နိုင်ငံရေး

အာဏာသိမ်းပြီးနောက် အလုပ်ရပ်စဲခံရသူ သုံးပုံနှစ်ပုံလောက် ဥပဒေပါနစ်နာကြေးမရ

သြဂုတ် ၊ ၁၂ အာဏာသိမ်းပြီးနောက်နှစ်နှစ်ခွဲအတွင်း မြန်မာနိုင်ငံအတွင်း  အလုပ်ရပ်စဲခံရသူတွေရဲ့ သုံးဆယ်ရာခိုင်နှုန်း လောက်သာ ဥပဒေအရ ခံစားခွင့်ရှိတဲ့ နစ်နာကြေးတွေရရှိကြတယ်လို့ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေး ရာအဖွဲ့(ILO)ကထုတ်ပြန်ပါတယ်။  မြန်မာနိုင်ငံအတွင်း လုပ်ငန်းခွင်အခြေအနေနဲ့ပတ်သက်လို့ ILOကကောက်ယူခဲ့တဲ့စစ်တမ်းကို ထုတ်ပြန်လိုက် တာဖြစ်ပြီး အာဏာသိမ်းပြီးနောက် အလုပ်ထုတ်ခံရမူတွေ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကလေးနယ် တိုက်ပွဲမှာ စစ်ကောင်စီဘက်က ငါးဦးသေဆုံးပြီးသေနတ်တလက်ရတယ်လို့ ပကဖပြော

    သြဂုတ် ၊ ၁၂ စစ်ကိုင်းတိုင်း ကလေးမြို့တောင်ပိုင်းကျေးရွာတွေနားမှာ မနေ့ကဖြစ်ခဲ့တဲ့တိုက်ပွဲအတွင်းစစ်ကောင်စီဘက်က ငါးဦးသေဆုံးပြီး သေနတ်တလက်ကို သိမ်းဆည်းရရှိထားတယ်လို့ ကလေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်တဦးကDNA ကို ပြောပါတယ်။ “ဒီကနေ့ မနက်ပိုင်းအထိ စကစဘက်က လက်နက်ကြီးတွေနဲ့ ထုနေတာရှိသေးတယ်၊ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကရင့်လက်နက်ကိုင်တွေပြန်လည်စုစည်းဖို့ KNU ဥက္ကဌတိုက်တွန်း

  သြဂုတ် ၊ ၁၂ ကရင့်လက်နက်ကိုင်အစုအဖွဲ့အားလုံးအနေနဲ့ ကရင့်အမျိုးသားရည်မှန်းချက်တွေအောင်မြင်ရေးအတွက် တခု တည်းသော ရည်မှန်းချက်အောက်မှာ ပြန်လည်စုစည်းကြိုးပမ်းအားထုတ်ကြဖို့ KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်း က တိုက်တွန်းပြောဆိုလိုက်ပါတယ်။ ဒီကနေ့ ကျရောက်တဲ့ ကရင့်အမျိုးသားအာဇာနည်နေ့ အတွက် မိန့်ခွန်းမှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

နိုက်ဂျား စစ်အာဏာသိမ်းမှုအပေါ် စစ်ရေးအရ မတုံ့ပြန်ဖို့ ဒေသတွင်း နိုင်ငံတွေကို ရုရှား သတိပေး

သြဂုတ် ၊ ၁၂ နိုက်ဂျားမှာ ဖြစ်ပွားခဲ့တဲ့ စစ်အာဏာသိမ်းမှုကို ဒေသတွင်း အာဖရိက နိုင်ငံတွေက စစ်အင်အားသုံးပြီး တုံ့ပြန် စွက်ဖက်တာမျိုး မလုပ်ဖို့ ရုရှားက သတိပေး ပြောကြားလိုက်ပါတယ်။ နိုက်ဂျားမှာ အာဏာသိမ်း စစ်တပ်က အရပ်သား [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဧရာဝတီတိုင်းရဲ့ တည်ငြိမ်မှုကို အသိအမှတ်ပြုတယ်လို့ စစ်ခေါင်းဆောင်ထပ်မံပြောဆိုပြန်

သြဂုတ် ၊ ၁၂ ဧရာဝတီတိုင်းဟာ စီးပွား၊ပညာရေး၊ကျန်းမာရေး၊တည်ငြိမ်ရေးကစလို့ ဘက်ပေါင်းစုံ ကောင်းမွန်တဲ့ အခြေအနေ မှာရှိနေတာကြောင့်ဆောင်ရွက်ချက်တွေအားလုံးကိုအသိအမှတ်ပြုအားပေးတယ်လို့အာဏာသိမ်းစစ်ခေါင်း ဆောင် မင်းအောင်လှိုင်က ထပ်မံပြောဆိုလာပါတယ်။ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ မနေ့က ညနေပိုင်းမှာ ပုသိမ်မြို့ကိုသွားရောက်ခဲ့ပြီး မြို့မိ၊မြို့ဖတွေနဲ့တွေ့ဆုံခဲ့ တယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့နိုင်ငံပိုင်မီဒီယာတွေကဖော်ပြပါတယ်။ အာဏာသိမ်းပြီးနောက် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ဟာဝိုင်ယီပြည်နယ် သမိုင်းမှာ အသေအပျောက် အများဆုံး သဘာဝ ကပ်ဘေးဖြစ်လာတဲ့ တောမီး

