နိုင်ငံရေး

ယင်းမာပင်မြို့ကိုနှစ်ဖက်ဘက်ညှပ်စစ်ကြောင်းထိုးနေလို့ ဒေသခံခြောက်ထောင်ကျော် စစ်ရှောင်နေရ

ဖေဖေါ်ဝါရီ ၊ ၂၂ စစ်အုပ်ချုပ်ရေး ကြေငြာထားတဲ့ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ကို ဖေဖော်ဝါရီ ၂၂ရက်၊ ဒီကနေ့မှာ စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးနေလို့ ကျေးရွာ (၂၀)ခန့်က လူပေါင်းခြောက်ထောင်ကျော် စစ်ရှောင်နေရတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။   စစ်ကောင်စီတပ်တွေဟာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တွံတေးမှာ စစ်တပ်လက်ချက်နဲ့ တရက်တည်း အရပ်သားနှစ်ဦး သေဆုံး

ရန်ကုန်မြို့၊တွံတေးမြို့နယ်မှာ စစ်ကောင်စီတပ်က ဖေဖေါ်ဝါရီလ ၁၂ရက်နေ့ တရက်တည်းမှာပဲ အရပ်သားနှစ်ဦးကို ရိုက်နှက်ဖမ်းဆီးခေါ်ဆောင် သွားပြီးနောက် သတ်ဖြတ်ခဲ့တယ်လို့ တွံတေးမြို့နယ်ဒေသခံတွေက DNAကိုပြောပါတယ်။ “အဲ့နေ့ကကြားတာက နှစ်ယောက်လုံးကို ​ရှော့လိုက်(သတ်ဖြတ်လိုက်)ပြီး DB(အလောင်း) ပြန်မပေးဘူး သိရတာ၊ နောက်မှ ဆေးရုံပို့တယ်သိရတာ”လို့ တွံတေးမြို့နယ်ဒေသခံတဦးကပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပြည်သူကိုမူးပြီးခေါ်ရစ်တဲ့စမ်းချောင်းအုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရလို့ ဆေးရုံတင်ထားရ

စမ်းချောင်းမြိုနယ်၊ လင်းလွန်းတောင်ရပ်ကွက်၊ ဗားကရာလမ်း၊  ကြည့်မြင်တိုင်ဘူတာ ဝန်ထမ်းလိုင်းခန်းထဲရှိ  အများသုံးအိမ်သာအနီးမှာ ဖေဖော်ဝါရီလ ၂၀ ရက်ည  ၁၁ နာရီကျော်အချိန်မှာပဲ လမ်းလျောက်လာတဲ့လူငယ်တဦးကိုခေါ်ပြီး အော်ဟစ်ပြောဆိုခဲ့တဲ့ အုပ်ချုပ်ရေးမှူးတဦး ပစ်ခတ်ခံခဲ့ရတယ်လို့ သိရပါတယ်။ အဲ့ဒီ့ပစ်ခတ်ခံရသူဟာ စမ်းချောင်းမြို့နယ် လင်းလွန်းတောင် ရပ်ကွက်အုပ်ချုပ်ရေးမှူး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အိမ်မီးရှို့ခံရတဲ့ စစ်ကိုင်းဒေသခံတွေကို ကျပ်နှစ်သိန်းခွဲတန် တန်ဖိုးနည်းအိမ်တွေဆောက်လုပ်လှူဒါန်းပေးနေ

စစ်ကိုင်းတိုင်းအတွင်းမှာ စစ်ကောင်စီ စစ်ကြောင်းတွေက အကြောင်းမဲ့မီးရှို့ဖျက်ဆီးသွားတဲ့ ကျေးရွာတွေမှာ နှစ် လအတွင်း တန်ဖိုးနည်းနေအိမ် သုံးရာဆောက်လုပ်လှုဒါန်းပေးနိုင်ခဲ့တယ်လို့ တန်ဖိုးနည်းနေအိမ် တထောင် ပရော ဂျက်ကို လုပ်ဆောင်နေတဲ့  S&C မီးဘေး စစ်ဘေးပညာ ရေး ကူညီစောင့်ရှောက်ရေး အဖွဲ့ [ဆက်လက်ဖတ်ရှုရန်]

အယ်ဒီတာနှင့် ပေးစာ ပြန်စာ 

ဖက်ဒရယ်ရေးရာ အယ်ဒီတာနှင့် ပေးစာပြန်စာ

ဒီတစ်ပတ်မှာတော့ — အယ်ဒီတာအဖွဲ့ထံ မေးခွန်းတစ်ခု ရောက်ရှိလာပါတယ်။ အဲဒီ့ မေးခွန်းကို ဧရာဝတီတိုင်းက ကိုလင်းမြတ်က မေးမြန်းထားတာဖြစ်ပါတယ်။ မေးခွန်းကတော့ — ဖက်ဒရယ်နဲ့ ကွန်ဖက်ဒရေးရှင်း ဘယ်လို ကွာခြားသလဲဆိုတာကို အရှင်းဆုံး ပြောပြဖို့ မေးမြန်းထားတာဖြစ်ပါတယ်။  တကယ်တော့ [ဆက်လက်ဖတ်ရှုရန်]

