ဒေသအလိုက် သတင်းကဏ္ဍ

ဖားကန့်မှာ မြေစာပုံပြိုကျပြီး ရေမဆေးကျောက်ရှာဖွေသူ နှစ်ဆယ်ကျော်ပျောက်ဆုံးနေ

သြဂုတ်၊ ၁၃   ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ အေးမြသာယာအုပ်စု၊ မနမှော်မှာ သြဂုတ်လ ၁၃ ရက် ဒီကနေ့ ညနေပိုင်းက မြေစာပုံ ပြိုကျမှု ဖြစ်ပွားခဲ့ပြီး ရေမဆေးကျောက်ရှာဖွေသူ နှစ်ဆယ် နီးပါးနဲ့အထက် ပျောက်ဆုံးနေတယ်လို့ လူမူကူညီရေး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ထားဝယ်သပိတ်ခေါင်းဆောင်ရဲ့ ဖခင်ကို ဖမ်းဆီးပြီး နှစ်လနီးပါးအကြာမှာ ပုဒ်မ ၅၀၅(က)နဲ့ တရားစွဲ

သြဂုတ်၊ ၁၃   စစ်ကောင်စီတပ်က နှစ်လနီးပါးကြာ ဖမ်းဆီးထားတဲ့ ထားဝယ်ခရိုင် သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးရဲ့ ဖခင်ဖြစ်သူ ဦးအောင်ဖေကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က)နဲ့ တရားစွဲဆိုလိုက်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။   ” ၅၀၅(က)နဲ့ အမှုဖွင့်လိုက်တယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဘုတလင်မှာ တိုက်ပွဲဖြစ်ပွားပြီး PDF သုံးဦးကျဆုံး၊ ငါးဦးဒဏ်ရာရ

သြဂုတ်၊ ၁၃   စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့မှာ သြဂုတ်လ ၁၂ ရက် မနေ့က စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ် (PDF) သုံးဦးကျဆုံးခဲ့ကာ ငါးဦးဒဏ်ရာရခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်တဲ့ ဒေသခံတွေဆီက သိရပါတယ်။   [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကော့သောင်းလေဆိပ်မှာ နယ်ခံမဟုတ်တဲ့ ခရီးသွားတွေကို လမ်းရှင်းကြေးဆိုပြီး ကျပ်နှစ်သိန်းနီးပါးတောင်းခံ

သြဂုတ်၊ ၁၃ တနင်္သာရီတိုင်း၊ ကော့သောင်းမြို့က လေဆိပ်မှာ ကော့သောင်းဒေသခံမဟုတ်တဲ့ ခရီးသည်တွေက စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့ဝင်တွေကို လမ်းရှင်းကြေးဆိုပြီး ပိုက်ဆံတသိန်းခွဲကနေ နှစ်သိန်းကြား ပုံမှန်ပေးနေရတယ်လို့ သိရပါတယ်။ “လေယာဉ်ဆင်းတာနဲ့ မှတ်ပုံတင်တွေ ပေးရတယ်လေ။ လဝက ကို၊ အဲမှာသူတို့ကြည့်ပြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဖြူးမြို့မှာ တိုက်ပွဲမရှိဘဲ နှစ်ရက်ဆက်လက်နက်ကြီးနဲ့ပစ်လို့ တဦးဒဏ်ရာရ၊နေအိမ်တချို့ပျက်စီး

သြဂုတ်၊ ၁၃ ပဲခူးတိုင်း ဖြူးမြို့နယ်၊ ရှားပင်ချောင်ကျေးရွာနဲ့ အနီးတဝိုက်ကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက်လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေတာကြောင့် ဒေသခံတဦး ဒဏ်ရာရပြီးနေအိမ်တချို့ထိခိုက်ပျက်ဆီးသွားတယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။ “ မနေ့ကတော့ ရွာသားတဦးထိသွားတာပေါ့ ဒီကနေ့ကတော့ လောလောဆယ်ရရှိတဲ့ သတင်းအရတော့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မောင်တောမှာ ဒေသခံနှစ်ဦးကို လက်နက်ကိုင်တစုဖမ်းဆီးပြီးကားကိုမီးရှို့

သြဂုတ် ၊ ၁၃ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း ကြိမ်ချောင်းတပ်ရင်းဗျူဟာအနီးမှာ မနေ့က ဩဂုတ်လ ၁၂ ရက်က လက်နက်ကိုင်လူတစုက ဒေသခံသားအဖနှစ်ဦး ဖမ်းဆီးခေါ်ဆောင်သွားပြီး စီးလာတဲ့ကားကိုပါမီးရှို့ခဲ့တဲ့ဖြစ်စဉ်ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့ညနေ ၆ နာရီ၀န်းကျင်လောက်မှာ ကြိမ်ချောင်းနဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ထားဝယ် အထူးစီးပွားရေးဇုန်အနီးက ဒေသခံငါးဆယ်ခန့်ကို လူသားဒိုင်းလုပ်ပြီး စစ်ကြောင်းထိုးနေ

သြဂုတ် ၊ ၁၃ ထားဝယ်အထူးစီးပွားရေးဇုန်ရှိရာ တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ နဘုလယ်ဒေသမှာ စစ်ကောင်စီတပ်က ဒေသခံတွေကို လူသားဒိုင်းအနေနဲ့ ဖမ်းဆီးခေါ်ဆောင်ကာ သြဂုတ်လ ၈ ရက်နေ့ကနေ ဒီကနေ့ ၁၃ ရက်အထိ ခြောက်ရက်ကြာ စစ်ကြောင်းထိုးသွားလာနေတယ်လို့ ဒေသခံတွေက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လက်ပံတန်းမှာ စရဖ သတင်းပေးဆိုသူ အမျိုးသားတဦး ပစ်ခတ်ခံရပြီး သေဆုံး

သြဂုတ် ၊ ၁၃ ပဲခူးတိုင်းအနောက်ခြမ်း၊ လက်ပံတန်းမြို့ပေါ်မှာ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ )သတင်းပေးဆိုသူ အမျိုးသားတဦး ကို သြဂုတ်လ  ၁၂ ရက်၊မနက် ၉ နာရီခန့်မှာ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။ “ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဘုတလင်မှာစစ်ကောင်စီတပ်က ဖမ်းဆီးထားသူကိုးဦး ထဲက PDFနှစ်ဦးကို ပစ်သတ်ခဲ့

သြဂုတ် ၊ ၁၃ စစ်ကိုင်းတိုင်း၊ဘုတလင်မြို့နယ်မှာ ပြီးခဲ့တဲ့ သြဂုတ်လ ၉ ရက်က  စစ်ကောင်စီ စစ်ကြောင်းက ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဓားစားခံကို ဦးထဲက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်( PDF) နှစ်ဦးကို ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ “ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လားရှိုးမြို့မှာစစ်ကောင်စီတပ်နဲ့ TNLA တပ်တို့ လေးရက်ဆက် တိုက်ပွဲဖြစ်ပြီး စစ်ရေးတင်းမာနေဆဲ

သြဂုတ် ၊ ၁၃ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့တွေနဲ့ တအာင်းအမျိုးသားတပ်မတော် (TNLA) တပ်ဖွဲ့တွေကြား လေးရက်ဆက်တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့  TNLA သတင်းပြန်ကြားရေးတာဝန်ခံအမျိုးသမီး တဦးက DNA ကိုပြောပါတယ်။ “ အဓိကတော့ ထိုးစစ်ပေါ့နော်။ တအာင်းတပ်တွေရှိတဲ့နေရာကို သူတို့ [ဆက်လက်ဖတ်ရှုရန်]