နိုင်ငံရေး

မော်လမြိုင်၊ သထုံနဲ့ ပေါင်မြို့နယ်တွေမှာ စစ်ကောင်စီက တပတ်အတွင်း ဆယ်ဦးထက်မနည်းဖမ်းဆီး

မတ်၊ ၁၃ မွန်ပြည်နယ်က မော်လမြိုင်၊ သထုံနဲ့ ပေါင်မြို့နယ်တွေမှာစစ်ကောင်စီတပ်ဖွဲ့တွေက ယခုရက်ပိုင်းအတွင်း အဖမ်းအဆီးပိုစိပ်လာပြီး ဖမ်းဆီးခံရတဲ့သူတွေ အများစုက မိသားစုနဲ့ အဆက်အသွယ်ပြတ်နေတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။ ‘’သူတို့အားလုံးကို စစ်ကောင်စီက နေအိမ်မှာ ဧည့်စာရင်းဝင်စစ်ရာမှ အဖမ်းခံရတာ၊ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အာဏာရှင်စနစ်အမြစ်ပြတ်ချုပ်ငြိမ်းတဲ့အထိ တိုက်ပွဲဝင်ဖို့ NUG အပါအဝင် ကျောင်းသားသမဂ္ဂအင်အားစုတွေတိုက်တွန်း

မတ်၊ ၁၃ အာဏာရှင်စနစ်အမြစ်ပြတ်ချုပ်ငြိမ်းဖို့အပါအဝင် တန်းတူညီမျှတဲ့ဖယ်ဒရယ်နိုင်ငံတော်သစ်တည်ဆောက်နိုင်တဲ့အထိဆက်လက်တိုက်ပွဲဝင်ကြဖို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဒီကနေ့ မတ်လ ၁၃ ရက်မှာတိုက်တွန်းပြောကြားလိုက်ပါတယ်။ ရန်ကုန်စက်မှု တက္ကသိုလ်ကျောင်းသားတွေဖြစ်တဲ့ ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ ကျဆုံးသွားခဲ့တဲ့(၃၅)နှစ်မြောက်မှာအမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) အပါအဝင်သက်ဆိုင်ရာတက္ကသိုလ်ကျောင်းသားသမဂ္ဂအသီးသီးနဲ့တကသကျောင်းသားဟောင်းများအင်အားစုတို့ ကသဝဏ်လွှာအသီးသီးထုတ်ပြန်ခဲ့ကြပါတယ်။ အဲ့ဒီ့သဝဏ်လွှာအသီးသီးမှာကိုဖုန်းမော် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လက္ကပင်ကျေးရွာမှာအလောင်းခုနှစ်လောင်းတွေ့၊ ပြည်ကြီးတံခွန်ဆရာတော်အပါအဝင် ခြောက်ဦးပျောက်ဆုံးနေ

မတ်၊ ၁၃ မြင်းမူမြို့နယ်၊လက္ကပင်ကျေးရွာ ကိုစစ်ကောင်စီတပ်တွေကဝင်ရောက်စီးနင်းပြီးနောက် မနေ့ကအချိန်ထိသေဆုံးသူအလောင်း ၇ လောင်းပြန်လည်တွေ့ရှိပြီးပြည်ကြီးတံခွန်ဆရာတော်အပါအဝင် ၆ဦးတပတ်ကြာတဲ့အထိပျောက်ဆုံးနေတယ်လို့ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တွေကပြောပါတယ်။ စစ်ကိုင်းမြို့နယ်၊ တာတိုင်ကျေးရွာ ကဒေသခံ၁၇ ဦးထက်မနည်းကိုပစ်ခတ်ခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ  မြင်းမူမြို့နယ်၊ လက္ကပင်ကျေးရွာကို မတ်လ(၅)ရက်၊နံနက်(၅နာရီ)ခန့်က စတင်ပြီးဝင်ရောက်စီးနင်းခဲ့ချိန်မှာ ဒေသခံအရပ်သားတဦးနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ခြောက်ဦးကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တီးတိန်ဆေးရုံကြီးမှာ တပ်စွဲထားတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရပြီးထွက်ပြေး

မတ်၊ ၁၃ ချင်းပြည်နယ်၊ တီးတိန်မြို့ဆေးရုံကြီးမှာ ခြောက်လ ကြာတပ်စွဲထားတဲ့စစ်အုပ်စုကို ဒေသအခြေစိုက် PDF တပ်ဖွဲ့က စီး နင်းတိုက်ခိုက်ရာမှာ စခန်းစွန့်ခွာထွက်ပြေးသွားကြပြီး ခဲယမ်းနဲ့စစ်အသုံးအဆောင်တချို့သိမ်းဆည်းနိုင်ခဲ့တယ်လို့ PDF-Zolandကသတင်းထုတ်ပြန်ပါတယ်။  တီးတိန်ဆေးရုံထဲ တပ်စွဲထားတဲ့စစ်အုပ်စုကို မတ်လ ၁၂ရက် မနေ့က ညပိုင်းမှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ကောင်စီ ရခိုင်ဝန်ကြီးချုပ် ကစစ် ရှောင်တွေကို နေရပ်မ​ဖြစ်မနေ ပြန်ဖို့ ဖိအားပေး

