နိုင်ငံရေး

ဒီချုပ်အမတ် ဒေါ်ဝင်းမြမြရက်စေ့လို့ အိုးဘိုထောင်ကလွတ်ပြီ

မေ၊ ၁၂ မန္တလေးတိုင်း၊စဉ့်ကိုင်မြို့နယ်ပြည်သူ့လွှတ်တော်နေးာအတွက် အနိုင်ရ ဒီချုပ်ပါတီကိုယ်စားလှယ် ဒေါ်ဝင်းမြမြဟာ မေလ ၁၂ရက် ဒီကနေ့မနက်မှာ ရက်စေ့လို့အိုးဘိုထောင်ကလွတ်လာတယ်လို့မိသားစုနဲ့နီးစပ်သူတွေကပြောပါတယ် “ဖွားဖွား(ဒေါ်ဝင်းမြမြ)လွတ်တာဟုတ်ပါတယ်။ ကျန်းမာရေးလည်းကောင်းပါတယ်”လို့ မိသားစုနဲ့နီးစပ်သူတဦးကပြောပါတယ်။ အသက် ၇၄ နှစ်အရွယ် အစ္စလာမ်ဘာသာဝင်ဒေါ်ဝင်းမြမြကို စစ်အာဏာသိမ်းပြီး ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလကုန်ခါနီးမှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မန္တလေးမှာလည်း မုန်တိုင်းအတွက် အရေးပေါ်တုံံ့ပြန်ကူညီပေးနိုင်ဖို့ လူမူရေးအဖွဲ့တွေ ပြင်ဆင်ထား

မေ၊ ၁၂ ဘင်္ဂလား ပင်လယ်အော်အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အားကောင်းသောဆိုင်ကလုန်း မုန်တိုင်း( Severe Cyclonic Storm) “မိုခါ(MOCHA)” ရဲ့အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းမှုတွေ ဖြစ်နိုင်တဲ့ မန္တလေးမြို့မှာလည်း မုန်တိုင်နဲ့ ပက်သက်ပြီး အရေးပေါ်တုံပြန်ကူညီမှုတွေ ပေးနိုင်ဖို့ သက်ဆိုင်ရာလူမူရေးအသင်းတွေက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

Mpox ကျောက်ရောဂါကို နိုင်ငံတကာ ကျန်းမာရေး အရေးပေါ် အခြေအနေ ကြေညာထားမှုကနေ WHO ပြန်ရုပ်သိမ်း (Text)

မေ၊ ၁၂ Mpox ကျောက်ရောဂါကို နိုင်ငံတကာ ကျန်းမာရေးဆိုင်ရာ အရေးပေါ် ပြဿနာအဖြစ် သတ်မှတ်ထားမှုကို ရုပ်သိမ်းကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး (WHO)က ကြေညာခဲ့ပါတယ်။  အစောပိုင်းမှာ မျောက်ကျောက် (Monkeypox)လို့ ခေါ်ဝေါ်တဲ့ ကျောက်ရောဂါဟာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မိုခါ ဆိုင်ကလုန်းမုန်တိုင်း စစ်တွေမြို့နဲ့ ရေမိုင်ငါးရာနီးပါးအကွာပင်လယ်ပြင်ကိုဗဟိုပြုနေ

မေ၊ ၁၂ အလွန်အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”(MOCHA)ဟာ စစ်တွေမြို့ရဲ့ တောင်-အနောက်တောင်ဘက် ရေမိုင် (၄၉၅)မိုင်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒဌာနက ဒီက နေ့ မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။ အဲ့ဒီမုန်တိုင်းဟာ မေလ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

တိုးတက်မှုတွေ ရှိမလာလည်း မြန်မာ့အရေး ကူညီဖြေရှင်းမှုကို အာဆီယံ လက်မလျှော့ဘူးလို့ဆို

မေ၊ ၁၂ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ကူညီ ဖြေရှင်းဖို့ အာဆီယံရဲ့ ကြိုးစား အားထုတ်မှုမှာ ဘာတိုးတက်မှုမှ ရှိမလာသေးရင်တောင် လုံးဝ လက်လျှော့မှာ မဟုတ်ဘူးလို့ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။  အင်ဒိုနီးရှားဟာ အာဆီယံရဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ဖင်လန်မှာ ယာယီတံတား ကျိုးကျပြီး ကျောင်းသူကျောင်းသား နှစ်ဒါဇင်ကျော် ဒဏ်ရာရ

