နိုင်ငံရေး

ရေဦးက ပေါ်တူဂီနွယ်ဖွားအများစုနေထိုင်တဲ့ရွာ အထက်တန်းကျောင်းကို စစ်ကောင်စီတပ် ငါးကြိမ်မြောက်မီးရှို့ပြန်

  မေ၊​ ၄   စစ်ကိုင်းတိုင်း၊ရေဦးမြို့နယ်ထဲက ပေါ်တူဂီနွယ်ဖွားအများစု နေထိုင်တဲ့ ချမ်းသာရွာ အထက်တန်းကျောင်းကို စစ်ကောင်စီတပ်တွေက ဒီကနေ့မနက်ပိုင်းမှာပဲ မိုင်းခွဲမီးရှို့ဖျက်ဆီးခဲ့ပြီး ဒီတကြိမ်ဟာ ငါးကြိမ်မြောက်ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။   ” ထန်းပင်ကုန်းရွာကနေ ချမ်းသာရွာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဂန့်ဂေါမြို့နယ်၊ မင်းရွာရဲစခန်းကရဲနှစ်ဦး မြစ်ထဲရေချိုးအဆင်းမှာ ပစ်ခတ်ခံရပြီးသေဆုံး

မေ၊ ၄ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တောင်ပိုင်း မင်းရွာရဲစခန်းက ရဲနှစ်ဦးဟာ မေ ၃ ရက်၊ မနေ့ကညနေပိုင်းမှာ မြစ်သာမြစ်ထဲကိုရေချိုးဆင်းစဥ်မှာ ပစ်ခတ်ခံရပြီးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ” ဘယ်လိုပစ်ခတ်သွားတယ်ဆိုတာတော့ အတိအကျမသိဘူးဗျ။စနိုက်ဘာနဲ့အပစ်ခံရတာဖြစ်ဖို့များပါတယ်။ ရဲနှစ်ယောက်သေလို့ ဂန့်ဂေါကနေဒီနေ့ထွက်တဲ့စစ်ကြောင်းက မင်းရွာအရောက်သွားမယ်လို့ခန့်မှန်းနေကြတယ်” လို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

သတင်းလွတ်လပ်ခွင့် အခြေအနေအဆိုးဆုံး ရှစ်နိုင်ငံထဲ မြန်မာပါဝင်

မေ၊ ၄ နှစ်စဉ် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့မှာ ထုတ်ပြန်နေတဲ့ ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ သတင်းလွတ်လပ်ခွင့် အဆင့် တွေ ကို နယ်စည်းမခြားသတင်းသမားများအဖွဲ့(RSF)က မနေ့က ထုတ်ပြန်ရာမှာ သတင်းလွတ်လပ်ခွင့်အဆိုးဆုံးနိုင်ငံ ရှစ်နိုင်ငံထဲ မြန်မာလည်းပါဝင်နေပါတယ်။ ကမ္ဘာတဝန်း နိုင်ငံပေါင်း  (၁၈၀)က သတင်းလွတ်လပ်ခွင့်ရရှိမှုအခြေအနေတွေကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မူကြောင့် ဗန်တလန်ရွာက လူနေအိမ် ၁၅လုံး ပျက်စီး

  မေ၊ ၄ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဗန်တလန်ကျေးရွာကို မေလ ၂ရက်နေ့က ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လူနေအိမ် ၁၅လုံး ပျက်စီးခဲ့တယ်လို့ သတင်းရင်းမြစ်တွေဆီကသိရပါတယ်။ ” လူထိခိုက်တာမျိုးတော့မရှိဘူး။ ဂန့်ဂေါဘက်ကနေ စစ်ကြောင်းလာတယ်ဆိုကတည်းက ရွာကလူတွေကရှောင်နေကြတာ” [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကျပ်ဘီလီဘံချီလုယက်ဓားပြတိုက်မှုတွေကျူးလွန်ခဲ့ပြီး လူကိုးဦးသတ်ခဲ့တယ်လို့ဆိုသူလေးဦးကို MNDAAက သေဒဏ်ပေး

မေ၊ ၄ ရှမ်းပြည်နယ် လားရှို့မြို့နဲ့ အနီးတဝိုက်မှာ လူကိုးဦးသတ်ဖြတ်ခဲ့ပြီး လုယက်၊ဓားပြတိုက်၊ပြန်ပေးဆွဲမှု(၂၅)မှုအထိ ကျူး လွန် ခဲ့တဲ့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင်တဦးအပါအဝင် လေးဦးကို သေဒဏ်ချမှတ် ခဲ့တယ် လို့ ကိုး ကန့်လက်နက်ကိုင်တပ် (MNDAA)က  ဒီကနေ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

နေ​ပြည်တော်ရှိ ရဲကင်းဂိတ် ဗုံးထုတိုက်ခိုက်ခံရ

မေ၊ ၄ နေပြည်တော်ရှိ ရဲကင်းဂိတ်ကို မနေ့ကညပိုင်းက ဗုံးထုပြီး သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ အဲဒီပစ်ခတ်မှုကို လုပ်ဆောင်တဲ့ စစ်တောင်းမြို့ပြ ပြောက်ကျား အဖွဲ့ (နေပြည်တော်) က ပြန်ကြားရေး တာဝန်ခံ ဗိုလ်ထရယ်ဂွန်က DNA [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

