နိုင်ငံရေး

နေပြည်တော်က အင်န်အယ်လ်ဒီအမတ် ဦးကျော်မင်းလှိုင် အိုးဘိုထောင်က ပြန်လည်လွတ်မြောက်လာ

ဧပြီ ၊ ၇ နေပြည်တော် ဥတ္တရသီရိမြို့နယ်က ရွေးကောက်ပွဲအနိုင်ရ အင်န်အယ်လ်ဒီအမတ် ဦးကျော်မင်းလှိုင်ဟာ ဒီကနေ့ မန္တလေးအိုးဘိုထောင်ကနေပြန်လည်လွတ်မြောက်လာတယ်လို့ ပါတီနဲ့ မိသားစုနဲ့ နီးစပ်သူတွေက DNA ကိုပြောပါတယ်။ ‘’ဒီနေ့ မနက်လွတ်တယ်။ နေပြည်တော်ကို ပြန်သွားပါတယ်’’ လို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

KBC ဥက္ကဌဟောင်းကို စစ်ကောင်စီတရားရုံးက ထောင်ဒဏ် ခြောက်နှစ်ချမှတ်

ဧပြီ ၊ ၇ ကချင်ဘာသာရေးခေါင်းဆောင်တဦးဖြစ်တဲ့ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC)ဥက္ကဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီ တရားရုံးက ထောင်ဒဏ် ခြောက်နှစ်ချမှတ်လိုက်တယ်လို့ KBC နဲ့ နီးစပ်သူတွေထံမှာ သိရပါတယ်။ စစ်ကောင်စီရဲ့ မြစ်ကြီးနားတရားရုံးက ဒေါက်တာခလမ်ဆမ်ဆွန်ကို စွပ်စွဲဆွဲဆိုထားတဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မန္တလေးမှာ ဒုရဲတပ်ကြပ်တဦး သေနတ်နဲ့ ပစ်ခံရလို့ သေဆုံး

ဧပြီ ၊ ၇ မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ အောင်ချမ်းသာကျေးရွာမှာ စစ်ကောင်စီလက်အောက်ခံ ဒုရဲတပ်ကြပ်တဦး ယူနီဖောင်းနဲ့ ကွမ်းယာထွက်ဝယ်စဉ် ဦးခေါင်းကို သေနတ်နဲ့ ပစ်ခတ်ခံရပြီး နေရာမှာတင် သေဆုံးသွားကြောင်း စစ်အုပ်စုနဲ့ နီးစပ်သူများထံမှာ သိရပါတယ်။ မနေ့က ဧပြီ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မြ၀တီ-ကော့ကရိတ် အာရှလမ်းမကြီးအသုံးပြုခွင့် နှစ်ပတ်ကြာပိတ်၊ထိုင်း-မြဝတီကုန်စည်စီးဆင်းမှုရပ်တန့်

ဧပြီ၊ ၇ ကရင်ပြည်နယ်၊ မြ၀တီ-ကော့ကရိတ် အာရှလမ်းမကြီးတဝိုက်မှာဖြစ်နေတဲ့စစ်ရေးအခြေအနေ တွေကြောင့်  အဲ့ဒီလမ်းကို ဒီက နေ့ကစလို့ နှစ်ပတ်ကြာ အသုံးမပြုဖို့ ကရင်ပြည်နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဆယ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။  မြဝတီနဲ့ ကော့ကရိတ်မြို့နယ်တွေအတွင်းမှာ  မတ်လ ၂၅ရက်ကစလို့ တိုက်ပွဲတွေဆက်တိုက်ဖြစ်နေပြီး စစ် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

နန့်ယားဂိတ်ကို စစ်အုပ်စုက ပိတ်ထားတဲ့အတွက် ဖားကန့်မှာ စက်သုံးဆီအပါအဝင် ကုန်ဈေးနှုန်းကြီးမားနေ

ဧပြီ၊ ၇ ကချင်ပြည်နယ် ၊ဖားကန့်မြို့နယ်ရှိ နန့်ယားဂိတ်ကို စစ်အုပ်စုက ပိတ်ပင်ထားသလို အချိန်အကန့်အသတ်နဲ့သာဖြတ်သန်းခွင့်ပြုနေတဲ့ အတွက် ဖားကန့်မြို့မှာ စက်သုံးဆီအပါအဝင် အခြေခံစားသောက်ကုန်တွေမှာ ကုန်ဈေးနှုန်းကြီးမားနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ကာမိုင်းနဲ့ ဖားကန့်သွားကားလမ်းပေါ်ရှိ နန့်ယားစစ်ဆေးဂိတ်ကို စစ်အုပ်စုက ပြီးခဲ့တဲ့ ၃ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

