နိုင်ငံရေး

စစ်တပ်ကဖမ်းဆီးထားတဲ့ ပရဟိတ၊ စာရေးဆရာမဒေါ်သန်းမြင့်အောင် ပြန်လွတ်မြောက်လာတယ်လို့သတင်းတွေထွက်ပေါ်

စစ်အာဏာသိမ်းတဲ့နေ့ကတည်းက စစ်တပ်ကဖမ်းဆီးသွားတဲ့ ရန်ကုန်တိုင်း၊ စည်ပင်သာယာရေး ကော်မတီဝင်၊ ပရဟိတစာရေးဆရာမ ဒေါ်သန်းမြင့်အောင်ဟာ ဒီကနေ့ဇန်နဝါရီ ၄ ရက်နေ့ မှာစစ်ကောင်စီလွတ်ငြိမ်းခွင့်နဲ့ ပြန်လည်လွတ်မြောက်လာတယ်လို့မိသားစုနဲ့နီးစပ်သူတွေကပြောပါတယ်။   ဒါ့အပြင် ဒီကနေ့ ဇန်နဝါရီ ၄ရက်ရဲ့ စစ်ကောင်စီရဲ့ လွတ်ငြိမ်းမှာ ဆရာမဒေါ်သန်းမြင့်အောင်အပြင် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကြာအင်းဆိပ်ကြီးမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုဆက်တိုက်လုပ်နေ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းစစ်ကောင်စီတပ်နဲ့ KNLAပူးပေါင်းတပ်ဖွဲ့များကြားထိတွေ့တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်လုပ်နေတယ်လို့ မြေပြင် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက DNA ကိုပြောပါတယ်။ ” တိုက်ပွဲကတော့အတော်ကြမ်းနေတယ်၊မြေပြင်အ​ခြေအနေကလှုပ်ရှားနေတုန်းပဲဆိုတော့တချို့အပိုင်းတွေပြောလို့မရသေးဘူး၊နေရာကသုံးနေရာခွဲတိုက်နေတာဆိုတော့အတော်ဖြစ်နေတယ်၊သူတို့ဖက်က လေကြောင်းပစ်နေတာတော့တောက်လျှောက်ပဲ”လို့ မြေပြင် စစ်ရေးလှုပ်ရှားမှုတွေမှာ လက်ရှိပါဝင်နေတဲ့KNLA ပူးပေါင်းတပ်ဖွဲ့ဝင်တဦးကပြောပါတယ်။ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းက စစ်တပ်အ ခြေစိုက်စခန်းတွေဖြစ်တဲ့ခလရ (၂၈၃)၊ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မန္တလေးတိုင်း အတွင်းက အကျဉ်းသား တထောင့်သုံးရာ ကျော်လွှတ်ဖို့ရှိတယ်ဆိုလို့ စောင့်ဆိုင်းနေကြ

မန္တလေးတိုင်း အတွင်းက အကျဉ်းထောင်အသီးသီးမှာ အကျဉ်းသား ၁၃၀၀ ကျော်လောက် ဒီကနေ့ ဇန်နဝါရီ ၄ရက်နေမှာ လွှတ်ဖို့ရှိတယ်လို့ အကျဉ်းထောင်နဲ့နီးစပ်သူတွေဆီကသိရပါတယ်။   အဲဒီအထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ ဘယ်လောက်အထိ ပါလာမလဲဆိုတာတော့ မသိရသေးဘူးလို့ဆိုပါတယ်။   ဒီကနေ့မှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

နှစ်ပေါင်း ၁၀၀ အတွင်း ပထမဆုံးအကြိမ် ဥက္ကဋ္ဌမရှိဘဲ ဖြစ်နေတဲ့ အမေရိကန် အောက်လွှတ်တော်

အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ နေရာအတွက် လူသစ်တစ်ဦး ရွေးချယ်တင်မြှောက်နိုင်မှု မရှိတဲ့နောက် လွှတ်တော်ထဲမှာ ရှုပ်ထွေးတဲ့ အခြေအနေတွေ ဖြစ်ပေါ်နေပါတယ်။ နှစ်သစ်မှာ လွှတ်တော်သစ် ကျင်းပမယ့် အချိန်ဟာ ပြီးခဲ့တဲ့ နို​ဝင်ဘာ ရွေးကောက်ပွဲမှာ အောက်လွှတ်တော်ကို ပြန်လည် [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

သူ့ကို ခေါ်ယူချင်တဲ့ အသင်းတွေ အများကြီး ရှိခဲ့တယ်လို့ ဆော်ဒီရောက် ရော်နယ်လ်ဒို မှတ်ချက်ပေး