အယ်ဒီတာ့ အာဘော်

ရှမ်း

၂၀၀၄ ခု သုတေသနအရ ရှမ်းခေါ် တိုင်းစကားကို ပြောတာ သန်းပေါင်း ၉၀ ရှိတယ်။ ကမ္ဘာမှာ အပြောများဆုံး ဘာသာစကားတွေထဲမှာ အမှတ်စဉ် ၁၃ မှာ ရှိတယ်။ အာရှမှာတော့ အမှတ်စဉ် (၆) မှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

မြောက်ကိုရီးယား စားနပ်ရိက္ခာ အကျပ်အတည်းက စိုးရိမ်ရတဲ့အဆင့် ရောက်လာတယ်လို့ ယုံကြည်ရ

မြောက်ကိုရီးယား နိုင်ငံရဲ့ စားနပ်ရိက္ခာ အကျပ်အတည်းဟာ ဆိုးသထက် ဆိုးလာနေတယ်လို့ လေ့လာ စောင့်ကြည့်သူတွေက သတိပေး ပြောကြားခဲ့ပါတယ်။ ကိုရီးယားကျွန်းဆွယ် မြောက်ပိုင်းက အထီးကျန် ကွန်မြူနစ် နိုင်ငံဟာ ဆိုးရွားတဲ့ စားနပ်ရိက္ခာ ပြတ်တောက်မှုတွေနဲ့ သိပ်ပြီးတော့ မစိမ်းလှပါဘူး။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ယူကရိန်းကို AMX တိုက်လေယာဉ် အဟောင်းတွေ ထောက်ပံ့မှာ မဟုတ်ကြောင်း အီတလီ အတည်ပြု

ယူကရိန်းကို တိုက်လေယာဉ် အဟောင်းတွေ ထောက်ပံ့ ပေးပို့သွားမယ်ဆိုတဲ့ ထင်ကြေး ကောလာဟလတွေကို အီတလီ အစိုးရက ယတိပြတ် ငြင်းဆိုလိုက်ပါတယ်။ ဖေဖော်ဝါရီ ၂၁ ရက်က ယူကရိန်းနိုင်ငံ၊ ကိယက်ဗ်မြို့တော်ကို သွားရောက်ပြီး ယူကရိန်း သမ္မတ ဗိုလိုဒီမာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

သူနာပြု-သားဖွားဆရာမအင်အားမလုံလောက်လို့ သင်တန်းကျောင်းတွေကို စစ်ကောင်စီအချိန်အစောဖွင့်

စစ်အာဏာသိမ်းယူထားတဲ့ ၂ နှစ်တာအတွင်း CDM သူနာပြုနဲ့သားဖွားဆရာ/ဆရာမ အင်အားမလုံလောက်တာကြောင့် သူနာပြု-သားဖွားဒီပလိုမာသင်တန်းတွေကို လာမဲ့ဧပြီလမှာအချိန်စောဖွင့်လှစ်လာတယ်လို့ CDM သူနာပြုအသိုင်းအဝန်းထံကသိရပါတယ်။ သူနာပြု-သားဖွားဒီပလိုမာသင်တန်းတွေကို ပုံမှန်အားဖြင့် ဖေဖော်ဝါရီလမှာ လျှောက်လွာလက်ခံပြီး အောက်တိုဘာလမှစတင်တက်ရောက်ရပေမယ့်ဒီနှစ်မှာတော့ဧပြီလ ၈ရက်မှာစတင်ဖွင့်လှစ်မှာပါ။ “သူနာပြု-သားဖွားသင်တန်းတွေ​ထပ်ခေါ်တဲ့သဘောကဝန်ထမ်းအင်အားမလုံလောက်တာအဓိကဖြစ်နေတယ်။သင်တန်းတက်ခွင့်ရမဲ့အရေအတွက်ကအရမ်းကိုနည်းတယ်။အဲတာတွေကြောင့်သင်တန်းအချိန်စောဖွင့်တာလို့ပြောလို့ရတယ်။အရင်ကတော့အခုလိုမျိုးမဖွင့်ဘူးပေါ့။ဒီနှစ်ကျမှစောဖွင့်တဲ့သဘောဖြစ်နေတယ်” လို့မော်လမြိုင်မြို့ခံ CDMသူနာပြုဆရာမတဦးကပြောပါတယ်။ တနိုင်ငံလုံးမှာကျန်းမာရေးဝန်ထမ်းပေါင်း [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

နျူကလီးယား ကန့်သတ်ရေး သဘောတူညီမှုကို ရပ်ဆိုင်းဖို့ ရုရှားဆုံးဖြတ်

နျူကလီးယားလက်နက် ကန့်သတ်ရေးဆိုင်ရာ အမေရိကန်နဲ့ နောက်ဆုံးလက်ကျန် သဘောတူ စာချုပ်ကို ရပ်ဆိုင်းဖို့ ရုရှားက ခြေလှမ်းပြင်လာခဲ့ပါတယ်။ STARTလို့ အတိုကောက် ခေါ်ဝေါ်တဲ့ နျူကလီးယား လက်နက် လျှော့ချရေးဆိုင်ရာ စာချုပ်ကို သက်တမ်းတိုးဖို့ သူ့နိုင်ငံရဲ့ ညှိနှိုင်းမှုတွေကို ဆိုင်းငံ့ထားစေမှာ [ဆက်လက်ဖတ်ရှုရန်]