နိုင်ငံရေး

တော်လှန်ရေး အားကောင်းတဲ့ဒေသတွေက လူငယ်တချို့ နိုင်ငံကူးလက်မှတ်လုပ်ရာမှာ ဖမ်းဆီးငွေညှစ်ခံ ရတာတွေ ရှိနေ

သြဂုတ် ၊ ၁၇ အာဏာသိမ်းစစ်ကောင်စီကို လက်နက်ကိုင်ခုခံတော်လှန်မှုအားကောင်းရာဒေသတွေက လူငယ်တွေ ပြည်ပမှာ အ လုပ်သွားလုပ်ဖို့အတွက် နိုင်ငံကူးလက်မှတ်ပြုလုပ်ချိန်မှာ ဖမ်းဆီးခံရတာနဲ့ငွေညှစ်ခံတာတွေရှိနေတယ်လို့ ပြည် ပအလုပ်အကိုင်အသိုင်းအဝိုင်းကပြောပါတယ်။ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှာ နိူင်ငံကူးလက်မှတ်လျှောက်ထားရာမှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ မှာပါဝင်နေသူတွေနဲ့နာမည်တူ၊ဒေသတူလူငယ်တွေကို စောင့်ကြည့်ပြီးဖမ်းဆီးထိန်းသိမ်းစစ်ဆေးတာ၊ငွေပေးမှ ပြန် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပြည်တွင်းဒေသ အများစု တည်ငြိမ်နေပြီလို့ စစ်ခေါင်းဆောင်က ရုရှား နိုင်ငံမှာလုပ်တဲ့ လုံခြုံရေးညီလာခံမှာပြော

သြဂုတ် ၊ ၁၇ ပြည်တွင်းတည်ငြိမ်ရေး ဆက်လက်လုပ်ဆောင်ဖို့လိုအပ်ပြီး သာမန်အခြေအနေမဖြစ်သေးဘူးလို့ဆိုကာ မကြာ သေးခင်ကမှ အရေးပေါ်သက်တမ်းထပ်တိုးခဲ့ပေမယ့် ရုရှားနိုင်ငံမှာလုပ်တဲ့ လုံခြုံရေး ညီလာခံမှာတော့စစ်ခေါင်း ဆောင်မင်းအောင်လှိုင်က ပြည်တွင်းဒေသအများစု တည်ငြိမ်နေပြီလို့ ပြောပြန်ပါတယ်။ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ရုရှားနိုင်ငံမှာ ဩဂုတ်၁၅ ရက်က [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ငါန်းဇွန်မှာ စစ်တပ်က မီးရှို့လို့ နေအိမ်ခြောက်ဆယ်ခန့်ဆုံးရှုံး၊ ဒေသခံသုံးထောင်ကျော် စစ်ရှောင်နေရ

သြဂုတ် ၊ ၁၇ မန္တလေးတိုင်း၊ငါန်းဇွန်မြို့နယ် ၊အောင်သုခကျေးရွာကို သြဂုတ်လ ၁၆ ရက်၊ မနက် ၅ နာရီခန့်မှာ တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီတပ်က မီးရှို့ခဲ့တာကြောင့် နေအိမ် အလုံး ခြောက်ဆယ်ခန့် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ဒေသခံ ကာကွယ်‌ရေး တပ်ဖွဲ့တွေဆီက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ထိုင်းဝန်ကြီးချုပ်သစ်ကို လာမယ့်သီတင်းပတ် လွှတ်တော်မှာ မဲပေးရွေးချယ်ဖို့ စီစဉ်

သြဂုတ် ၊ ၁၇ ရွေးကောက်ပွဲမှာ မဲအများဆုံး ရခဲ့တဲ့ Move Forward ပါတီ (MFP)က ပါတီခေါင်းဆောင် ပီတာ လင်ဂျာရွန်ရတ်ကို ဝန်ကြီးချုပ်နေရာ အဆိုပြုပိုင်ခွင့်အတွက် အယူခံထားတာကို ထိုင်းအခြေခံ ဥပဒေ ခုံရုံးက ပယ်ချလိုက်ပြီး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တော်လှန်ရေးမအောင်မြင်ရင် သားစဉ်မြေးဆက် ကျွန်လို ရုန်းကန်ရလိမ့်မယ်လို့ ကရင်နီပြည်တပ်မတော် စစ်ဦးစီးချုပ်ပြော