မတ်၊ ၁၃ အာဏာသိမ်းစစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ဝန် ကြီးချုပ် ထိန်လင်းဟာ ဘူးသီးတောင်မြို့နယ်က စစ်ရှောင်တွေနဲ့တွေ့ဆုံရာမှာ နေရပ်မပြန်မနေရ ပြန်ကြဖို့ ဖိအားပေးပြောဆိုခဲ့တယ်လို့ တွေ့ဆုံပွဲတက်ခဲ့တဲ့ စစ်ရှောင်တွေကပြောပါတယ်။ စစ်ကောင်စီဝန်ကြီးချုပ် ထိန်လင်းဟာ မတ်လ ၁၁ ရက်က ဘူးသီးတောင်မြို့ပေါ်မှာရှိတဲ့ စစ်ဘေးရှောင်ဒုက္ခသည်စခန်းတွေဆီ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပြည်မြို့စစ်ထောက်လှမ်းရေးရုံးမှာ လက်နက်ခဲယမ်းတွေသယ်ယူနေချိန် ပေါက်ကွဲမှုဖြစ်ပြီး သုံးဦးသေ

မတ်၊ ၁၃ ပဲခူးတိုင်း အနောက်ခြမ်း၊ ပြည်မြို့ မင်းကြီးတောင်ပေါ်ရှိ စစ်တပ်ထောက်လှမ်းရေးရုံးမှာ မတ်လ (၁၂)ရက် မနေ့ ညပိုင်းက လက်နက်ခဲယမ်းတွေ သယ်ဆောင်နေရာချနေချိန် ပေါက်ကွဲမှုဖြစ်လို့ သုံးဦးသေဆုံးပြီး လေးဦး ပြင်းထန်ဒဏ်ရာတွေ ရခဲ့တယ်လို့ တပ်တွင်းသတင်းရင်းမြစ်တခုက DNA [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

Blazon ကွန်ဒိုကို စစ်တပ်ကဝင်ရောက်စီးနင်းပြီး အမျိုးသမီးတဦးကို ဖမ်းဆီး

မတ်၊ ၁၃ ရန်ကုန်မြို့၊ကမာရွတ်မြို့နယ် Blazon ကွန်ဒို (ပင်လုံထိပ်ထား စံအိမ်)ကို မနေ့က မတ်လ ၁၂ရက် ညပိုင်းမှာ စစ်ကောင်စီတပ်က အင်အား ၁၅ယောက် ဝန်းကျင်နဲ့ ဝင်ရောက်စီးနင်းခဲ့ပြီး အမျိုးသမီးတဦးကို ဖမ်းဆီးသွားတယ်လို့ အဲ့ဒီကွန်ဒိုနဲ့အနီးရပ်ကွက်ဖြစ်တဲ့ မြေနီကုန်းမြောက်ရပ်ကွက်နေ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ဘက်ခ်မတ် တိုက်ပွဲမှာ ရုရှားရော၊ ယူကရိန်း တပ်တွေပါ အကျအဆုံးများနေ

မတ်၊ ၁၃ ယူကရိန်း အရှေ့ပိုင်းက ဘက်ခ်မတ်မြို့မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း ရုရှားရော၊ ယူကရိန်း တပ်တွေပါ အကြီးအကျယ် ထိခိုက် သေကြေမှုတွေ များပြားနေတယ်လို့ သိရပါတယ်။ ရုရှားဟာ ဘက်ခ်မတ်ကို သိမ်းယူဖို့ အစွမ်းကုန် ကြိုးစားနေပြီး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

မြောက်ကိုရီးယားက ရေငုပ်သင်္ဘော အခြေစိုက် ဒုံးကျည်တွေ စမ်းသပ်ပစ်ခတ်

မတ်၊ ၁၃ မြောက်ကိုရီးယားဟာ ရေငုပ်သင်္ဘော အခြေစိုက် ဒုံးကျည်နှစ်စင်းကို ဂျပန်ပင်လယ်ပြင်ကနေ စမ်းသပ် ပစ်လွှတ်ခဲ့တယ်လို့ သိရပါတယ်။ မတ် ၁၂ ရက် မနက်ပိုင်းက မဟာဗျူဟာ ခရုစ်ဒုံးကျည် နှစ်စင်းကို 8.24 Yongungအဆင့် ရေငုပ်သင်္ဘော [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

ခံစစ်စွမ်းဆောင်ရည် မှတ်တမ်းကောင်းတခု ပိုင်ဆိုင်လာတဲ့ ဘာစီလိုနာ

မတ်၊ ၁၃ ဘာစီလိုနာ အသင်းဟာ စပိန် လာလီဂါ အမှတ်ပေး ပြိုင်ပွဲမှာ ခံစစ် စွမ်းဆောင်ရည်ဆိုင်ရာ စံချိန် မှတ်တမ်းသစ် တခုကို ရေးထိုး စိုက်ထူနိုင်ခဲ့ပါတယ်။ လာလီဂါ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ဘာစီလိုနာဟာ ဆန်မာမက်စ် [ဆက်လက်ဖတ်ရှုရန်]