ ဆက်လက်ပါဝင်

သြဂုတ်၊ ၃   လေးကြိမ်မြောက်အဖြစ် အရေးပေါ်ကာလ သက်တမ်းတိုးပြီးနောက် ကာကွယ်ရေးနဲ့ပြည်ထဲရေးဝန်ကြီး တွေအပါအဝင် စစ်ကောင်စီက ပြည်ထောင်စုအဆင့် ဝန်ကြီးတွေကို ပြောင်းရွှေ့ခန့်အပ်တာမျိုး လုပ်လိုက်ပေမယ့် အများစုကတော့ လူဟောင်းတွေသာ ဆက်လက်ပါဝင်နေတာ တွေ့ရပါတယ်။   စစ်ကောင်စီက ဝန်ကြီးတွေကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်တပ်ဖမ်းသွားတဲ့ ပုလဲနယ်က ကျေးရွာပကဖခေါင်းဆောင် အလောင်းသာပြန်တွေ့

သြဂုတ်၊ ၃ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ တနယ်ကျေးရွာက ပြည်သူ့ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသ_တ်ဖြတ်သွားတယ်လို့ အဲဒီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံ ကိုဇော်ထက်က DNA ကိုပြောပါတယ်။   ပုလဲမြို့နယ်၊ အင်မထီးရွာ ပျူစောထီးစခန်း က [ဆက်လက်ဖတ်ရှုရန်]