မေ၊ ၁၂ ဖင်လန်နိုင်ငံမှာ ယာယီထိုးထားတဲ့ တံတားတစင်း ကျိုးကျမှုကြောင့် ဆယ်ကျော်သက် ကျောင်းသူကျောင်းသား အများစု အပါအဝင် လူနှစ်ဒါဇင်ကျော် ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။  မေလ ၁၁ ရက်က မြို့တော် ဟယ်လ်ဆင်ကီးရဲ့ ဆင်ခြေဖုံးမှာရှိတဲ့ အက်စ်ပူးမြို့မှာ [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

တန်းဆင်းရမှာ ကြောက်တဲ့စိတ်နဲ့ ရုန်းကန်ဖို့လိုကြောင်း လိဒ်စ်ယူနိုက်တက်ကို မန်နေဂျာ အလာဒိုက်စ် တောင်းဆို

မေ၊ ၁၂ တန်းဆင်းရမှာကို ကြောက်ရွံ့တဲ့ စိုးရိမ်စိတ်ဟာ လိဒ်စ်ယူနိုက်တက်အတွက် အဓိက စိတ်ဓာတ်ရေးရာ မောင်းနှင်အား ဖြစ်လာဖို့ လိုတယ်လို့ မန်နေဂျာသစ် ဆမ်အလာဒိုက်စ်က ပြောကြားလိုက်ပါတယ်။  တချိန်က အင်္ဂလန်မှာ အတော်လေး ခြေစွမ်းထက်တဲ့ အသင်းကောင်းတခု ဖြစ်ခဲ့ဖူးပေမယ့် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တောင်စလုံးတိုက်ပွဲမှာကျဆုံးတဲ့ တပ်ရင်းမှူးနဲ့ တပ်စုမှူးကို စစ်အခမ်းအနားနဲ့သဂြိုဟ်

မေ၊ ၁၁   ရှမ်း-ကယားနယ်စပ်၊ ဖယ်ခုံမြို့နယ်နဲ့ ပင်လောင်းမြို့နယ်ကြားရှိ တောင်စလုံးကျေးရွာမှာ မေလ ၈ ရက်က ဖြစ်ခဲ့တဲ့ တိုက်ပွဲမှာ KNDF တပ်ရင်း-၁၁ တပ်ရင်းမှူးနဲ့ ကရင်နီတပ်ပေါင်းစု အထူးကွန်မန်ဒိုတပ်ရင်းမှ တပ်စုမှူးတို့ ကျဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကနီကစစ်ရှောင်စခန်းတခုမှာ ငါးလအတွင်း ရာသီဥတုဒဏ်ကြောင့်သေဆုံးသူ သက်ကြီးရွယ်အို ခုနှစ်ဦးရှိ

မေ၊ ၁၁   စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ စစ်ကောင်စီတပ်တွေ မီးရှို့လို့ စစ်ဘေးရှောင်နေရတဲ့ အမြဲတမ်းစစ်ရှောင်စခန်းတခုမှာ ၂၀၂၃ ခုနှစ် ငါးလအတွင်း ရာသီဥတုဒဏ်ကြောင့် နာမကျန်းဖြစ်ပြီး သေဆုံးသူ သက်ကြီးရွယ်အို ခုနှစ်ဦးအထိ ရှိလာတယ်လို့ ကနီမြို့က ဒေသခံတွေက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဂန့်ဂေါမှာ စစ်ထောက်လှမ်းတဦးပစ်သတ်ခံရအပြီး အမျိုးသမီးတဦးအပါဝင် ဒေသခံတွေဖမ်းဆီးခံရ

  မေ၊ ၁၁   မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်းရွာမှာ စစ်ထောက်လှမ်းရေးတဦးကို ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုက ဒီကနေ့ မေလ ၁၁ ရက် မနက်ပိုင်းမှာ ပစ်ခတ်ခဲ့လို့ သေဆုံးပြီးနောက် အမျိးသမီးတဦးအပါအဝင် ဒေသခံအချို့ကို စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်လို့ [ဆက်လက်ဖတ်ရှုရန်]