သြဂုတ် ၊ ၁၇ တော်လှန်ရေး မအောင်မြင်ပါက သားစဉ်မျိုးဆက် ခုနစ်ဆက် ကျွန်လိုရုန်းကန်ကြရမှာဖြစ်ကြောင်း အတတ် ပြောနိုင်တယ်လို့ ကရင်နီပြည်တပ်မတော် (KA/KNDF)ရဲ့စစ်ဦးစီးချုပ် ဗိုလ်ချုပ်အောင်မြတ်က ပြောဆိုလိုက် ပါတယ်။ ဒီကနေ့ကျရောက်တဲ့ ၇၅နှစ်မြောက် ကရင်နီတပ်မတော်နေ့ အတွက် အမှာစကားမှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြောက်ယမားချောင်းထဲမှာ စစ်ကောင်စီတပ်လက်ချက်နဲ့သေဆုံးတဲ့ အလောင်းခုနှစ်လောင်းတွေ့

သြဂုတ် ၊ ၁၇ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ် ၊မြောက်ယမားချောင်းထဲမှာ စစ်ကောင်စီတပ်က သတ်ဖြတ်ပြီးစွန့်ပစ်သွားတဲ့အလောင်း ခုနှစ်လောင်းထက်မနည်းကို သြဂုတ်လ ၁၆ ရက်က တွေ့ရှိခဲ့တယ်လို့ ဒေသခံတော်လှန်ရေးအင်အားစုတွေကပြောကြပါတယ်။ “ မနေ့က ကျွန်တော်တို့ဆီ မက်ဆေ့ လှမ်းပို့တာတော့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရေဖြူမှာ တလကျော်အတွင်း စစ်ဘေးရှောင် ရှစ်ထောင်နီးပါး တိုးလာ

သြဂုတ် ၊ ၁၇ တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်အတွင်းမှာ တလကျော်အတွင်း စစ်ဘေးရှောင်ဦးရေ ရှစ်ထောင်နီးပါး တိုးလာတယ်လို့ ဒေါနတနင်္သာရီ စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန်လအကုန်မှာ ရေဖြူမြို့နယ်အတွင်း စစ်ရှောင်ဦးရေ ငါးဆယ်ကျော်လောက်သာ ရှိခဲ့ရာကနေ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လက်ခတ်တောင်တိုက်ပွဲမှာ လက်နက်မျိုးစုံ တဒါဇင်ကျော်ထပ်ရခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းအသိပေး

ဩဂုတ်၊ ၁၆ ကရင်ပြည်နယ်၊ မြဝတီမြို့နယ် လက်ခတ်တောင်တာဝါကုန်းမှာ မနေ့က ဖြစ်ခဲ့တဲ့တိုက်ပွဲအတွင်း စစ်ကောင်စီ ဘက်က ထိခိုက်သေဆုံးမှုများပြီး လက်နက်မျိုးစုံ ၁၃လက်နဲ့ ခဲယမ်းအများအပြားသိမ်းဆည်းရရှိခဲ့တယ်လို့ ကော် ဘရာစစ်ကြောင်းက ဒီကနေ့ထုတ်ပြန်ပါတယ်။ တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ လက်ခတ်တောင်ကိုပြန်ရဖို့အတွက်စစ်ကောင်စီက မနေ့ကမနက် သုံးနာရီလောက်ကစလို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တနင်္သာရီတိုင်း လုံ/နယ် ဝန်ကြီးအဖြစ် စစ်တက္ကသိုလ်နည်းပြအရာရှိချုပ်ကိုခန့်အပ်

ဩဂုတ်၊ ၁၆ စစ်ကောင်စီလက်အောက်ခံ တနင်္သာရီတိုင်းအစိုးရအဖွဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးအဖြစ် စစ်တက္ကသိုလ်နည်းပြအရာရှိချုပ်ဖြစ်သူ ဗိုလ်မှူးကြီး မင်းမင်းလတ်အား အစားထိုးခန့်အပ်ကြောင်း စစ်ကောင်စီက သြဂုတ်လ ၁၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ တနင်္သာရီတိုင်းမှာ စစ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်ကောင်စီဖမ်းသွားတဲ့ ချဲထီရောင်းသူတဦး အကြမ်းဖက်ပုဒ်မနဲ့ပါအမှုဖွင့်ခံရ

ဩဂုတ်၊ ၁၆ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ နှစ်လုံးချဲထီရောင်းနေသူတဦးကို စစ်ကောင်စီတပ်ဖွဲ့တွေကဖမ်းဆီးပြီးနောက် တော်လှန်ရေးအင်အားစုတွေကို ထောက်ပံ့နေကြောင်း စစ်ဆေးတွေ့ရှိတယ်ဆိုကာ အကြမ်းဖက်ဥပဒေနဲ့ပါအမှုဖွင့် အရေးယူထားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေကပြောပါတယ်။ “ဖုန်းထဲ စစ်တော့ PDF တွေကို စကားပြောထားတယ်၊ ထောက်ပံ့မှုတွေ လုပ်နေတယ်ဆိုပြီးတော့ [ဆက်လက်ဖတ်ရှုရန်]