သူ့ကို ခေါ်ယူလိုတဲ့ ကလပ်အသင်းတွေ အများကြီး ရှိတဲ့အထဲကမှ အယ်လ်နက်ဆာကို ရွေးချယ်ခဲ့တာ ဖြစ်တယ်လို့ ခရစ္စတီယာနို ရော်နယ်လ်ဒိုက ပြောကြားခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက်နဲ့ စာချုပ် ဖျက်သိမ်းခဲ့တဲ့နောက် အသင်းလက်မဲ့ ဖြစ်နေတဲ့ ပေါ်တူဂီ တိုက်စစ်မှူးဟာ အခုအခါမှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်တွေမြို့ပေါ်မှာ ပစ်ခတ်မှုဖြစ်ပြီးလူသုံးဦး သေဆုံး

ရခိုင်ပြည်နယ် မြို့တော် စစ်တွေမြို့ပေါ်မှာ အမည်မသိ သေနတ်သမားတွေရဲ့ ပစ်ခတ်မှုကို ခံရလို့ အိမ် စီးကားပေါ်မှာရှိနေတဲ့ အမျိုးသား သုံးဦး သေဆုံး သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။   ဒီကနေ့ ဇန်ဝါရီလ ၄ ရက်နေ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အလယ်လျိုရွာမှာစစ်တပ်ကသတ်ဖြတ်ခဲ့သူ ရှစ်ဦးမှာအသက်မပြည့်သေးသူတွေနဲ့ အမျိုးသမီးတွေလည်းပါဝင်

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် အလယ်လျိုကျေးရွာမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်နေ့က စစ်ကောင်စီစစ်ကြောင်းထိုးနေချိန် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရတဲ့ ဒေသခံ ၈ဦးရဲ့ရုပ်အလောင်းတွေကို ခင်ဦးသတင်းမှန်ပြန်ကြားရေးက ဒီကနေ့ ဇန်နဝါရီ ၄ရက်မှာထုတ်ပြန်လာပါတယ်။   စစ်တပ်နဲ့ ပျူစောထီးတွေ အလယ်လျိူကျေးရွာကို စစ်ကြောင်းထိုးပစ်ခတ်ဝင်ရောက်လာပြီး [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

ပင်နယ်တီနှစ်လုံး မရလို့ စိတ်ပျက်မိကြောင်း အာဆင်နယ် မန်နေဂျာပြော

နယူးကာဆယ် ယူနိုက်တက်နဲ့ သရေကျခဲ့တဲ့ ပွဲစဉ်မှာ ရသင့်ရထိုက်တဲ့ ပင်နယ်တီတွေ မျက်ကွယ်ပြုခံရလို့ စိတ်ပျက်မိကြောင်း အာဆင်နယ် မန်နေဂျာ မစ်ကယ် အာတီတာက ပွင့်ပွင့်လင်းလင်း ထုတ်ပြောခဲ့ပါတယ်။ အင်္ဂလန် ပရီးမီးယားလိဂ်မှာ လက်ရှိ ချန်ပီယံ မန်ချက်စတာ စီးတီးကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တော်လှန်ရေးအဖွဲ့တွေ လူမှန်နေရာမှန်ဖြစ်ရေး ပြန်သုံးသပ်ဖို့ သမ္မတဒူဝါလရှီးလ တိုက်တွန်း

စစ်အာဏာရှင်ဖြုတ်ချရေး လုပ်ဆောင်ရာမှာ အဖွဲ့အစည်းဆိုင်ရာ ကိစ္စတွေမှာ လူမှန်နေရာမှန်ဖြစ်ရေး အဓိကဦး စားပေး သုံးသပ်ကြဖို့ ယာယီ သမ္မတ ဒူဝါလရှီးလက တိုက်တွန်းလိုက်ပါတယ်။ “အတိတ်သမိုင်းကြောင်းကို ကြည့်ရင် လူနဲ့မူ ပြဿနာဟာ ကြီးကြီးမားမား ရှိခဲ့တယ်ဆိုတာကို တွေ့ရပါတယ်၊ အ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တိုက်ပွဲတွေကြားက လူထုသပိတ်စစ်ကြောင်းများ

အာဏာသိမ်းစစ်ကောင်စီကို လက်နက်စွဲကိုင် တော်လှန်တိုက်ခိုက်မှုတွေ နိုင်ငံတဝှမ်းမှာ မြင့်တက်နေသလို တချိန်တည်းမှာပဲ အာဏာသိမ်းမှုကို လက်မခံဆန့်ကျင်ကြောင်း ထုတ်ဖော်ပြသတဲ့ လူထုသပိတ်လှုပ်ရှားမှုတွေလည်း နိုင်ငံအနှံ့မှာ ဆက်ရှိနေပါတယ်။ လက်ရှိအချိန်အထိ အဆက်မပြတ် သပိတ်စစ်ကြောင်း လှုပ်ရှားမှုရှိနေတဲ့ ဒေသတွေထဲက အများစုဟာ စစ်ကိုင်းတိုင်းက ဖြစ်ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]