သွေးကင်ဆာ ရောဂါ ခံစားနေရတဲ့ အီတလီ ဝန်ကြီးချုပ်ဟောင်း ဘာလူစကိုနီ

ဧပြီ၊ ၇ အီတလီ ဝန်ကြီးချုပ်ဟောင်း ဆီဗီယို ဘာလူစကိုနီဟာ သွေးကင်ဆာ ရောဂါ စွဲကပ်ပြီး ဆေးရုံတက် ကုသမှု ခံယူနေရကြောင်း သိရပါတယ်။  ဧပြီ ၅ ရက်က ဘာလူစကိုနီရဲ့ ကျန်းမာရေး အခြေအနေ ရုတ်တရက် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

လူတစ်ဆယ်ဦးနဲ့အတူ ပျောက်ဆုံးနေတဲ့ ဂျပန် စစ်ရဟတ်ယာဉ်ရဲ့ အပျက်အစီးတွေ ပင်လယ်ပြင်မှာ ရှာတွေ့

ဧပြီ၊ ၇ လူ ၁၀ ဦးနဲ့အတူ ပင်လယ်ပြင်မှာ ပျောက်ဆုံးသွားတဲ့ ဂျပန် စစ်ဘက် ရဟတ်ယာဉ်ကို လိုက်လံ ရှာဖွေရာမှာ အပျက်အစီး အစိတ်အပိုင်း တချို့ကို စတင်ရှာတွေ့နေပြီလို့ သိရပါတယ်။  အိုကီနာဝါ ကမ်းလွန် ပင်လယ်ပြင်မှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရွှေဝါရောင်ဆရာတော်ဦးဇင်းပုရစ်အပါအဝင်နိုင်ကျဉ်းတချို့ပြန်လည်လွတ်မြောက်လာ

ဧပြီ၊ ၇ ရွှေဝါရောင် တော်လှန်ရေး ဦးဆောင်သံဃာတပါးဖြစ်ပြီး ဦးဇင်းပုရစ်လို့လည်းလူသိများတဲ့ ဆရာတော် ဦးစန္ဒာသီရိ အပါအဝင် နိုင်ငံရေးအကျဉ်းသားတချို့လျှော့ရက်နဲ့ ဒီကနေ့ အကျဉ်းထောင်အသီးသီးကနေပြန်လည် လွတ် မြောက်လာကြတယ်လို့ နိုင်ငံရေးအကျဉ်းသားအသိုင်းအဝိုင်းကသိရပါတယ်။ လက်ရှိအထိ ဒီကနေ့ပြန်လွတ်လာသူတွေထဲမှာ ဆရာတော်ဦးစန္ဒာသီရိအပြင် မကွေးမြို့က အာဏာရှင် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကလေးမြို့မှာစစ်ကောင်စီတပ်က ဘုရားကျောင်းအလှူငွေတွေယူဆောင်၊လူမျိုးရေးခွဲခြားတဲ့စာတွေရေးသားထားခဲ့

ဧပြီ၊ ၇ ကလေးမြို့နယ်မြောက်ပိုင်း ၊ပျဥ်းတောဦးကျေးရွာမှာ စစ်ကောင်စီစစ်ကြောင်းက လူနေအိမ် လေးလုံး၊ စပါးကျီတလုံးကိုမီးရှိူ့ဖျက်ဆီးပြီး ကျေးရွာတွင်းက ပစ္စည်းတွေယူဆောင်ကာ လူမျိုးရေးခွဲခြားတဲ့စာတွေလည်း အဆောက်အဦး နံရံတွေမှာရေးသားထားခဲ့တယ်လို့ဒေသခံတွေဆီကသိရပါတယ်။ ” ညောင်ကုန်း၊လက်ပံချောင်းကတော့ ဘုရားကျောင်းရော၊အိမ်တွေရော အကုန်မွှေတာပဲ။ သူတို့ဒီလိုမွှေနောက်ပြီးယူတာက အဆန်းမဟုတ်တော့ပါဘူးဗျာ” လို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

လျှပ်စစ်မီးမမှန်တာနဲ့ CNG ဂတ်စ် အခက်အခဲကြောင့် YBS ယာဉ်လိုင်းတွေစီးရေလျှော့ချပြေးဆွဲ

ဧပြီ၊ ၇ လျှပ်စစ်မီးပြတ်တောက်မှုအခြေအနေနဲ့ CNG ရရှိမှုအခက်အခဲတွေကြောင့် မြို့တွင်းပြေးဆွဲနေတဲ့ YBS ခရီး သည် တင်ယာဉ်လိုင်းတွေက အစီးရေ လျှော့ချမှုတွေရှိလာတယ်လို့ YBS ယာဉ်မောင်းတွေဆီကသိရပါတယ်။ ပြီးခဲ့တဲ့ မတ်လနောက်ဆုံးအပတ်ကနေအခုဧပြီလပထမပတ်အထိ အချိန်နှစ်ပတ်တာအတွင်း လျှပ်စစ်မီးပြတ် တောက်ချိန်တွေဟာဆိုးရွှားဆုံးဖြစ်နေပြီးCNG ဂတ်စ်ဖြည့်သွင်းရာမှာလည်း [ဆက်လက်ဖတ်ရှုရန်]