သြဂုတ် ၊ ၁၂ ဟာဝိုင်ယီမှာ တောမီးလောင်ကျွမ်းမှုတွေကြောင့် သေဆုံးသူ ၇၀ နီးပါးထိ ရှိလာပြီး အမေရိကန်ပိုင် ကျွန်းစုပြည်နယ် သမိုင်းတလျှောက် အဆိုးဆုံး သဘာဝ ကပ်ဘေးအဖြစ် မှတ်တမ်း ဝင်လာပါတယ်။ ဩဂုတ် ၁၁ ရက် [ဆက်လက်ဖတ်ရှုရန်]

ဆောင်းပါး

အာဏာသိမ်း စစ်တပ်က အခင်းအကျင်းသစ်တွေ ကြံစည်နေသလား

သြဂုတ် ၊ ၁၂ အမျိုးမျိုးသော တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ နေရာစုံမှာ ကာလရှည်ကြာ စစ်ခင်းတိုက်ခိုက်ရင်း ရုန်းကန်နေရတဲ့နောက် အာဏာသိမ်း မြန်မာ စစ်ဗိုလ်ချုပ်တွေရဲ့ လက်ရှိ လုပ်ဆောင်ချက် တချို့က ပြေရာပြေကြောင်း ညှိနှိုင်းဖို့ လေချိုသွေးတာမျိုး ရှိလာသလား၊ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တောင်ကုတ်မှာ လုယက်၊ လူသတ်မှု ကျူးလွန်သူ စစ်ကောင်စီတပ်သားကို ရဲကဖမ်းမိပေမယ့် ပြန်လွှတ်

သြဂုတ်၊ ၁၁   ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ခံ အမျိုးသားတဦးကို စစ်ကောင်စီတပ်သားတဦးက လုယက်သတ်ဖြတ်ခဲ့ပြီး အဲဒီတပ်သားကို ရဲက ဖမ်းမိပြီးနောက် သက်ဆိုင်ရာတပ်ကို ပြန်လွှဲပေးလိုက်တယ်လို့ မြို့ခံတွေနဲ့ ရဲစခန်းနဲ့ နီးစပ်သူတွေက DNA ကိုပြောပါတယ်။   တောင်ကုတ်မြို့ [ဆက်လက်ဖတ်ရှုရန်]

စီးပွားရေးကဏ္ဍ

ဒေါ်လာဈေးနဲဲ့ အတူ စက်သုံးဆီ တလီတာကို ကျပ်တရာကျော် မြင့်တက်

သြဂုတ်၊ ၁၁   ကျပ်ငွေတန်ဖိုး ကျဆင်းမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေပြီး ဒေါ်လာဈေးတွေ မြင့်တတ်လာတာကြောင့် စက်သုံးဆီ တလီတာကို တရက်အတွင်း တရာကျော် မြင့်တက်ခဲ့တယ်လို့ ရန်ကုန်မြို့က စက်သုံးဆီရောင်းဝယ်နေသူတွေနဲ့ အငှားယာဉ်မောင်းတွေဆီက သိရပါတယ်။   ပြည်တွင်းစက်သုံးဆီဈေးနှုန်းမှာ ပြီးခဲ့တဲ့ဇူလိုင်လကုန်ပိုင်းကနေ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တလိုင်းရွာ လေကြောင်းတိုက်ခိုက်မှု ရှစ်လသား ကလေးငယ်အပါအဝင် သေဆုံးသူ ငါးဦးအထိရှိလာ

သြဂုတ်၊ ၁၁   စစ်ကိုင်းမြို့၊ တလိုင်းရွာမှာ ဒီကနေ့ ဩဂုတ်လ ၁၁ ရက်မနက်အစောပိုင်းမှာ ဖြစ်ခဲ့တဲ့ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် အသက်ရှစ်လအရွယ် ကလေးငယ်အပါအဝင်သေဆုံးသူ ငါးဦးအထိ ရှိလာပြီလို့ မြေပြင်သတင်းးရင်းအမြစ်တွေက ပြောပါတယ်။   ” လောလောဆယ် [ဆက်လက်ဖတ်ရှုရန်]