မီးဖွားပြီး ရက်ပိုင်းအတွင်း ထိုင်းရွေးကောက်ပွဲကြို မဲဆွယ်မှုတွေ ပြန်စမယ်လို့ သက်ဆင်ရဲ့သမီးဆို

မေ၊ ၄ မီးဖွားထားပြီး ရက်ပိုင်း အကြာမှာပဲ ရွေးကောက်ပွဲ မဲဆွယ်မှုတွေ ဆက်လက် လုပ်ဆောင်သွားမယ်လို့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝပ်ထရာရဲ့ သမီးဖြစ်သူက ပြောကြားခဲ့ပါတယ်။  အသက် ၃၆ နှစ်ရွယ် ပေတွန်တန် ရှီနာဝပ်ထရာဟာ အခုလလယ်မှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ပိုပူပြင်းလာမယ့် ရာသီဥတုအတွက် ပြင်ဆင်ထားဖို့ ကုလသမဂ္ဂ သတိပေး

မေ၊ ၄ ကမ္ဘာ့နိုင်ငံ အသီးသီး အနေနဲ့ စံချိန်တင် ပူပြင်းလာမယ့် ရာသီဥတုမျိုးအတွက် တုံ့ပြန် စီမံနိုင်အောင် ကြိုတင် ပြင်ဆင်ထားသင့်ကြောင်း ကုလသမဂ္ဂက သတိပေး အကြံပြုသွားခဲ့ပါတယ်။  ကမ္ဘာကြီးဟာ အယ်လ်နီညို အပူလှိုင်းဖြတ်မှုနဲ့ ကြုံနိုင်ခြေ မြင့်မြင့်မားမား [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စဉ့်ကူး၊ထုံးကြီးရွာက ညောင်ရေသွန်းပွဲနဲ့ ညတရားပွဲ စခန်းမှူးက ဖျက်သိမ်းခိုင်းလို့ပွဲပျက်

မေ၊ ၄ မန္တလေးတိုင်း၊စဥ့်ကူးမြို့နယ်ထဲက၊ထုံးကြီးရွာမှာမနေ့ကပြုလုပ်ဖို့စီစဥ်နေတဲ့ကဆုန်လပြည့်နေ့ညောင်ရေသွန်းပွဲနဲ့ညတရားသဘင်ပွဲကိုစစ်ကောင်စီလက်အောက်ခံရဲစခန်းမှူးနဲ့ပျူစောထီးခေါင်းဆောင်တွေကလာရောက်တားမြစ်တာကြောင့် ပွဲပျက်ခဲ့ရတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။  မနေ့ကထုံကြီးရွာဦးစေတီမှာပြုလုပ်မယ့် ကဆုန်ညောင်ရည်သွန်းပွဲနဲ့ ညတရားပွဲအစီအစဥ်ကို လူစုလူ ဝေးဖြစ် တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ထုံးကြီးရဲစခန်းကစခန်းမှူး၊တောင်အင်းရွာ၊ရေတော်ရွာတို့ကပျူစောထီးခေါင်းဆောင်တွေလာရောက်ပြီး မလုပ်ဖို့တားမြစ်ခဲ့တာလို့ဆိုပါတယ်။ “မနေ့ကပွဲကတော့ပျက်သွားတာပေါ့၊အကုန်စီစဥ်ပြီးမှ၊မနက်ပိုင်းရောက်ချလာတာရွာကအကျိုးတော်ဆောင်တွေဆီတိုက်ရိုက်လာပြောတာပေါ့၊အကြောင်းပြချက်ကတော့လူစုလူဝေးဖြစ်မယ်ဘာညာပေါ့၊စခန်းမှူး သောင်းထိုက်ဦးပါတယ်၊တောင်အင်းနဲ့ရေတော်ရွာကပျူစောထီးခေါင်းဆောင်နှစ်ယောက်ပါတယ်”လို့ဒေသခံတဦးက DNA ကိုပြောပါတယ်။ ဒါပေမယ်အအခုလိုပိတ်ပင်တာဟာသူတို့စခန်းကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဝင်ရောက်တိုက်ခိုက်လာမှာကိုစိုးရိမ်နေတာနဲ့ဆက်နွယ်နေတယ်လို့လည်းဒေသခံတွေကယူဆကြပါတယ်။  “အကြောင်းပြချက်မရှိဘူး၊သက်သက်ကိုပိတ်ပင်တာ၊ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ကောင်စီက ဖမ်းဆီးသွားပြီးနောက် အသတ်ခံရသူ တထောင့်နှစ်ရာဝန်းကျင်အထိရှိလာ

မေ၊ ၄ အာဏာသိမ်းပြီးချိန်ကစလို့ ပြီးခဲ့တဲ့ ဧပြီလကုန်အထိ နှစ်နှစ်ကျော်အတွင်း စစ်ကောင်စီကဖမ်းဆီးသွားပြီးနောက် သတ်ဖြတ်ခံရသူ (၁၁၆၃)ဦးအထိ ရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့အချက်အလက်တွေအရသိရပါတယ်။  “အကြမ်းဖက်စစ်အုပ်စုက သူတို့ကို တော်လှန်ပုန်ကန်တဲ့သူတွေကို မတရားဖမ်းဆီးပြီး စစ်ကြောရေးစခန်းတွေမှာ သတ်ဖြတ်တာတွေကျူးလွန်လျက်ရှိပါတယ်၊ဒီလုပ်ရပ်က [ဆက်လက်ဖတ်ရှုရန်]